ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Wednesday, May 22, 2013

ဆက်သွယ်ရန်

Contact Our full contact address is: Ven. Dr. Nando Batha, Bodhisukha School, Russa Road Young Buddhist Student Literacy Mission, P.O. Badu, P.S. Barasat, North 24 Parganas, Kolkata - 700 128, West Bengal, INDIA. Phone & Fax: +91-33-25263417 Mob: +91-9830053957 Email: ndbatha@gmail.com Web: www.bmission.net; www.bmission.blogspot.com Posted by bmission at 2:52 AM No comments:

လှူဒါန်းရန်

Contribution

သာသနာတော်၌ ကျောင်းများဖြစ်ပေါ်လာခြင်းအကြောင်း တရားတော်-(၁)

Saturday, February 9, 2013

Saturday, March 10, 2012

ဗောဓိသုခ ပရဟိတကျောင်းတိုက်


ဗောဓိသုခ ပရဟိတကျောင်းတိုက်
အမြင့်ဥာဏ်တော် ၂၇ ပေရှိ တိလောက၀ိဇယသယမ္ဘူစေတီတော်

နိဒါန်း



အိန္ဒိယ၏ အရှေ့ဘက် ၀င်ပေါက်ဖြစ်၍ မြန်မာနိုင်ငံ၏ အနောက်ခြမ်းမြို့တော်ဟု ဆိုနိုင်သော ကာလကတ္တားမြို့တော်၊ ပထ၀ီအနေအထား၊ သမိုင်းနောက်ခံနှင့် လက်ရှိသွားလာ၊ ဆက်ဆံရေးများကို ကြည့်လျှင် ဤအတိုင်းပင်ဖြစ်နေကြောင်း ရှင်းပါသည်။ တချိန်က ပွဲစားကြီး ရှစားရွီ ကဲ့သို့သော ရခိုင်ကုန်သည်ကြီးများ စီးပွါးရေးအခြေစိုက်ခဲ့ရာ၊ ရှေးခေတ် မြန်မာကျောင်းသားများ ပညာတော်သင်ခဲ့ရာ၊ မြန်မာနိုင်ငံမှ ဘုရားဖူးမှအစ ကိစ္စကြီးငယ်ဖြင့် ၀င်ထွက်ရောက်ပေါက်မှု အများဆုံးနေရာ၊ ဤမျှရေခံမြေခံကောင်းသော ကာလကတ္တားမြို့တော်တွင် ယနေ့တိုင် မည်သည့် ရခိုင် ဗမာ အခြေချနေထိုင် သူဟူ၍ မရှိသေးခြင်းသည် မြန်မာနိုင်အတွက် အလားအလာကောင်းမဟုတ်ပေ။ “အရိပ်ကောင်း မရှိ၍ ငှတ်အပေါင်း ခိုနားခွင့် မသာခဲ့” သော ဤအခြေအနေပေါ်တွင် ဗောဓိသုခ ပရဟိတကျောင်းတိုက်ကို ကာလကတ္တား တနေရာ၌ တည်ထောင်ခဲ့ကြ ခြင်းဖြစ်သည်။

Sunday, February 12, 2012

ဗုဒ္ဓဂယာ၌ သာသနာ့မြေ လှူဒါန်းနိုင်ပြီ



ဗုဒ္ဓဂါယာ မြေမြတ်မဟာ၌ သာသနာ့ရောင်ဝါ ထွန်းလင်းစေဖို့ သာသနာ့မြေလှူကြစို့
ဤဗုဒ္ဓဂယာဒေသသည် ဘုရားအဆူဆူ ပွင့်ထွန်းတော်မူရာ မြေမြတ်မဟာ ဖြစ်သည်။ နောင်လာမည့် အရိမေတ္တေယျ ဘုရားရှင်သည်လည်း ဤမြေမြတ်မဟာ၌ပင် ပွင့်ထွန်းတော်မူမည်သာဖြစ်သည်။ ထို့ကြောင့် ဤမြေမြတ်မဟာ၌ မြေလှူဒါန်းခြင်းသည် ခုရော နောင်ပါ သာသနာပြုခြင်းပင် ဖြစ်ပါသည်။
ကာလကတ္တားမြို့  ၊ ဗောဓိသုခ ပရဟိတကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးပြီး ဗုဒ္ဓဂါယာမြေမြတ်မဟာ၌ ၃၂၄၀၀ စတုရန်းပေ ကျယ်ဝန်းသော မြေကြီးကို သာသနာ့မြေအဖြစ် ၀ယ်ယူနေပါသည်။ စေတနာရှင်များအနေဖြင့် သာသနာ့မြေ ဒါယကာ/ဒါယိကာမအဖြစ် ကုသိုလ်တော် ပါဝင်ယူနိုင်ကြပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ကုသိုလ်ပါဝင်ရန် နှုန်းထား
၃ စတုရန်းပေ တကွက်လျှင် မြန်မာငွေ ၃၀၀၀၀ ကျပ်တိတိ၊ (အမေရိကန်ဒေါ်လာ ၄၀)၊ (စင်ကာပူဒေါ်လာ ၅၀)၊ အိန္ဒိယရူပီးငွေ ၂၀၀၀ တိတိ။


Monday, January 30, 2012

ဗောဓိသုခ ပရဟိတကျောင်း ဆရာတော် ဒေါက်တာ ဦးနန္ဒောဘာသ မြန်မာနိုင်ငံမှ ပြန်လည်ရောက်ရှိ



ဗောဓိသုခ ပရဟိတကျောင်း ဆရာတော် ဒေါက်တာ ဦးနန္ဒောဘာသ မြန်မာနိုင်ငံမှ ပြန်လည်ရောက်ရှိ
ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းတော်မူရာ ဗုဒ္ဓဂါယာမြေမြတ်မဟာ၌ ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကား လာစေရေး ဦးတည်ချက်ဖြင့် သာသနိကအဆောက်အဦးများ ဆောက်လုပ်ရန် စီစဉ်လျှက်ရှိနေသော အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ သည် ၂၂-၁၂-၂၀၁၁ နေ့မှစ၍၊ ၂၉-၁-၂၀၁၂ နေ့အထိ မြန်မာနိုင်ငံသို့ အလှူခံကြွရောက်နေရာမှ ယခုအခါ ပြန်လည်ရောက်ရှိပြီ ဖြစ်ပါသည်။ ဆရာတော်သည် ပထမအနေဖြင့် မြတ်စွာဘုရား သဗ္ဗညုတရွှေဉာဏ်တော် ရရှိတော်မူခဲ့သော ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ ၃၂၄၀၀ စတုရန်းပေ ရှိသော မြေကွက်ကို သာသနာ့မြေအဖြစ် ၀ယ်ယူနေပါသည်။ ဒုတိယအနေဖြင့် ၄င်းသာသနာ့မြေပေါ်၌ သာသနိကအဆောက်အဦးများ ဆောက်လုပ်ပြီး ဗုဒ္ဓအဆုံးအမအတိုင်း သာသနာပြုသွားမည် ဖြစ်ပါသည်။ ဆရာတော်သည် မြန်မာနိုင်ငံ၌ တကာ၊ တကာမများ၏ လှူဒါန်းမူကို လက်ခံရန် ၄၀ ရက်ကြာနေထိုင်ခဲ့ပါသည်။ ယခုအခါ ထိုသာသနာ့မြေ၀ယ်ယူရန်အတွက် အလှူငွေ ၂၅ ရာခိုင်နှုန်း ရရှိထားပြီ ဖြစ်ကြောင်းသိရပါသည်။
ဆရာတော်သည် ဘုရားအဆူဆူတို့ ပွင့်ထွန်းတော်မူရာ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသော ဗုဒ္ဓဂယာမြေမြတ်မဟာ၌ စေတနာ သဒ္ဓါတရားထက်သန်သူတိုင်း ၃ စတုရန်းပေ တစ်ကွက်လျှင် မြန်မာငွေ ၃၀၀၀၀ ကျပ်၊ သို့မဟုတ် အိန္ဒိယ ရူပီးငွေ ၂၀၀၀၊ သို့မဟုတ် အမေရိကန်ဒေါ်လာ ၄၀ ဖြင့် အောင်မြေတစ်ကွက်စီလှူဒါန်းနိုင်အောင် စီစဉ်ထားပါသည်။ ထိုအစီအစဉ်အရ သဒ္ဓါကြည်လင်ပါရမီရှင်များ မိမိတို့၏ စေတနာသဒ္ဓါတရားအလျှောက် နည်းများမဟူ လှူဒါန်းနိုင်ကြောင့် သိရပါသည်။ ယင်းသို့ လှူဒါန်းနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံအနှံ့အပြားနှင့် စင်ကာပူနိုင်ငံတို့တွင် ဆက်သွယ်လှူဒါန်းရန် ဌာနများ ဖွင့်လှစ်ထားကြောင်း သိရပါသည်။

Friday, December 9, 2011

An Appeal





An Appeal

After having practiced all forms of the severest austerities in Uruvela Forest for six long years, on the full-moon night of Wesak in 528 BCE, the Buddha, endowed with Perfections (Paramis) fulfilled in his last existence, attained the Perfect Enlightenment (Sama Sambodhi) under the Bodhi tree, developing the three extraordinary knowledges–the supernormal ability to remember his past lives, the supernormal vision to see the death and rebirth of beings, and the supernormal knowledge with regard to the destruction of passions and the comprehension of things as they truly are.
After Enlightenment, the Buddha remained in the vicinity of the Bodhi tree for forty-nine days in various contemplations. Then he set off for Migadavana (present-day Sarnath) near Varanasi, where he taught his First Sermon to the five ascetics, who had earlier been his companions in austerities.
This historic place where the Buddha attained Enlightenment became a pilgrimage destination from the time of the Buddha himself. In the Mahaparinibbana Sutta, He clearly stated, “Ananda, there are four places the sight of which will arouse strong emotion in those with faith. Which four places? The place where the Tathagata was born; the place where the Tathagata attained Enlightenment; The place where the Tathagata set in motion the Wheel of the Dhamma; The places where the Tathagata attained final Nibbana. Bhikkhu, Bhikkhuni, Upasaka and Upasaki should visit these places. And anyone who dies while making pilgrimage to these places with a devoted heart will, at the breaking up of the body at death, be born in heaven.”
This sacred spot became even more important two hundred fifty years after the Buddha’s Enlightenment when the renowned Buddhist Emperor Ashoka visited the place. He is considered the actual founder of the Mahabodhi Temple. According to tradition, Ashoka established a monastery, erected a canopy with four pillars over the Vajrasana, the Diamond Throne of Enlightenment.
Even before King Ashoka, a monk named Bodhirakshita from Sri Lanka visited the place and donated some railing; he may well have been the first pilgrim to visit Buddhagaya from outside India. In 405 CE the famous Chinese traveller, Fa Hien, visited the site and recorded his impressions. Another Chinese monk, Huien Tsiang, risked his life to reach here. Thanks to these Chinese pilgrims and their detailed travelogues, we can recognize and identify many historical and important places.
When pilgrims visited, they had to have shelter. In the 4th century CE, the king of Sri Lanka, Sri Meghavanna, had a monastery built at Buddhagaya, Even after a lapse of three hundred years, Huien Tsiang saw this monastery and wrote that it was still in good condition.
Unlike those ancient days, pilgrims from all over the world are able to come to pay homage at this sacred site by means of convenient direct flights. Although there are a number of international monasteries which have sprung up all around, during the peak pilgrim season, all the monasteries, hotels and guest-houses are inadequate to provide hospitality to all. Thus, it is desirable to have more monasteries in the vicinity of the Mahabodhi Temple. With this need in mind, our Buddhist Mission (official Name: Russa Road Young Buddhist Student Literacy Mission) headed by Ven. Dr. Nando Batha, intends to purchase a plot of land measuring 32400 square feet, as near to the great Mahabodhi Main Temple as possible. There we will build a monastery to serve the needs of visiting monastics and pilgrims and also serve to better promote the excellent Dhamma of the Buddha in the land of its origin.
Some advance payment for this project has already been done but more remains. All devotees are cordially invited to contribute in this most meritorious project.
Your donation can be done by unit, with a unit being 3 square feet of land and the donation for one unit is 40 USD. Kindly inform us your donation by e-mail at so that we can send record of your generosity, and issue you a receipt and Honorary Certificate.

With Metta,

Nando Batha


Transaction Reference No. :
Instruction for Remittance in US Dollars for Savings Account:
To: JP Morgan Chase Bank
N.Y, USA
SWIFT – CHASUS33
ABA – 021000021
For Credit To: 001-1-407376 CHIPS UID 340191
AXIS Bank Ltd., Mumbai
For Further Credit To: AXIS Bank Ltd.
Kolkata Main Branch
SWIFT – AXISINBB005
Ultimate Beneficiary: Name: Russa Road Young Buddhist Student Literacy Mission
S.B. A/C No. 021010100009202

Saturday, January 29, 2011

Donations for Noble cause




မဇ္ဈိမ ဘုရားဖူး၊ သာသနာပြုဒါနနှင့် ကျောင်းအလှူ

ဘုရားလည်းဖူး လိပ်ဥလည်းတူး ဆိုသည့် စကားကို အပြုသဘောဖက်က အဓိပ္ပါယ်ဆောင်သင့်ကြသည်မှာ ခေတ်အဆက်ဆက်၌ လိုအပ်ချက်တခုဖြစ်ခဲ့သည်။ ယခုခေတ် ဘုရားဖူးတွေလည်း ဆင်ခြင် ကျင့်သုံးကြ ဖို့လိုအပ်ဆဲ။ ခုရော နောင်ပါ ခေတ်အဆက်ဆက် ဘုရားဖူးများ အတွက်ပါ သမိုင်းနှင့်ချီသော နမူနာတွေက အများသား။ ပညာနှင့်ယှဉ်သော သူတော်ကောင်း သာသနာပြု ဘုရားဖူးတို့ကား ခရီးမထွက်ခင်ကတည်းက လှူရေး ဒါန်းရေး သာသနာရေးအတွက် (၀ါ) အပြုသဘော-လိပ်ဥတူးနိုင်ရေးအတွက်လည်း ခရီးစရိတ်ထဲတွင် (ခရီးစဉ်ထဲတွင်) သက်သက်လျာထား လာခဲ့ကြပြီးသားဖြစ်သည်။
သာဓကတချို့ မှာ --
- သိရီဓမ္မာသောက မင်းကြီးသည် ဗုဒ္ဓ၏ အမှတ်ရ အောက်မေ့ဖွယ် (သံဝေဇနိယ) ဌာန၊ ဘုရားရှင် တိုင်းနှင့်သက်ဆိုင်သည့် (အ၀ိဇဟိတ) ဌာနများ အားလုံးတွင် ဧရာမ ကျောက်စာတိုင်ကြီးများ စိုက်ထူခြင်းဖြင့်
ဘုရားရှင်နှင့် ပတ်သတ်သည့်နေရာတော်များကို ထာဝရလုံခြုံရေးချခဲ့သည်။ ဘုရားတည် ကျောင်းဆောက် လိုအပ်သမျှ သာသနာပြုခဲ့သည်။ ယနေ့ ဘုရားဖူးများ၊ ကမ္ဘာ့လူသားများအားလုံးအတွက် လူသားအမွေဖြစ်သည်အထိ အကျိုးဖြစ်ခဲ့သည်။
- ကနိသျှက၊ ဟာသျှဝဒါနနှင့် အလောင်းစည်သူ၊ ကျန်စစ်သား၊ မင်းထီး၊ မင်းလက်ယာ၊ မင်းတုန်း ခေတ်အဆက်ဆက် သာသနာပြုမင်းများမှသည် ယနေ့ခေတ် နိုင်ငံတကာမှ အုပ်ချုပ်သူများ၊ ချမ်းသာသူများ၊ တတ်သိ စွမ်းဆောင်နိုင်သူများ၊ စေတနာ ထက်သန်သူများအားလုံးတို့သည် ဘုရားနေရာတော်များအတွက်ရော၊ သာသနာအရှည်တည် ကျယ်ပြန့် ရေးအတွက်ပါ တတ်အားသရွေ့ ကြိုးစားပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စိုက်ထုတ်လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့်လည်း ဤဘုရားပွင့်ရာ အိန္ဒိယ တ၀ိုက်၌ ဗုဒ္ဓဘာသာရောင်ဝါသည် သာသနာပ မိစ္ဆာဝါဒီများကြား၌ပင်ဖြစ်သော်လည်း တရှိန်ရှိန်လက် တက်မြဲတက်၊ တိုးမြဲတိုး၍ မညှိုးမမှိန်ရှိနေနိုင်သေးခြင်းဖြစ်သည်။
မြန်မာနှင့် အိန္ဒိယ အိမ်ဦးနှင့်ကြမ်းပြင်အလား ဥဒဟို ၀င်ထွက်သွားလာ ဖြတ်သန်းကြရာ ဆုံရပ်တခုမှာ ကာလကတ္တားမြို့တော်ဖြစ်သည်။ မြို့တော်ဆင်ခြေဖုန်းတနေရာရှိ ရွာနယ်တခုအလား ကျယ်ဝန်းလွတ်လပ်၍ အေးချမ်း လုံခြုံ နွေးထွေးစွာတည်းခိုနိုင်သော ဗောဓိသုခပရဟိတကျောင်းတိုက်ထဲတွင် ဆောက်လုပ်ဆဲ သံဃနိဝါသ လေးထပ်ဆောင်ကြီးအတွက် မြန်မာနှင့် ကမ္ဘာ့နေရာ အသီးသီးမှ မတည် လှူဒါန်းသူများ၊ အခန်းလိုက်အလှူရှင်များ၊ တတ်အားသရွေ့ အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းကြလျှက်ရှိပါသည်။
ယခု ကျောင်းဒါယိကာမကြီး ဒေါ်ညွန့်နှင့် သမီးမသင်းသင်းခိုင်တို့သည် ရန်ကုန်ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့နှင့် မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံသို့ ဘုရားဖူးလာကြရာ ကာလကတ္တားမြို့၊ ဗောဓိသုခ ပရဟိတကျောင်းသို့ ၁/၁/၁၁ နေ့ ရောက်ရှိလာခဲ့ကြည်။ ဆောက်လုပ်ဆဲ ကျောင်းမပြီးမပြတ်နှင့် အတော်လိုနေသေးသည်ကိုတွေ့လိုက်ရသည်နှင့် သဒ္ဓါတရားပေါက်ပွါးကာ အခန်း (၂) ခန်းစာ အတွက် အမေရိကန်ဒေါ်လာ ၄၀၀၀ လှူဒါန်းသွားခဲ့သည်။ ကွယ်လွန်သူ ဦးမင်ဆွေ (ခ) ဦးလူမီဟို အားရည်စူး၍ ကျောင်းဒါယိကာမကြီး ဒေါ်ညွန့်၊ သား မောင်ကျော်ဦး၊ သမီး မသင်းသင်းခိုင်၊ မသင်းသင်းမော်နှင့် မြေးများ မိသားစုမှ လှူဒါန်းသည့် ဒေါ်လာ ၄၀၀၀ သည် အိန္ဒိရူပီးငွေအားဖြင့် တသိန်းနီးပါးဖြစ်ပြီး အခန်းကြီး (၂) ခန်းကို မကြာမှီ အပြီးသတ်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဓါတ်ပုံမှာမြင်ရသည့်အတိုင်း ဗောဓိသုခပရဟိတကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသမှလည်း အလှူရှင်များ ထာဝရ အပရစေတနာပွါးများနိုင်စေရန်အတွက် ဂုဏ်ပြုမှတ်တမ်း ချီးမြှောက်ပေးသည်။
သောစ သဗ္ဗဒဒေါဟောတိ၊ ယောဒဒါတိ ဥပသယံ - ဒေသနာတော်အရ ကျောင်းအဆောက်အဦးအတွက် လှူဒါန်းခြင်းမှာ သာသနာတော်အတွက် အရာရာကို လှူဒါန်းရာရောက်ပါသည်။ သာသနာရေးရှေးရေး အားခဲလုပ်ဆောင် ကျားကန်ပေးသည့် ဤကုသိုလ်ထူးအတွက် ကြည်နူးဝမ်းသာ သာဓုခေါ်ကြပါကုန်။

Friday, January 21, 2011

Happy New Year 2011



IF
(“Brother square-Toes’’ Rewards and Fairies)
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;
If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";
If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!
Ruyard Kipling

Friday, December 31, 2010

Happy New Year 2011

အကယ်၍

အကယ်၍

မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး

ဒါတွေဟာ မင်းကြောင်းလို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ

မင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်…….

အကယ်၍

အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ

သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့

မင်းကိုမင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်………

အကယ်၍

စောင့်သင့်တဲ့ အချိန်ကိုစောင့်ပြီး

အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်

ဒါမှမဟုတ်..

မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ

မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူး ဆိုရင်

ဒါမှမဟုတ်..

မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ

မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင်………..

အကယ်၍

စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ်မလွှမ်းမိုးစေပဲ

စိတ်ကူးနိုင်မယ်ဆိုရင်- ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ

မျှော်မှန်းချက်သက်သက်သာ မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်……

အကယ်၍

အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေရတဲ့အခါ

တူညီသော လောကဓံ တရားတွေပါလားရယ်လို့

ခံယူထားနိုင်မယ်ဆိုရင်………

အကယ်၍

မင်းရဲ့ အမှန်စကားတွေကို

လူလိမ်လူညစ်တွေက လှဲ့စားပြောင်းလဲပြီး

မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ

မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်…..

အကယ်၍

မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့

ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်စီးခံလိုက်ရပြီးတဲ့ နောက်မှာ

အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့

ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်……..

အကယ်၍

မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ

ကြွေတလှည့် ကြက်တခုန်ပမာ

တလှည့် တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်

ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်……

ပြီးတော့ တခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့

ဘယ်သောအခါမှ ညည်းငြူ မနေဘူးဆိုရင်…….

အကယ်၍

သူများတကာတွေ လုပ်ပြီးသွားကြလို့

အချိန် အတော်ကြာမှ မင်းအလှည့် ရောက်လာတဲ့အခါ

မင်းတယောက်တည်းနဲ့ပဲ

အားနဲ့ မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစား နိုင်မယ်ဆိုရင်……

အဲဒီလိုပဲ

မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ

အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ

လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင်……

အကယ်၍

လူတွေနဲ့ ထိတွေ့ ဆက်ဆံပြောဆိုတဲ့အခါ

ကိုကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..

ဒါမှမဟုတ် မင်းကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမဲ့

မာန်မာနသွေး မကြွဘူးဆိုရင်……….

အကယ်၍

ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ

မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်……

အကယ်၍

လူတိုင်းကို တန်ဘိုးထား လေးစားရပေမဲ့

စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…….

အကယ်၍

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ

အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်……

ငါ့သားရေ

မင်းဟာအရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ကာကြီးကို ဆုပ်ကိုင်လို့

အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့

အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့….။

(Rudyard Kipling IF ကဗျာကို ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်သည်)။

Presented by Ven. Dr. Nando Batha (Happy and Prosperous New Year 2011).

Friday, December 24, 2010

Quote of the Day

A fool with a sense of his foolishness

is — at least to that extent — wise.

But a fool who thinks himself wise

really deserves to be called a fool.

Dhp 63

Thursday, December 23, 2010

Fund Raising Show for Giri Cyclone Victims



Dear Dhamma Friends,

It is our immense pleasure to give you the news that Arakanese and Myanmar celebrities are going to organize Fund Raising Show for Giri Cyclone Victims in Arakan state of Myanmar on 30th December 2010 at Thuwanna Stadium from 5.00 to 9.00 PM. The above video is the announcement of the show in Myanmar.


Arakanese Fund Raising Show for Giri Cyclone Victims


As you noted, the Cyclone namely “Giri” had hit severely to North-East Rakhine State on last October 2010
affecting more than 500,000 people leaving them in dire situations, causing loss of all their belongings such
as families, homes, shelters, schools, professional facilities, mostly all the whole, not to say damages to
environ and habitat of the flora and fauna in the Region. We, Rakhine people most appreciate government authorities, local and international non-governmental organizations, humanitarian associations, donors, aid workers for their timely and reliable relief works and assists so far provided to our badly needed people. However, it will take more time to assuage the grieves of
victims and to bring them back to normal lives as ever before, so also needed are more aids and funds for a long run works.To shoulder by Rakhine people ourselves upon burden of relief for Cyclone victims, our “Rakhine Lay Wady Cultural Troup” is going to stage a music and cultural show on coming 30th December 2010 (Thursday);
(5:00pm ~ 9:00pm) at Thuwanna Indoor Sport Stadium No. 1, Yangon to the purpose of fund raising for relief works. We are proud to let you know that “Rakhine Lay Wady Cultural Troup” is a branch of the “Rakhine Literary and Cultural Committee (Yangon)”, a well-functioned organization representing all Rakhine Nationals dwelling around Yangon in population of approximately half a million and even more.It is indeed our great honor to invite you to the Show for your enjoyment on performances of Rakhine
Traditional Dances, modern or pop songs and other entertainments by the most famous Myanmar and Rakhine actors, actresses, singers and entertainers of the date.
Also not less importantly, we do request you for your most kindly “donations” of any cash (either in Kyat or FEC) and/or any kinds for relief fund and collections before or at the Show. You may contact us by phone numbers shown below for any further queries, if any. Thank you so much for your support.

Yours truly,

U Than Maung (Mr)
Head of the Committee for Giri Cyclone Fund Raising Show
Office: Room 701/702 Traders Hotel, Yangon
(HP) 01 730 342 88; (Office) (095) 372760; (Home) (095) 535648
for more information to visit web.www.alodawpyei.org
Email: contact@alodawpyei.org

Wednesday, December 22, 2010

ဆရာတော်အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)၏ ဓမ္မရသများ

မကောင်းကွက်ကိုသာကြည့်မယ်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။

ကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။

--------------------------------------------------------------------

သဘောထားကြီးသူသည် မည်သူ့ ကိုမှ အပြစ်မမြင်တော့ပါ၊

ကိုယ့်အပြစ်ကိုသာ ကိုယ်မြင်ပါတော့သည်။

----------------------------------------------------------------------

သူတစ်ပါးကို မကြည်ညိုလျှင် ကုသိုလ်မရရုံပဲရှိတယ်။

မိမိကိုယ်မိမိ မကြည်ညိုလျှင် အပါယ်ကျတတ်တယ်။

--------------------------------------------------------------------

သာသနာပြုပုဂ္ဂိုလ်ဆိုတာ လူတွေရဲ့ ရင်ထဲကို သီလ၊ သမာဓိ၊ ပညာ၊

သိက္ခာသုံးပါး တည်အောင်ပြုလုပ်ပေးတဲ့ပုဂ္ဂိုလ်ကို ခေါ်သည်။

-------------------------------------------------------------------

ဒေါသဓာတ်ဖြင့် သူတစ်ပါး၏မကောင်းကွက်ကိုကြည့်လျှင် အကုသိုလ်လည်းဖြစ်သည်၊

စိတ်လည်းဆင်းရဲသည်၊ စီးပွားလည်းပျက်သည်၊ အပါယ်သို့ လည်းကျသည်။

မေတ္တာဓာတ်ဖြင့် သူတစ်ပါး၏ကောင်းကွက်ကိုသာရှာကြည့်လျှင် ကုသိုလ်လည်းဖြစ်သည်၊

စိတ်လည်းချမ်းသားသည်၊ စီးပွားလည်းတက်သည်၊ နိဗ္ဗာန်သို့ လည်းရောက်သည်။

-----------------------------------------------------------------------------------

ဝဏ္ဏမစ္ဆရိယဟူသည် သူတစ်ပါး၏ ဂုဏ်ကိုဝန်တိုခြင်းဖြစ်သည်၊

ဝဏ္ဏမိစ္ဆရိယ ရှိသူများသည် ဖြစ်ရာဘ၀တွင်ရုပ်ဆိုးတတ်သည်။

အရောင်းအ၀ယ်ဆန်သော ပါရမီမထိုက်သည့် ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကို ပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်သို့ မပို့ ။

လောဘကုန်ဖို့ ပြုသော ပါရမီထိုက်သည့် ဒါနသည်ကား လူချမ်းသာ၊ နတ်ချမ်းသာကို ပေးသည့်အပြင် နိဗ္ဗာန်ချမ်းသာအထိပို့ သည်။

---------------------------------------------------------------------------

ပညာမဲ့သည် ရရှိသောလူ့ ဘ၀ခန္ဒာကို ကာမဂုဏ်အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။

ပညာရှိသည် ရရှိသောလူ့ ဘ၀ခန္ဒာကို တရားရဖို့ အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။

------------------------------------------------------------------------

လိုချင်လျှင် ဆင်းရဲသည်၊ မလိုချင်လျှင် ချမ်းသာသည်။

မည်သည့်အရာမှ မလိုချင်နှင့်၊ မည်သည့်အရာမှ မတွယ်တာနှင့်။

ဒါဆိုလျှင် ချမ်းသာပြီ။

----------------------------------------------------------------------

ရယူခြင်းနှင့်ပေးဆပ်ခြင်းတို့ တွင် ပေးဆပ်ခြင်း၌သာ

ပျော်မွယ့်သူသည်သာလျှင် တကယ့်သူတော်ကောင်းဖြစ်သည်။

-----------------------------------------------------------------

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မော-မွေးသေလွတ်သော သူတော်ကောင်းတရားသည်၊

စိရံ-အသိန်းထောင်ပေါင်းများစွာ ကာလပတ်လုံး၊

တိဋ္ဌတု-အဓွန့် ရှည်စွာ တည်တံ့ခိုင်မြဲပါစေသတည်း။

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်နိုင်ပါစေ။

ကျေးဇူးပြု၍လက်ဆင့်ကမ်းကာဓမ္မဒါနပြုပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

လက်ဆင့်ကမ်း၍ဓမ္မဒါနပြုပေးကြကုန်သော ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ ၏ပေါ်သို့ 

ဓမ္မဒါနပြုပေးသည့် ဤကုသိုလ်ကောင်းမှုသည် ချမ်းသာတကာတို့ ထက်လွန်ကဲသော မြတ်နိဗ္ဗာန်သို့  ရောက်ကြောင်း အားကောင်းသောအထောက်အပံ့သည် ဖြစ်ပါစေသတည်း။

ဓမ္မဒါနအလှူရှင် ဦးသောင်းညွန့် + ဒေါ်နန်းမြင့်

မိသားစု စက်မှုရိပ်သာ။

Friday, November 19, 2010

Donor list for Giri Cyclone Victims



Dear Dhamma Friends,

It is our immense pleasure to give you intimation that we have collected some Indian Rupees and some US Dollar for Giri Cyclone Victims in Arakan State. The total amount after converting into USD is $ 1725/=. We have handed over the total amount to His Holiness Alodawpyeit Sayadaw on 10/11/10. The Sayadaw is organizing funds and materials and distributing them to the victims directly. Kindly visit www.alodapyei.org. We are very happy to mention the donors’ name as follow. It is no doubt huge funds must be needed to re-establish the victims.

List of the donors for Giri Cyclone victims in Arakan State of Myanmar.
1) Ven. Dr. Nando Batha, Bodhisukha Parahita Temple, Kolkata $ 400/-
2) U Win Lwin + Daw Khin Yin and family , Pathein $ 100/= and Rs. 1000/=
3) Haji Khin Maung Win and Family, Yangon, $ 100/=
4) U Than Oo + Daw Myint Zu, Shwe Pan Khaing Nwe Pan Khain Store, Yangon $ 100/=
5) U Win Shwin and family, Mandalay, $ 100/=
6) U Ko Ko and Wife Daw Toe Toe Chit, Mandalay, $ 100/=
7) U Aike Tak and Family, Shan State, $ 100/=
8) U San Maung and family, South Korea, $ 100/=
9) In dedication to U Tun Shwe and Daw Hte Kyin, Daw Khin Myint and family, $ 100/=
10) Having U Tun Shin + Daw Mya Thin as chief, U Thien Lwin and Family, YGN, $ 100/=
11) Daw Aye Aye Than and family, Yangon , Rs. 2500/=
12) Ashin Ananda, Bodhisukha Parahita Temple, Kolkata, Rs. 1600/=
13) Ashin Pannasara, Bodhisukha Parahita Temple, Kolkata, Rs. 1500/=
14) Ashin Tikkhanyana, Myananda Kambawza Shan Temple, Yangon, Rs. 1200/=
15) Ashin Zawana, Bodhisukha Parahita Temple, Kolkata, Rs. 1000/=
16) Ashin Ukkattha, Bodhisukha Parahita Temple, Kolkata, Rs. 1000/=
17) Ashin Thihadhaja, Bodhisukha Parahita Temple, Kolkata, Rs. 1000/=
18) Ashin Dhammobatha, Bodhisukha Parahita Temple, Kolkata, Rs. 1000/=
19) Ashin Tilawka, Bodhisukha Parahita Temple, Kolkata, Rs. 1000/=
20) Ashin Indobatha, (Thandar Land), Rakhine State, $ 20/=
21) Mr. Philip and wife Sujata, Kolkata, Rs. 1000/=
22) Maung Wai Zin, Mandalay, Rs. 1000/=
23) U Sein Lwin and family, Pathein, Rs. 1000/=
24) U Nyi Nyi Shein and family, Hta Wai, Rs. 1000/=
25) U Saw Ray Aung, Village Headman, and Daw Mai Nyo, Bandarban, Bangladesh,Rs.1000/=

Total Rs. 17800 and $ 1320/=
Rs. 17800/44=404.54 + 1320 = 1724.54 ($ 1725)

With Metta,

Ven. Dr. Nando Batha