Friday, August 16, 2013
Wednesday, August 14, 2013
ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ဟိန္ဒူဘုန်းကြီးတစ်ပါးအား ဖမ်းဆီးထား
ဇူလိုင်လ (၇) ရက်နေ့ ဗုဒ္ဓဂယာမှာ လက်လုပ်ဗုံး ၁၀ လုံး ပေါက်ကွဲမှုနှင့်
ဆက်စပ်ပြီး အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အဖွဲ့က (National Investigation
Agency) (NIA) အရူ-ပ် ဗြဟ္မစာရီ အမည်ရှိ ဟိန္ဒူဘုန်းကြီးတစ်ပါးကို မနေ့က (ဗုဒ္ဓဟူးနေ့)
ဖမ်းဆီးလိုက်သည်။
NIA အဖွဲ့က ဗုံးပေါက်ကွဲပြီးနောက် ထွက်ပြေးနေသော အရူ-ပ် ဗြဟ္မစာရီကို
ယမန်နေ့က ဖမ်းဆီးထားကြောင်း ဗုဒ္ဓဂယာရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။ အနောက်ဘင်္ဂလားပြည်နယ်မှ
ထွက်ခွါလာပြီး ယခု ဗုဒ္ဓဂယာမှာ နေထိုင်နေသူ ယင်းဘုန်းကြီးကို ယခုအခါ ဂယာမြို့ရှိ ရမ်ပူ
ရဲစခန်းမှာ ထိန်းသိန်းထားကြောင်း၊ ယခုအခါ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း၊ သို့ရာတွင်
ဗုံးဖောက်မှုနှင့် ပတ်သတ်၍ ယခုထိ ရှင်းလင်းပြတ်သားစွာ မသိရသေးကြောင်း Hindustan
Times သတင်းစာက ဆိုသည်။ အရူ-ပ် ဗြဟ္မစာရီသည် ဗုဒ္ဓဂယာ မဟာဗောဓိ ဂေါပကအဖွဲ့
(Mahabodhi Temple Management Committee) အား၎င်း၊ ဗုဒ္ဓဂယာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများအားလုံးအား၎င်း
အင်တာနက်စာမျက်နှာပေါ်မှာ အမြဲတမ်း တိုက်ခိုက်ရေးသားသူ ဖြစ်ကြောင်းလည်း သိရသည်။
မဟာဗောဓိစေတီတော် လုံခြုံရေးအတွက် တစ်လလျှင် ရူပီးငွေ သိန်း
၅၀ အကုန်အကျခံ၍ ဗဟိုရ်အစိုးရမှ ၂၆၁ ဦးသော (CISF) (Central Industrial Security
Force) လုံခြုံရေးအရာရှိများ ချထားလျက် ရှိကြောင်း သိရသည်။
Labels:
သတင်း
Tuesday, August 13, 2013
ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုခြင်း
ကွယ်လွန်သူ ဖခင်-ဦးသိန်းမောင်၊ မိခင် ဒေါ်အေးရှင်တို့အား ရည်စူး၍ တိုက် (၂၉၀)၊ အခန်း (၁၂)၊ ရန်အောင်လမ်းသွယ် (၃)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့နေ ဦးစောမင်းခိုင်+ဒေါ်မြင့်မြင့်သိန်း မိသားစုတို့မှ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်း ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးဆောက်လုပ်လျက်ရှိသော ဂယာမြို့ရှိ မဟာဗောဓိပရဟိတကျောင်းတိုက်ကြီး၏ ပထမဦးဆုံးသော ဗောဓိရုက္ခမူလအမည်ရှိ (၅) ထပ်ကျောင်းဆောင်တော်ကြီးဆောက်လုပ်ရာတွင် ၁၅ x ၁၉ ပေ အကျယ် အခန်း (၁) ခန်းအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၇၀၀၀) တိတိကို လှူဒါန်း ပါဝင်သောကြောင့် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုအပ်ပါသည်။
မေတ္တာဖြင့် -
ဆရာတော် ဒေါက်တာနန္ဒောဘာသ
မေတ္တာဖြင့် -
ဆရာတော် ဒေါက်တာနန္ဒောဘာသ
Labels:
ဗုဒ္ဓဂယာစီမံကိန်း
ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုခြင်း
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အမှတ် (၉၉/စီ) (၁-ဘီ)၊ ဦးအောင်ကိန်း လမ်းသွယ်၊ သံလွင်လမ်း၊ ၀င်ဒါမီယာနေ
ဦးသန့်စင်စိုး + ဒေါ်သန်းချိုနွယ်မိသားစု တို့မှ အိန္ဒိယနိုင်ငံ၊ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော်
ဒေါက်တာနန္ဒောဘာသ ဦးစီးဆောက်လုပ်လျက်ရှိသော ဂယာမြို့ရှိ မဟာဗောဓိပရဟိတကျောင်းတိုက်ကြီး၏ ပထမဦးဆုံးသော
ဗောဓိရုက္ခမူလအမည်ရှိ (၅) ထပ်ကျောင်းဆောင်တော်ကြီးအတွက် ကျောင်းအဆောက်အအုံ (၁) ပေ ပတ်လည် အကွက် (၅၀၀)
ပါဝင်လှူဒါန်းသဖြင့် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုအပ်ပါသည်။
မေတ္တာဖြင့် -
ဆရာတော် ဒေါက်တာနန္ဒောဘာသ
Labels:
ဗုဒ္ဓဂယာစီမံကိန်း
ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုခြင်း
နှစ်ဖက်သော မိဘများအား အမှူးထား၍ ဦးဝိစာရအိမ်ယာ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့နေ
ဒေါက်တာဦးမျိုးလှိုင်+ဒေါ်ခင်မာလွင်၊ သား-ဦးမြင့်သူရလှိုင်၊ သမီး- ဒေါက်တာဆုရည်မွန်လှိုင် မိသားစုတို့မှ
အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးတည်ထောင်လျှက်ရှိ သော ဂယာမြို့ရှိ မဟာဗောဓိပရဟိတ မြန်မာကျောင်းတိုက်ကြီး၏ ဗောဓိရုက္ခမူလ အမည်ရှိ ပထမဦးဆုံးသော (၅) ထပ် ကျောင်းဆောင်တော်ကြီ ဆောက်လုပ်ရာတွင် ၁၅ x ၁၉ ပေကျယ် အခန်း (၁) ခန်းအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၇၀၀၀) တိတိကို လှူဒါန်းပါဝင်သောကြောင့် ၀မ်းမြောက် ၀မ်းသာစွာဖြင့် သာဓုခေါ်ဆိုအပ်ပါသည်။
မေတ္တာဖြင့်
ဆရာတော် ဒေါက်တာနန္ဒောဘာသ
ဒေါက်တာဦးမျိုးလှိုင်+ဒေါ်ခင်မာလွင်၊ သား-ဦးမြင့်သူရလှိုင်၊ သမီး- ဒေါက်တာဆုရည်မွန်လှိုင် မိသားစုတို့မှအိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးတည်ထောင်လျှက်ရှိ သော ဂယာမြို့ရှိ မဟာဗောဓိပရဟိတ မြန်မာကျောင်းတိုက်ကြီး၏ ဗောဓိရုက္ခမူလ အမည်ရှိ ပထမဦးဆုံးသော (၅) ထပ် ကျောင်းဆောင်တော်ကြီ ဆောက်လုပ်ရာတွင် ၁၅ x ၁၉ ပေကျယ် အခန်း (၁) ခန်းအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၇၀၀၀) တိတိကို လှူဒါန်းပါဝင်သောကြောင့် ၀မ်းမြောက် ၀မ်းသာစွာဖြင့် သာဓုခေါ်ဆိုအပ်ပါသည်။
မေတ္တာဖြင့်
ဆရာတော် ဒေါက်တာနန္ဒောဘာသ
Labels:
ဗုဒ္ဓဂယာစီမံကိန်း
Friday, August 9, 2013
ဗုဒ္ဓဂယာ၌ ဘုရားဖူးများအတွက် လုံးဝ ဘေးကင်း လုံခြုံလျက်ရှိ
မဟာဗောဓိစေတီတော်ကြီး အုပ်ချုပ်ရေးဂေါပကအဖွဲ့ (Bodhgaya
Temple Management Committee (BTMC)) အတွင်းရေးမှူးဖြစ်သူ N Dorje က ဗုဒ္ဓဂယာစေတီတော်သို့
နိုင်ငံခြားဘုရားဖူးများ၊ တိုးရစ်များ ယခုအခါ စတင်လာရောက်စပြုနေပြီဖြစ်ကြောင်း အင်္ဂါနေ့က
ပြောကြားလိုက်သည်။ လွန်ခဲ့တဲ့လက ဗုံးပေါက်ကွဲမှုကြောင့် ကမ္ဘာတလွှား အကြောက်တရား တိုးပွါးသွားတာကို
နည်းနိုင်သမျှနည်းအောင်နှင့် လုံခြုံရေးတတ်နိုင်သမျှချပေးထားကြောင်း ၄င်းက
Hindustan Times သတင်းဌာနသို့ ဆက်လက်ပြောကြားခဲ့သည်။ ဗုဒ္ဓဂယာရှိ နိုင်ငံတကာမှ ဘုန်းကြီးကျောင်း
အားလုံးသို့လည်း မိမိတို့နိုင်ငံအသီသီးရှိ တကာ၊ တကာမများအနေဖြင့် ကြောက်လန့်မှု ရှိစရာမလိုအပ်ကြောင်း၊
ဗုဒ္ဓဂယာမှာ ငြိမ်းချမ်းသာယာနေကြောင်း သတင်းကောင်း မျှဝေပေးဖို့ ၄င်းက မေတ္တာရပ်ခံထားသည်။
ဗုံးပေါက်ပြီးနောက် မကြာသေးမှီက ဗုဒ္ဓဂယာသို့ အလည်အပတ်ရောက်ရှိခဲ့သော
ဂုဏ်သရေရှိလူကြီးမင်းတို့၏ အသေးစိပ် အချက်အလက်များကိုလည်း BMTC ၏ ၀က်ဆိုက်မှာ တင်ပေးထားကြောင်း၊
ဗုဒ္ဓဂယာဟာ ပုံမှန် အေးချမ်းသာယာနေပြီး ပုံမှန်အတိုင်း ဘုရားဖူးလာရောက်ကြဖို့ သူက တိုက်တွန်းသွားပါသည်။
N Dorje က ဆက်လက်ပြီး ရဟန်းသံဃာတော်များ၊ လားမားများ၊ ဗုဒ္ဓဘာသာဝင်သူတော်စင်များ
အားလုံး လုံခြုံရေး စည်းကမ်းချက်များကို လိုက်နာဖို့၊ စေတီတော်အတွင်းသို့ ပန်း၊ ဆီမီး၊
နံ့သာတိုင်မှအပ တခြား မိုဘိုင်းဖုန်းများ၊ လက်ကိုင်အိတ်ကြီးများကိုလည်း လုံခြုံရေးလိုအပ်ချက်ကြောင်း
မယူသွားဖို့လည်း တောင်းပန်ပြောကြားသွားသည်။
မှီငြမ်း
သြဂုတ်လ (၇) ရက်နေ့ထုတ် Hindustan Times သတင်းစာမှ
Labels:
သတင်း
Thursday, July 25, 2013
ဗုဒ္ဓဂယာမဟာဗောဓိ၌ ဘုရားဖူးဧည့်သည်များဖြင့် ပုံမှန်စည်ကားလျက်ရှိ
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိ၌
ဘုရားဖူးဧည့်သည်များဖြင့် ပုံမှန်စည်ကားလျက်ရှိကြောင်းသိရသည်။ ၀ါဆိုလည်ပြည့် (၂၂-၇-၂၀၁၃
)နေ့က ညနေ ၆နာရီတွင် ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာရဟန်းတော်အပါး ၁၀၀ကျော်နှင့် လူပုဂ္ဂိုလ်
၁၀၀ခန့်တို့သည် ဆီးမီးတိုင်များ ကိုင်ဆောင်လျက် ဘုရားဂုဏ်တော်၊
တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကို
သံပြိုင်ညီညာရွက်ဆိုကာ မဟာဗောဓိစေတော်မြတ်အား လာရောက်ဖူးမျှော်ကြည်သည်ကိုတွေ့ရကြောင့်
ဗုဒ္ဓဂယာ မဟာဗောဓိပရဟိတကျောင်း ဆရာတော် ဒေါက်တာ ဦးနန္တောဘာသမှ မိန့်ကြားသည်။ အလားတူ
မြန်မာရဟန်းတော်များ၊ တစ်ခြားနိုင်မှ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များကလည်း
ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်မြတ်အားလာရောက် ဖူးမျှော်ကြကြောင်း ၄င်းဆရာတော်မှ မိန့်ကြားပါသည်။
“မိုးတွင်းကာလ ဘုရားဖူးဧည့်သည်နည်းတဲ့ အချိန်ဆိုပေမယ့်လည်း ဘုရားဖူးတွေကတော့ သူ့အတိုင်းအတာနဲ့သူ
| မဟာဗောဓိ၌ ၀ါဆိုလပြည့်နေ့ တွေ့ရစဉ် |
Labels:
သတင်း
Friday, July 19, 2013
အထူးဂုဏ်ပြု ကျေးဇူးတင်ရှိခြင်း
အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခ ပရဟိတမြန်မာကျောင်း
ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီး၍ မဇ္ဈိမဒေသ၊ ဗုဒ္ဓဂယာမြေမြတ်မဟာ၌ (၃၂၄၀၀) စတုရန်းပေ
ကျယ်ဝန်းသော မြေကြီးကို သာသနာ့ ၀တ္တကမြေအဖြစ် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ
အလှူရှင် ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အပြီးသတ်
ဝယ်ယူနိုင်ခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် မြေသန့်မင်္ဂလာအခမ်းအနားနှင့်
သာသနာ့မြေအလှူ ရေစက်ချမင်္ဂလာ အခမ်းအနားတို့ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။
အဆိုပါ မြေသန့်မင်္ဂလာ အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ပရဒေသီသံဃအဖွဲ့
ဥက္ကဌ၊ ဗုဒ္ဓဂယာမြန်မာကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥာဏိန္ဒ မထေရ်မြတ်ဦးစီး၍ သံဃာတော်
အရှင်မြတ် ၂၅ ပါးမှ ချီးမြှောက်ပြုလုပ်ပေးတော်မူပြီး အိန္ဒိယနိုင်ငံတွင်ပြုလုပ်သော ပထမအကြိမ်
သာသနာ့မြေအလှူ ရေစက်ချ အနုမောဒနာ တရားတော်ကို သီတဂူ ဗုဒ္ဓတက္ကသိုလ် အဓိပတိချုပ်၊ ကမ္ဘာ့ကျော်ဓမ္မကထိက၊
သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ မထေရ်မြတ်မှ ချီးမြှောက် ဟောကြားတော်မူခဲ့ပါသည်။
(၁၁) လအတွင်းတွင် သာသနာ့မြေ ၀ယ်ယူပြီးစီးအောင် ကူညီပေးကြသော
မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံ များမှ အလှူရှင် ဒါယကာ၊ ဒါယိကာမအပေါင်းတို့နှင့် ၀ိုင်းဝန်းကူညီပေးကြသော
အလှူခံဌာနများ၊ မြေသန့်မင်္ဂလာ ချီးမြှောက်ပြုလုပ်ပေးကြသော
သံဃာတော် အရှင်မြတ်များ၊ ပထမအကြိမ် ရေစက်ချအနုမောဒနာတရား ချီးမြှင့်ပေးတော်မူသော သီတဂူဆရာတော်
ဒေါက်တာ အရှင်ဥာဏိဿရ မထေရ်မြတ်ကြီးနှင့် ၀ိုင်းဝန်းကူညီပေးကြသော ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား
အထူးကျေးဇူး တင်ရှိပါသည်။
၂၉-၆-၂၀၁၃ နေ့ ဒုတိယအကြိမ် သာသနာ့မြေအလှူ ရေစက်ချ အခမ်းအနားပွဲတော်ကို
ပဲခူးမြို့၊ စိန်ရတုခန်းမ (ရွှေဘုန်းပွင့် စေတီတော်ဝင်းအတွင်း) တွင် ဆရာတော် ဒေါက်တာနန္ဒေဘာသ
ကိုယ်တိုင် ကြွရောက်၍ ရေစက်ချပေးရာ အဆိုပါပွဲတော်ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးကြသော
ဖောင်တော်ဦး ရွှေဘုန်းပွင့်ကျောင်း ဆရာတော် ဦးမဏ္ဍလ၊ ရွှေဘုန်းပွင့်စေတီတော် ဂေါပကအဖွဲ့ဝင်များ၊
ဦးတိုးနှင့် ဇနီး ဒေါ်ကြည်ကြည်သန်းတို့အားလည်းကောင်း၊
၃၀-၆-၂၀၁၃ နေ့တွင် တတိယအကြိမ် ရေစက်ချ အခမ်းအနားပွဲတော်ကို ရန်ကုန်မြို့၊ အာဇာနည်လမ်းရှိ
ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ပြုလုပ်ရာ ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးကြသော သီရိသုဓမ္မသိင်္ဂီ
ဒေါ်သန်းသန်း (ပြည်လုံးချမ်းသာဆေးတိုက်)၊ ဒေါ်သီတာ
ဦးဆောင်သော မဇ္ဈိမဂုဏ် ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေး အဖွဲ့နှင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူအပေါင်းအားလည်းကောင်း၊
၇-၇-၂၀၁၃ နေ့တွင်ပြုလုပ်သော စတုတ္ထအကြိမ် ရေစက်ချ အခမ်းအနားပွဲတော်ကို ပြင်ဦးလွင်မြို့၊
ပါရမီဓမ္မာရုံ၌ ပြုလုပ်ရာတွင် စီစဉ်ဆောင်ရွက်ပေးကြသော
ဆရာမ ဒေါ်အုန်းလှိုင်၊ ဆရာမဒေါ်စိုးစိုးခိုင် (စာပန်းအိမ်) မိသားစု၊ ဦးမြင့်နိုင်နှင့်
ဇနီးဒေါ်ခင်ညိုညို မိသားစု၊ ဓမ္မာရုံဂေါပကအဖွဲ့ဝင်များ၊ ကိုညီညီလွင်နှင့် ဇနီး မသီရိစိုး
(ပိတောက်ဝါလျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး)၊ ၀ိုင်းဝန်းကူညီပေးကြသော ဒါယကာ၊ ဒါယိကာမ အားလုံးတို့အား
အထူးဂုဏ်ပြု ကျေးဇူးတင်လျှက်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
မေတ္တာဖြင့် -
ဆရာတော် ဒေါက်တာနန္ဒောဘာသ
Labels:
ဗုဒ္ဓဂယာစီမံကိန်း
Subscribe to:
Posts (Atom)


