Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Sunday, November 3, 2013
Thursday, October 17, 2013
ခင်နန္ဒာ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏ ပထမဦးဆုံးဘုရားဖူးအဖွဲ့ ဘေးကင်းလုံခြုံစွာဖြင့် အိမ်ပြန်
ဘုရားဖူးခရီးသည် (၃၂) ဦးဖြင့် ခင်နန္ဒာ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည်
အောက်တိုဘာလ (၄)
ရက်နေ့ အိန္ဒိယနိုင်ငံသို့ ဘုရားဖူးရောက်ရှိလာသည်။ လွန်ခဲ့သော ဂျူလိုင်လ (၇) ရက်နေ့ ဗုဒ္ဓဂယာမှာ လက်လုပ်ဗုံးများ
ပေါက်ကွဲပြီးနောက် ယခုနှစ် ဘုရားဖူးရာသီအတွင်း အဆိုပါ ခရီးသွားလုပ်ငန်း၏ ပထမဦးဆုံး
လာရောက်သော အဖွဲ့ ဖြစ်သည်။ ယင်းဗုံးပေါက်မှုကြောင့်
ယခုနှစ် ဘုရားဖူး ရာသီအတွင်း ဘုရားဖူးခရီးသည်များ နည်းပါးသွားလိမ့်မည်ဟု ခန့်မှန်း
ပြောဆိုမှုများ ရှိနေခဲ့သော်လည်း ယခုအခါ ဗုဒ္ဓဂယာနှင့် တခြား ဗုဒ္ဓဘာသာများ အထွတ်အမြတ်ထားရာ
နေရာတော်များ၌ မြန်မာအပါအ၀င် ထိုင်း၊ ကမ္ဗောဒီးယား
စသော ဗုဒ္ဓဘာသာနိုင်ငံများမှ ဘုရားဖူးခရီးသည်များဖြင့် စည်ကား သိုက်မြိုက်လျက် ရှိကြောင်း
သိရသည်။
| ဘုရားဖူးခရီးသည်များ ဗောဓိသုခဆရာတော်အား ကန္တော့နေစဉ် |
ခင်နန္ဒာ အပြည်ပြည်ဆိုင်ရာ ဘုရားဖူးလုပ်ငန်းသည် လွန်ခဲ့သောနှစ်က လူပေါင်း
တထောင်ကျော် ဘုရားဖူးပို့ဆောင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဘုရားဖူးခရီးသည် ၁၆၀၀ ကျော်ခန့်
ပို့ပေးနိုင်လိမ့်မည်ဟု ယင်းဘုရားဖူးလုပ်ငန်း၏ Managing Director မခင်နန္ဒာက ဆိုသည်။
ယခုအခါ ခင်နန္ဒာအပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏ လူပေါင်း (၃၂) ဦးပါဝင်သော
အဆိုပါ ပထမဦးဆုံးအဖွဲ့သည် သံဝေဇနိယ (၄) ဌာန၊ အ၀ိဇိဟိတ (၄) ဌာနတို့ကို ဘေးကင်း
လုံခြုံစွာ ဘုရားဖူးပြီးပြီဖြစ်၍ (၁၇-၁၀-၁၃) နေ့ ကိုးလ်ကတ္တားမြို့ ဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်၌
တစ်ညတာ တည်းခိုကာ ယနေ့ (၁၈-၁၀-၂၀၁၃) အိန္ဒိယ လေကြောင်းလိုင်း AI 277 ဖြင့် ကိုးလ်ကတ္တားမှ
ရန်ကုန်သို့ တိုက်ရိုက် ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။
Labels:
သတင်း
Thursday, September 19, 2013
မေသူုမောင်ဘုရားဖူးအဖွဲ့ အိန္ဒိယနိုင်ငံသို့ရောက်ရှိ
မြန်မာနိုင်ငံမှ ဒေါ်မေသူမောင် ဦးဆောင်သော
မေသူမောင် ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း သည်
ဘုရားဖူးဧည့်သည် (၃၂) ဦးဖြင့် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့
အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ၁၃-၉-၂၀၁၃ နေ့စတင်ရောက်ရှိ လာကြောင်းသိရသည်။ လွန်ခဲ့သော ဇူလိုင်လ (၇) ရက်နေ့က ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီ နောက်
မြန်မာနိုင်ငံမှ ယခုနှစ်ဘုရားဖူး ရာသီ အစတွင် အစောဆုံးရောက်ရှိလာသော အဖွဲ့ဖြစ်သည်။ သတင်းများအရ
ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်အတွင်း ဗုံးပေါက်ကွဲ မှုများဖြစ်ပွားခြင်းကြောင်း နိုင်ငံတကာမှ
ဘုရားဖူးများ အရောက်နည်းပါးသွား နိုင်ကြောင်း ခန်းမှန်းပြောဆိုမှုများရှိခဲ့သည်။ ဗုဒ္ဓဂယာဘုရားဖူးများ
နည်းပါးသွားနိုင်ကြောင်း ခန့်မှန်းမှုများရှိခဲ့သော်လည်း ယခုအခါ ထိုင်း၊ သီရိလင်္ကာ၊
![]() |
| ၁၃-၉-၁၃
နေ့ မေသူမောင် ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့အား ကိုလ်းကတ္တားမြို၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ် |
Labels:
သတင်း
Wednesday, August 28, 2013
Wednesday, August 14, 2013
ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ဟိန္ဒူဘုန်းကြီးတစ်ပါးအား ဖမ်းဆီးထား
ဇူလိုင်လ (၇) ရက်နေ့ ဗုဒ္ဓဂယာမှာ လက်လုပ်ဗုံး ၁၀ လုံး ပေါက်ကွဲမှုနှင့်
ဆက်စပ်ပြီး အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အဖွဲ့က (National Investigation
Agency) (NIA) အရူ-ပ် ဗြဟ္မစာရီ အမည်ရှိ ဟိန္ဒူဘုန်းကြီးတစ်ပါးကို မနေ့က (ဗုဒ္ဓဟူးနေ့)
ဖမ်းဆီးလိုက်သည်။
NIA အဖွဲ့က ဗုံးပေါက်ကွဲပြီးနောက် ထွက်ပြေးနေသော အရူ-ပ် ဗြဟ္မစာရီကို
ယမန်နေ့က ဖမ်းဆီးထားကြောင်း ဗုဒ္ဓဂယာရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။ အနောက်ဘင်္ဂလားပြည်နယ်မှ
ထွက်ခွါလာပြီး ယခု ဗုဒ္ဓဂယာမှာ နေထိုင်နေသူ ယင်းဘုန်းကြီးကို ယခုအခါ ဂယာမြို့ရှိ ရမ်ပူ
ရဲစခန်းမှာ ထိန်းသိန်းထားကြောင်း၊ ယခုအခါ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း၊ သို့ရာတွင်
ဗုံးဖောက်မှုနှင့် ပတ်သတ်၍ ယခုထိ ရှင်းလင်းပြတ်သားစွာ မသိရသေးကြောင်း Hindustan
Times သတင်းစာက ဆိုသည်။ အရူ-ပ် ဗြဟ္မစာရီသည် ဗုဒ္ဓဂယာ မဟာဗောဓိ ဂေါပကအဖွဲ့
(Mahabodhi Temple Management Committee) အား၎င်း၊ ဗုဒ္ဓဂယာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများအားလုံးအား၎င်း
အင်တာနက်စာမျက်နှာပေါ်မှာ အမြဲတမ်း တိုက်ခိုက်ရေးသားသူ ဖြစ်ကြောင်းလည်း သိရသည်။
မဟာဗောဓိစေတီတော် လုံခြုံရေးအတွက် တစ်လလျှင် ရူပီးငွေ သိန်း
၅၀ အကုန်အကျခံ၍ ဗဟိုရ်အစိုးရမှ ၂၆၁ ဦးသော (CISF) (Central Industrial Security
Force) လုံခြုံရေးအရာရှိများ ချထားလျက် ရှိကြောင်း သိရသည်။
Labels:
သတင်း
Friday, August 9, 2013
ဗုဒ္ဓဂယာ၌ ဘုရားဖူးများအတွက် လုံးဝ ဘေးကင်း လုံခြုံလျက်ရှိ
မဟာဗောဓိစေတီတော်ကြီး အုပ်ချုပ်ရေးဂေါပကအဖွဲ့ (Bodhgaya
Temple Management Committee (BTMC)) အတွင်းရေးမှူးဖြစ်သူ N Dorje က ဗုဒ္ဓဂယာစေတီတော်သို့
နိုင်ငံခြားဘုရားဖူးများ၊ တိုးရစ်များ ယခုအခါ စတင်လာရောက်စပြုနေပြီဖြစ်ကြောင်း အင်္ဂါနေ့က
ပြောကြားလိုက်သည်။ လွန်ခဲ့တဲ့လက ဗုံးပေါက်ကွဲမှုကြောင့် ကမ္ဘာတလွှား အကြောက်တရား တိုးပွါးသွားတာကို
နည်းနိုင်သမျှနည်းအောင်နှင့် လုံခြုံရေးတတ်နိုင်သမျှချပေးထားကြောင်း ၄င်းက
Hindustan Times သတင်းဌာနသို့ ဆက်လက်ပြောကြားခဲ့သည်။ ဗုဒ္ဓဂယာရှိ နိုင်ငံတကာမှ ဘုန်းကြီးကျောင်း
အားလုံးသို့လည်း မိမိတို့နိုင်ငံအသီသီးရှိ တကာ၊ တကာမများအနေဖြင့် ကြောက်လန့်မှု ရှိစရာမလိုအပ်ကြောင်း၊
ဗုဒ္ဓဂယာမှာ ငြိမ်းချမ်းသာယာနေကြောင်း သတင်းကောင်း မျှဝေပေးဖို့ ၄င်းက မေတ္တာရပ်ခံထားသည်။
ဗုံးပေါက်ပြီးနောက် မကြာသေးမှီက ဗုဒ္ဓဂယာသို့ အလည်အပတ်ရောက်ရှိခဲ့သော
ဂုဏ်သရေရှိလူကြီးမင်းတို့၏ အသေးစိပ် အချက်အလက်များကိုလည်း BMTC ၏ ၀က်ဆိုက်မှာ တင်ပေးထားကြောင်း၊
ဗုဒ္ဓဂယာဟာ ပုံမှန် အေးချမ်းသာယာနေပြီး ပုံမှန်အတိုင်း ဘုရားဖူးလာရောက်ကြဖို့ သူက တိုက်တွန်းသွားပါသည်။
N Dorje က ဆက်လက်ပြီး ရဟန်းသံဃာတော်များ၊ လားမားများ၊ ဗုဒ္ဓဘာသာဝင်သူတော်စင်များ
အားလုံး လုံခြုံရေး စည်းကမ်းချက်များကို လိုက်နာဖို့၊ စေတီတော်အတွင်းသို့ ပန်း၊ ဆီမီး၊
နံ့သာတိုင်မှအပ တခြား မိုဘိုင်းဖုန်းများ၊ လက်ကိုင်အိတ်ကြီးများကိုလည်း လုံခြုံရေးလိုအပ်ချက်ကြောင်း
မယူသွားဖို့လည်း တောင်းပန်ပြောကြားသွားသည်။
မှီငြမ်း
သြဂုတ်လ (၇) ရက်နေ့ထုတ် Hindustan Times သတင်းစာမှ
Labels:
သတင်း
Thursday, July 25, 2013
ဗုဒ္ဓဂယာမဟာဗောဓိ၌ ဘုရားဖူးဧည့်သည်များဖြင့် ပုံမှန်စည်ကားလျက်ရှိ
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိ၌
ဘုရားဖူးဧည့်သည်များဖြင့် ပုံမှန်စည်ကားလျက်ရှိကြောင်းသိရသည်။ ၀ါဆိုလည်ပြည့် (၂၂-၇-၂၀၁၃
)နေ့က ညနေ ၆နာရီတွင် ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာရဟန်းတော်အပါး ၁၀၀ကျော်နှင့် လူပုဂ္ဂိုလ်
၁၀၀ခန့်တို့သည် ဆီးမီးတိုင်များ ကိုင်ဆောင်လျက် ဘုရားဂုဏ်တော်၊
တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကို
သံပြိုင်ညီညာရွက်ဆိုကာ မဟာဗောဓိစေတော်မြတ်အား လာရောက်ဖူးမျှော်ကြည်သည်ကိုတွေ့ရကြောင့်
ဗုဒ္ဓဂယာ မဟာဗောဓိပရဟိတကျောင်း ဆရာတော် ဒေါက်တာ ဦးနန္တောဘာသမှ မိန့်ကြားသည်။ အလားတူ
မြန်မာရဟန်းတော်များ၊ တစ်ခြားနိုင်မှ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များကလည်း
ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်မြတ်အားလာရောက် ဖူးမျှော်ကြကြောင်း ၄င်းဆရာတော်မှ မိန့်ကြားပါသည်။
“မိုးတွင်းကာလ ဘုရားဖူးဧည့်သည်နည်းတဲ့ အချိန်ဆိုပေမယ့်လည်း ဘုရားဖူးတွေကတော့ သူ့အတိုင်းအတာနဲ့သူ
| မဟာဗောဓိ၌ ၀ါဆိုလပြည့်နေ့ တွေ့ရစဉ် |
Labels:
သတင်း
Monday, June 3, 2013
Cyclone Giri hit Kyauk Phyu, Arakan
မုန်တိုင်းပြီးစ ကျောက်ဖြူမြို့ အခြေအနေ မုန်တိုင်းပြီးခါစ ကျောက်ဖြူမြို့ အပျက်အစီး တော်တော်များများ ရှိကြောင်း လက်ရှိ ဖုန်းသတင်းများအရ သိရှိရသည်။ မုန်တိုင်း မိုင်နှုန်းရာကျော် ဖြင့်တိုက်ခတ်ခဲ့သောကြောင့် သစ်ပင်များ ပြိုလဲပျက်စီးခြင်း ၊ေ
Labels:
သတင်း
Sunday, June 2, 2013
6th Intensive English Course
ဓမ္မမိတ်ဆွေအပေါင်းတို့-
ဗုဒ္ဓဂယာ၊
မဟာဗောဓိပရဟိတကျောင်းတိုက်အတွင်း၌
ဝါတွင်းကာလ (၆) ကြိမ်မြောက် အင်္ဂလိပ်စာအထူးသင်တန်းကို ကိုးလ်ကတ္တားမြို့၊
ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးလျက် (၂) လ
တိုင်တိုင်ပို့ချသင်ကြားပြသပေးမည်ဖြစ်ပါသည်။
အဆိုပါသင်တန်း၌ ဗုဒ္ဓဘာသာတရားတော်ကို နှစ်ပေါင်း(၂၀)ခန့်လေ့လာပြီး
ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့လာသူ
ဗုဒ္ဓ၏ဇာတ်နိပါတ်တော်များအားလုံးနီးပါးပါဝင်သည့်(Jataka Teles of the
Buddha) စာအုပ်ကို
အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး ၂၅ နှစ်တိုင်တိုင်ရေးသားထုတ်ဝေခဲ့သူ
အမေရိကန်နိုင်ငံသား
ဆရာကြီး ဘဲနက်ကန်နှင့် ၀ိသာခါ က၀ဆကီးတို့ ဇနီးမောင်နှံတို့အပြင်၊
ကျောင်းသားများအကြိုက်ဆုံး
ဆရာ Steve (အမေရိကန်လေယာဉ်ကုမ္ပဏီ Ground Engineer) တို့က
သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို
စိတ်ဝင်စားသူ စာသင်သားရဟန်းသံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ လူပုဂ္ဂိုလ်များအားလုံး
မည်သူမဆို အခမဲ့တက်ရောက်သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သင်တန်းစတင်မည့်နေ့ရက်-၂၄-၇-၂၀၁၃
သင်တန်းစတင်မည့်အချိန်
နံနက် ၈ နာရီမှ ၁၀ ထိ၊ နေ့လည် ၂ နာရီမှ ၄ နာရီထိ။
မေတ္တာဖြင့်-
ဆရာတော် ဒေါက်တာနန္ဒောဘာသ
Labels:
သတင်း
Sunday, May 26, 2013
Monk-robes Offering Ceremony
Dear All Dhamma Friends,
It is our pleasure to inform you that the
devotees of Bodhisukha Parahita Temple are going to organize Monk-robes
Offering Ceremony on 21/11/2010 at 9.00 AM. Monk-robes Offering
Ceremony (Kathina Civara Dana) is widely conducted in Theravada Buddhist
Communities all over the world because of its significance nature. All
devotees near and dear are invited to attend the ceremony. All
devotees are also invited for their contribution for making the ceremony
grand success.
It is our pleasure to inform you that the
devotees of Bodhisukha Parahita Temple are going to organize Monk-robes
Offering Ceremony on 21/11/2010 at 9.00 AM. Monk-robes Offering
Ceremony (Kathina Civara Dana) is widely conducted in Theravada Buddhist
Communities all over the world because of its significance nature. All
devotees near and dear are invited to attend the ceremony. All
devotees are also invited for their contribution for making the ceremony
grand success.
Labels:
သတင်း
Fourth Intensive English Course
Dear Dhamma Friends,We are very happy to announce that Bodhisukha Parahita Temple is going to organize 4th Intensive English Course in association with Buddhist Relief Mission from 15th March to 15th April 2011. We are very happy to get confirmation about the course from our Dayakas –Mr Ken and Visakha Kawasaki, directors of BRM. Ken and Viskha are living a life of literary and education, supporting Buddha Sasana worldwide. Very recently they released a book retold by them “Jataka Tales of the Buddha: An Anthology” published by Buddhist Publication Society, Kandy, Sri Lanka. We are very proud the book is recorded as best fast selling among the books published by BPS. We may use some of the Jataka Tales as text in our Intensive English Course.
All our Dhamma friends from different universities are cordially invited to participate and enrich their English skills.
With Metta,
Ven. Dr. Nando Batha
Labels:
သတင်း
7 Days Intensive Vipassana Meditation Course
7 Days Intensive Vipassana Meditation Course
7
Days Intensive Vipassana Meditation Course taught by the most Venerable
His Holiness Alodawpyeit Sayadaw Baddanta Dr. Ariyavamsa, is being
organized at the Bodhisukha Parahita Temple, Russa Road Young Buddhist
Student Literacy Mission, P.O. Badu, P.S. Barasat, North 24 Parganas,
Kolkata 700 128, West Bengal, India, on and from 9th to 15th January
2010.
India is a land where there was always an influence of an intrinsic human power which we acquire from meditation. This is a process which dates back to the ancient ages. In Pali (ancient Indian Language) Meditation is known as Vipassana. By practicing Vipassana, the power to develop the concentration of mind in turn helps in doing well in life. It is a therapy to bring in peace and tranquility of mind. As our mind and body are closely related, the healthy mind transmits healthy stimulation to the body. Meditation is more relevant in the present day world.
After Meditation course completed, the Sayadaw and his disciples will be visiting to all Buddhist Holy places such Buddhagaya, Sarnath, Kusinara and Lumbini etc.
India is a land where there was always an influence of an intrinsic human power which we acquire from meditation. This is a process which dates back to the ancient ages. In Pali (ancient Indian Language) Meditation is known as Vipassana. By practicing Vipassana, the power to develop the concentration of mind in turn helps in doing well in life. It is a therapy to bring in peace and tranquility of mind. As our mind and body are closely related, the healthy mind transmits healthy stimulation to the body. Meditation is more relevant in the present day world.
After Meditation course completed, the Sayadaw and his disciples will be visiting to all Buddhist Holy places such Buddhagaya, Sarnath, Kusinara and Lumbini etc.
Labels:
သတင်း
Subscribe to:
Posts (Atom)
