သိသလိုနှင့် မသိကြသော ကံရှိ ကံမဲ့ ကြိယာနှင့် ကတ္တားဝါကျ၊ ကံဝါကျများအကြောင်း
Verb Transitive and Verb Intransitive
ဘယ်ဘာသာစကား၊ စာပေပဲဖြစ်ဖြစ် စကားလုံးတွေ၊ စကားစုတွေ၊ ၀ါကျတွေနှင့် တည်ဆောက်ထားရတာချည်းဖြစ်ပါတယ်။ အဲဒီလို တည်ဆောက်ရာမှာ အဓိပ္ပါယ် အပြည့်အ၀ရှိတဲ့ စကားဝါကျတွေ ဖြစ်လာဖို့အတွက် ပါဝင်ရတဲ့ အစိတ်အပိုင်းတွေက ယေဘုယျအားဖြင့် ရှစ်မျိုးရှိပါတယ်။ အဲဒါကိုပဲ ၀ါစင်္ဂရှစ်ပါး (Eight Parts of Speech) လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်းဟာ အသက်ရှင်ရေးအတွက် အရေးပါသလိုပဲ၊ ၀ါစင်္ဂ တစ်ခုချင်းစီတိုင်းဟာ ၀ါကျထဲမှာ သူ့နေရာနှင့်သူ အရေးပါကြပါတယ်။ အဲဒါတွေ အားလုံးလောက်ကိုပဲ အစဉ်သဖြင့်၊ ကျယ်ကျယ်ပြန့်ပြန့်၊ တတ်နိုင်သလောက် လေ့လာဆည်းပူး မှတ်သားနေဖို့ အထူးလိုအပ်ပါတယ်။ သဒ္ဒါဆိုတာ ဒါတွေပဲ ဖြစ်လေတော့၊ ဒါတွေကို ခြေခြေမြစ်မြစ်သိမှ သဒ္ဒါသိမယ်၊ သဒ္ဒါသိမှ စာသိမယ်၊ စာတတ်မယ်ပေါ့၊