ဒေါက်တာ နန္ဒောဘာသ
ဗောဓိသုခ ပရဟိတကျောင်း
ကာလကတ္တား၊ အိန္ဒိယ။
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် မေလ ၁၁ ရက်နေ့ သည် အိန္ဒိယနိုင်ငံ၌ လူဦးရေ သန်းတစ်ထောင်ပြည့်သောနေ့ ဖြစ်သည်။ ၄င်းနေ့ ၌ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် အတာလ် ဗီဟာရီ ဗဂ်ျပါယီ (Atal Behari Vajpayee) က
အခုလို သန်းတစ်ထောင်ပြည့်အောင် လူများစွာ ထုတ်ပေးနိုင်တဲ့ ပြည်သူ
ပြည်သားများသို့  အထူးကျေးဇူးတင်ရှိပါကြောင်း ဟာသနှောပြီး ရုပ်မြင်သံကြားမှ
မိန်းခွန်းချွေခဲ့သည်။
လူဦးရေ သန်းတစ်ထောင်ရှိသော အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာဝင် ဦးရေ မည်မျှရှိသနည်း။ ဤမေးခွန်းသည်
မေးသင့်သော မေးခွန်းဖြစ်သည်။ အဘယ်ကြောင်းဆိုသော် အိန္ဒိယနိုင်ငံသည်
ဗုဒ္ဓဘာသာကို စတင်မွေးထုတ်ပေးလိုက်သော နိုင်ငံဖြစ်သောကြောင့် ဖြစ်သည်။
အိန္ဒိယနိုင်ငံ၌
ဟိန္ဒူဘာသာဝင် ရှစ်ဆယ်(၈၀) ရာခိုင်းနှုန်း၊အစ္စလာမ်ဘာသာဝင် တစ်ဆယ်လေး(၁၄)
ရာခိုင်းနှုန်း၊ ခရစ်ယန် ဘာသာဝင် နှစ် (၂) ရာခိုင်းနှုန်း၊ ဆိခ်ဘာသာဝင်
နှစ်(၂) ရာခိုင်းနှုန်းရှိပြီး ဗုဒ္ဓဘာသာဝင် ဦးရေမှာ သုည ဒသမ ၁၁
ရာခိုင်းနှုန်းသည် ဘာမှ ပြောမလောက်သော အရာမဟုတ်ပေ။ ဤမျှလောက်သော
ဗုဒ္ဓဘာသာ ဦးရေသည်လည်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နယ်၊
ပေါက်ပင်ကွင်း ကျေးရွာဇာတိ ဆရာတော်ကြီး ဦးစန္ဒြမဏိ၏ ကျေးဇူးကြောင်းဖြစ်သည်။
၁၉၅၆ ခု နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံ၌
အပြောင်းအလွဲကြီး တစ်ခု ပေါ်ပေါက်ခဲ့သည်။ ၄င်း အပြောင်းအလဲ အဖြစ်အပျက်သည်
အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့ ရှိ ဟိန္ဒူအယူသည်းများကို များစွာ
တုန်လှုပ်စေခဲ့သည။ ၄င်းအဖြစ်အပျက်မှာ ဒေါက်တာ ဘာဘာဆာဟဲဗ် အမ္ဗက်ဒက (Dr. Babasageb Ambedkar) ဦးဆောင်သော ခြောက်သိန်းသော လူထုက Madhya Pradesh (အလယ်ပိုင်း ပြည်နယ်) ရှိ နာဂပူမြို့ မှာ ဆရာတော်ဦးစန္ဒြမဏိ၏ ခြေတော်ရင်း၌
ဗုဒ္ဓဘာသာအဖြစ် ခံယူကြခြင်းဖြစ်သည်။ ဒေါက်တာ အမ္ဗက်ဒကာသည် အယူသည်းများ
လွှမ်းမိုးသော၊ ဇာတ်ပြတ်သနာ အကြီးကျယ်ဆုံးသော အိန္ဒိယနိုင်ငံ၏ ဥပဒေကို
ရေးသားခဲ့သူဖြစ်သည်။ ဒေါက်တာ အမ္ဗက်ဒကာ ရေးသာချမှတ်ခဲ့သော ဥပဒေကြောင့်သာ ယနေ
့ထိ အိန္ဒိယနိုင်ငံ စည်းစည်းလုံးလုံး တည်တန့်  နေဆဲဖြစ်သည်။ အဆိုပါ
ဗုဒ္ဓဘာသာခံယူပွဲ အခမ်းအနား၌ ဒေါက်တာ အမ္ဗက်ဒကာသည် ဘိုးဘီး လက်ထက်ကပင် သက်ဝင်ယုံကြည်၍လာသော ဟိန္ဒူအယူကို စွန့် လွှတ်ကာ မျက်ရည်များပင် ယိုစီးလျက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ဟူ၍ ၃ ကြိမ်တိုင်တိုင် လူထုပရိတ်သတ်ကို တိုင်ပေးခဲ့သည်။ ၄င်းပြင် ဒေါက်တာအမ္ဗက်ဒကာ က အိန္ဒိယနိုင်ငံ၌ နောင်လာမည့် နှစ်များ အတွင်း ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားလာလိမ့်မည်ဟူ၍ တင်ကြို ဟောကိန်း ထုတ်ခဲ့ပေသည်။
အားလုံးသိကြသည့် အတိုင်း အိန္ဒိယ နိုင်ငံသည် ဗုဒ္ဓဘာသာကို မွေးထုတ်ပေးလိုက်သည့် နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာသည် ဤနိုင်ငံ၌ နှစ်ပေါင်း ၁၅၀၀ ကျော်မျှ လျှမ်းလျှမ်းတောက် ထွန်းကားခဲ့သည်။ ၁၂ ရာစု နောက်ပိုင်းတွင်ကား အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ဗုဒ္ဓဘာသာ၏ မိခင်နိုင်ငံမှ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားရခြင်း အကြာင်းနှင့် ပတ်သတ်၍ ပညာရှင်များက အောက်ပါ အချက်များကို ထောက်ပြကြသည်။
၁။ ဗုဒ္ဓဘာသာ၌ အကျင့်ပျက်မှု များပြားလာခြင်း၊
၂။ အေဒီ ၇ ရာစု နောက်ပိုင်း ဗုဒ္ဓဘာသာသည် စနစ်တစ်ခုတည်းမဟုတ်တော့ဘဲ ဂိုဏ်းပေါင်းများစွာ ကွဲပြားလာခြင်း၊
၃။ မဟာယာန နှင့် တန်တရိယာန ဂိုဏ်းတို့  ပေါ်ပေါက်လာပြီး သူတို့ ၏ တရားတော်များသည် ဟိန္ဒူဘာသာနှင့် ပို၍ ပို၍ နီးကပ်သွားခြင်း၊
၎။ ဗုဒ္ဓဘာသာ ပညာတတ် ရဟန်းတော်များက တခြားနိုင်ငံတို့ သို့  သာသနာပြု ခရီးကြွချီကြပြီး အိန္ဒိယသို့  အပြန်နည်းပါးခြင်း၊
၅။ လူမှုရေး လောကကို ဦးစားမပေးခြင်း၊
၆။ ဗြာဟ္မဏများ၏ အကြီးအကျယ် ထိုးနှက်ချက်ကို နောက်ပိုင်း၌ ခုခံနိုင်သူ နည်းပါးလာခြင်း၊
၇။ အုပ်ချုပ်သူ လူတန်းစားတို့ ၏ အထောက်အပံ့ မရရှိနိုင် ဖြစ်လာခြင်း၊
၈။ အမျိုးသမီးများ သာသနာတော်၌ ဝင်ရောက် ရဟန်းပြုမှုများပြားလာခြင်း၊
၉။ ၁၂ ရာစုမှာ မူဆလင်များက အိန္ဒိယကို သိမ်းပိုက်ခဲ့ပြီး ဗုဒ္ဓဘာသာ အဆောက်အဦးများ အားလုံး မီးရှို့ ခံရ၍ ဘုန်းကြီး အများစုလည်း အသတ်ခံသွားရခြင်း။
အထက်ပါ
အကြောင်းအရာများ အားလုံးကို စိစစ်ကြည့်သော် ဗုဒ္ဓဘာသာကွယ်ပျောက်ရခြင်း
အကြောင်း(၂)ရပ်ကို တွေ့ ရမည် ဖြစ်သည်။ ၄င်း အကြောင်းရင်း ၂ ရပ်မှာ--
၁။ အတွင်း အကြောင်း
၂။ အပြင် အကြောင်း တို့ ဖြစ်သည်။
သို့ သော် ၄င်း အကြောင်း ၂ ရပ်မှာ အပြင် အကြောင်းရင်းထက် အတွင်း အကြောင်းရင်းက ပို၍
ဗုဒ္ဓဘာသာကို ထိခိုက်စေခဲ့သည်။ ဗုဒ္ဓဘာသာသည် ဂိုဏ်းကြီး ၁၈ ဂိုဏ်းထိ
ကွဲပြားသွားပြီး အချင်းချင်း တိုက်ခိုက် ပုတ်ခတ်လာကြသည်။ နှောင်းပိုင်း
ဗုဒ္ဓဘာသာကျောင်းများသည် အစောပိုင်းကျောင်းများကဲ့သို့ မဟုတ်တော့ဘဲ မူလ
လမ်းစဉ်မှ သွေဖယ်ကာ ဒုစရိုက်မျိုးစုံ ကျူးလွန်ရာ ဋ္ဌာနချုပ်ဖြစ်လာခဲ့သည်။
ဗုဒ္ဓဘာသာဘုန်းကြီး အချို့  အကျင့် ဖောက်ပြားခြင်းကြောင့် ယင်းသို့ 
ဖြစ်လာရခြင်း ဖြစ်သည်။
ထို့ ကြောင့် ပြည်သူများ၊ တကာ တကာမများအနေဖြင့် ဗုဒ္ဓဘာသာအပေါ် အယုံအကြည် ကင်းမဲ့၍ နောက်ဆုံး၌ ဗုဒ္ဓဘာသာသည် ၄င်း၏ မိခင်နိုင်ငံမှ လုံးဝချုပ်ကွယ် သွားခဲ့ရသည်။
ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံ၌
ချုပ်ကွယ်ခဲ့သော်လည်း အာရှတိုက်နိုင်ငံများသို့  အောင်မြင်စွာ
ထိုးဖောက်နိုင်ခဲ့သည်။ ယင်းသို့  ထိုးဖောက်နိုင်ခြင်းမှာ ဗုဒ္ဓ၏ တရားတော်သည်
စစ်မှန်သော၊ တကယ် ငြိမ်းချမ်းသော တရားစစ်
တရားမှန်ဖြစ်ခြင်းကြောင်းဖြစ်သည်။ မူလ ဗုဒ္ဓဘာသာ နိုင်ငံတော်မှ ဗုဒ္ဓဘာသာ
ကွယ်ပျောက်သွားရခြင်းသည် ဗုဒ္ဓဘာသာ အတွက် အကြီးအကျယ် အထိနာရခြင်း ဖြစ်သည်။
ထို့ ကြောင့် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားလာရေး အတွက်
ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း၌ တာဝန်ရှိလာပေသည်။
ဤအချက်ကို
အလိုတော်ပြည့် ဆရာတော်သည် ကောင်းစွာ သဘောပေါက်သည့် အတွက်ကြောင်း
ဆရာတော်ဘုရားသည် ၁၉၉၅ ခုနှစ် ပထမဆုံး အကြိမ် အိန္ဒိယသို့  ဘုရားဖူး
ကြွလာခဲ့သည်။ ဘုရားဖူးဆိုသော်လည်း သာမံ ဘုရားဖူးရုံမျှမဟုတ်ပဲ သာသနာတော်
အတွက် အကျိုးဖြစ်ထွန်းမည့် အချက်များကို စိစိစ် လေ့လာခဲ့သည်။
အိန္ဒိယနိုင်ငံသည်
လူဦးရေ သန်းတစ်ထောင်ပြည့်သည့် အလျောက် ဆင်းရဲသား လူဦးရေ ၇၀ ရာခိုင်းနှုန်း
နေထိုင်သော နိုင်ငံကြီး တစ်နိုင်ငံဖြစ်သည်။ ဆင်းရဲသူ လူပြိန်း
လူတန်းစားများသည် အလွန်မြင့်မားပြီး နက်နဲသိမ်မွေ့ သော အဘိဓမာ
တရားတော်များနှင့် ဝိပသနာတရားတော်များကို လေ့လာလိုက်စားနိုင်မည့်
အချိန်မရှိပေ။ သူတို့  စိတ်ဝင်စားသည်မှာ (၁) သူတို့ ၏ ကာမဂုဏ်
စည်းစိမ်ပြည့်စုံရေး (၂) သူတို့  ထမင်း နပ်မှန်ရေး (၃) သူတို့ ၏ သား သမီး
ပညာရေး (၄) သူတို့ ၏ ကျန်းမာရေး စသည်တို့သာဖြစ်သည်။
ခရစ်ယာန် သာသနာပြုကျောင်းများသည် ဤအချက်များကို ကောင်းစွာ လေ့လာလျက်
သူတို
့၏ သာသနာပြုကျောင်းများနှင့် တွဲ၍ အခမဲ့ ဆေးပေးခန်း၊ အခမဲ့
ပညာသင်ကျောင်းများ ဖွင့်လှစ်ထူထောင်လေ့ရှိကြသည်။ ကမ္ဘာမှာ အအောင်မြင်ဆုံး
အမျိုးသမီးဟု လူသိများသည့် ခရိယာန် မေတော်ကြီး၊ နိုဘယ်ဆုရှင် မာသာ ထရေဇာ (Mother Teresa) ကျောင်းများတွင် ဤအချက်များကို ကောင်းစွာ တွေ့ မြင်နိုင်သည်။ ထို့ ကြောင့် အိန္ဒိယ နိုင်ငံ၌ ခရစ်ယာန် သာသနာပြုလုပ်ငန်းသည် အလွန်အောင်မြင်သည်ဟု ဆိုရပေမည်။
ဗုဒ္ဓဘာသာ ကျောင်းများသည်ကား ယင်းသို့  မဟုတ်မူ၍
မိမိတို့  သမားရိုးကျ ထုံးစဉ်ကို ယခုတိုင် လျှောက်နေဆဲဖြစ်သည်။ ဗုဒ္ဓဘာသာ
ကျောင်းများသည် ယခုတိုင် လူတိုင်း ညာဏ်မမှီနိုင်သည့် နက်နဲသော
အဘိဓမ္မာတရားတော်များကိုသာ အလေးပေးလျက်ရှိသည်။
ဗုဒ္ဓဘာသာ ကျောင်းများသည် မျက်မှောက်ခေတ်လူထုစိတ်ဝင်စားဆုံးဖြစ်သော ပညာရေး၊ ကျန်းမာရေး စသော အချက်တို့ ကို မျက်ကွယ်ပြုဆဲဖြစ်သည်။
ထို့ ကြောင့် ဗုဒ္ဓဘာသာတို့ ၏ သာသနာပြုမှုသည် ခရစ်ယာန်တို့ ၏ သာသနာပြု လုပ်ငန်းလောက် မထိုးဖောက်နိုင်ပဲ ယခုတိုင် အိန္ဒိယနိုင်ငံ၌ သုညဒသမ ၁၁ ရာခိုင်းနှုန်းဖြင့် နောက်ဆုံးအဆင့်မှာသာ ရှိနေသည်။
ဆရာတော်သည် ဤအချက်အလက်များကို ကိုယ်တိုင် ကောင်းစွာ လေ့လာသိရှိခဲ့၍ အိန္ဒိယ၌
သာသနာပြုလိုလျက် မည်သည့်လုပ်ငန်းကို စတင် အကောင်အထည် ဖေါ်ရမည်ကို
ဆုံးဖြစ်ခဲ့သည်။ ယင်းကြောင်း တပည့် တကာ များနှင့် တိုင်ပင်ကာ ဗောဓိသုခ
ပရဟိတကျောင်းကို စတင် ထူထောင်ရန် တပည့် ရဟန်းတော်များကို စီစဉ်ပေးပြီး
သူကိုယ်တိုင် သြဝါဒစရိယ ဆရာတော် အဖြစ် အားကြိုးမာန်တက်
ဆောင်ရွက်လျက်ရှိသည်။
၎င်းပြင်
ဆရာတော်သည် နာဂပူ မြို့ သူ မြို့ သားများနှင့် ကုသိနာရုံ သာသနာပြုဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တ ဉာဏိဿရ တို့ ၏ ပင့်ဖိတ်ချက် အရ ၁၉၉၉ ခုနှစ်တွင်
သိမ်သမုတ်ရန် အတွက် ဦးသုစိတ္တာဘိဝံသ ဦးဆောင်သော တပည့် ရဟန်းတော် ငါးပါးကို
မိမိကိုယ်စား စေလွှတ်ခဲ့သည်။ ဆရာတော်ဘုရား၏ နောက်ထပ် ထူးခြားသော သာသနာပြု
ဆောင်ရွက်ချက်များမှာ ကာလကတ္တားမြို့  ဗောဓိသုခ ပရဟိတကျောင်းတိုက်၌
အမြင့်
၂၇ ပေ ရှိ ရွှေတိဂုံ ပုံတူ စေတီတော် တစ်ဆူ တည်ထားခြင်း၊ ဗုဒ္ဓဘာသာ
အလွန်ရှားပါးပြီး ကွယ်ပျောက်လုနီးပါး ဖြစ်နေသော တရိပူရ ပြည်နယ်၌ စေတီတော် တစ်ဆူတည်ထားပေးပါရန်
ပြည်နယ် ခရီးသွားလာရေး ဝန်ကြီးနှင့် ဗုဒ္ဓဘာသာဝင်တို့ 
တောင်းပန်ချက်ကြောင့် စေတီတော် တည်ထား ကိုးကွယ်ရန် ပန္နက်ချပေးခြင်း၊ အာသံ
ပြည်နယ်ရှိ ရဟန်းတော်များကို ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း၊
မာဂဓတက္ကသိုလ်၌ ပညာသင်ရဟန်းတော်များအား ကထိန်သင်္ကန်း ကိုယ်တိုင် ကိုယ်ကျ ဆက်ကပ် လှူဒါန်းခြင်း စသည့် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို
့ပြင် ဆရာတော်ဘုရားသည် ၁၁သန်းမျှသော အိန္ဒိယ ဗုဒ္ဓဘာသာဝင်များ ဘာသာရေး
လူမှုရေး အသိစိတ်ဓါတ် ပိုမို တိုးတက် လာစေရေးအတွက် နောက်ထပ် ကျောင်းများ
ဆောက်လုပ်၍ သာသနာပြု လုပ်ငန်းများကို ပိုမိုချဲ
့ထွင်ရန် အစီစဉ်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ကမ္ဘာ့အနှံ့ အပြားရှိ
ဆရာတော်၏ တပည့် တကာများ အနေဖြင့် ဆရာတော်၏ မြင့်မြတ်သော သာသနာပြုလုပ်ငန်း၌ မိမိတို့ တတ်စွမ်းသမျှ ကူညီ ပေးသွားရမည် ဖြစ်သည်။ သို့ မှသာ ဒေါက်တာ အမ္ဗက်ဒကာ ဟောကိန်းထုတ်ခဲ့သော “နောင်လာမည့် အနာဂါတ်ကာလတွင် အိန္ဒိယ နိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားလာလိမ့်မည်” ဟူသော စကားသည် ပို၍ ပို၍
မှန်ကန် လာမည် ဖြစ်ကြောင်း တင်ပြယင်း ကျောက်ပန်းတောင်းမြို့ 
မဟာအောင်မြေရတနာ စာသင်တိုက် နှစ် ၃၀ ပြည့် အထိမ်းအမှတ် တွင်
ဆရာတော်ဘုရားအား ဤစာတန်းဖြင့် ပူဇော်အပ်ပါသည်။
No comments:
Post a Comment