မေး ။ တကာကြီးနာမည်ကဘယ်လိုခေါ်ပါသလဲ?
ဖြေ။
ဦးလှသိန်းလို့ခေါ်ပါတယ်ဘုရား။
မေး။ အသက်ကဘယ်နှစ်နှစ်ရှိပြီလဲ?
ဖြေ။
၆၈ နှစ်ရှိပါပြီဘုရား။
မေး။ တကာကြီးရဲ့အလုပ်အကိုင်က..
ဘယ်ဌာနမှာလုပ်ခဲ့ပါသလဲ?
ဖြေ။
ဆောက်လုပ်ရေးဌာနမှာ လက်ထောက်အင်ဂျင်နီယာအဖြစ်လုပ်ခဲ့ပါတယ်။ အခုတော့ အသက်ပြည့်လို့ အငြိမ်းစားယူလိုက်ပါပြီ။
မေး။ နေတာက ဘယ်မှာနေပါလဲ?
ဖြေ။
နေတာက ရန်ကုန် ကြည့်မြင်တိုင်မှာ နေပါတယ်ဘုရား။
မေး။ တကာကြီးဟာ အိန္ဒိယနိုင်ငံ ကာလကတ္တာမြို့ကိုလာပြီး ကျောက်ကပ်အစားထိုးကုသတဲ့နေရာမှာ
အချိန်အကြာကြီးဆေးရုံတက်ပြီးကုသမှုကိုခံယူခဲ့ရတယ်လို့သိရပါတယ်။ တစ်ခြားလူနာတွေက အလွန်ဆုံးကြာရင်သုံးလ၊
လေးလလောက်ပဲကြာပါတယ်။ တကာကြီးက ဘာကြောင့်အဲဒီလောက်ထိ ကြာသွားရတာပါလဲ။
ဖြေ။
ကြာသွားရတဲ့အကြောင်းက အကြောင်းအမျိုးမျိုးကြောင့်လို့ဖြေရမှာပါဘုရား။ တပည့်တော်တို့
ပထမတက်တဲ့ဆေးရုံက မီးလောင်သွားတော့ နောက်ဆေးရုံပြောင်းပြီးတက်ရောက်ကုသရတဲ့အတွက် အခက်အခဲတွေဖြစ်သွားရတော့
အဲဒီလိုကြာသွားတယ်လို့ဆိုနိုင်ပါတယ်။
မေး။ ဟုတ်ကဲ့ အဲဒီအခက်အခဲတွေကိုနဲနဲပြောပြလို့ရပါမလား?
ဖြေ။
(ဤတွင်လူနာရှင်ကိုယ်စားသမီးဖြစ်သူကဖြေဆိုသည်။) တပည့်တော်တို့ အိန္ဒိုယကိုရောက်တာက ၂၀၁၁ခုနှစ်၊
စက်တင်ဘာလ၁၉ ရက်နေ့ရောက်ပါတယ်။ စက်တင်ဘာလဆိုတော့ အိန္ဒိယမှာ ပူဇော်ပွဲတွေလုပ်တဲ့ရာသီဖြစ်လို့
တစ်လလောက် ဆေးရုံမတက်ဖြစ်ပဲစောင့်ရပါသေးတယ်။ စက်တင်ဘာကုန်လို့ အောက်တိုဘာလမှာ ဆေးရုံသွားပြီးဆရာဝန်တွေသွားပြတော့
အဲဒီကဆရာဝန်တွေက မြန်မြန်လာခဲ့ပါဆိုတော့ တပည့်တော် ဆေးရုံသွားတက်လိုက်ကြတယ်ပေါ့။ အဲဒီမှာ
အဖေက နှလုံးမကောင်းတော့နှလုံးခွဲရသေးတယ်။ နှလုံးခွဲတာက အောက်တိုဘာ ၂၀ ရက်နေ့ဖြစ်မယ်ထင်ပါတယ်။
နှလုံးခွဲလို့သိပ်မကြာဘူး နိုင်ဝင်ဘာလကုန်လို့ ဒီဇင်ဘာလ ၉ရက်နေ့မှာ အဲဒီ အင်မရီဆေးရုံ
(AMRI) မီးလောင်သွားပါတယ်။ မီးလောင်သွားတာက ပင်မဆေးရုံကြီးလောင်သွားတာပါ။
မေး။ အော်…ဟုတ်လား?
ဖြေ။
မှန်ပါဘုရား။
ဖြေ။
မီးလောင်သွားတာက ပင်မဆေးရုံကြီးလောင်သွားတာပါ။ သူတို့မှာ အဲဒီအင်မရီနာမည်နဲ့ဖွင့်ထားတဲ့
ဆေးရုံခွဲတွေရှိပါတယ်။ ပင်မဆေးရုံမီးလောင်သွားတော့ အစိုးကနေ သူတို့ဆေးရုံးကိုလိုင်စင်ပိတ်လိုက်ပါတယ်။
တပည့်တော်တို့ကလဲ ပြန်မယ်ပေါ့။ အဲဒါသူတို့က မပြန်နဲ့အုံး သူတို့ဆေးရုံလိုင်စင်ပြန်ရဖို့ကြိုးစားနေပါတယ်ပေါ့။
လိုင်စင်ရရင် ခွဲပေးမယ်ပေါ့။ ဒါနဲ့တပည့်တော်တို့လဲ စောင့်ကြည့်တာပေါ့။ လိုင်စင်ပြန်ရရင်
သူတို့ရဲ့ဆေးရုံခွဲတစ်ခုမှာခွဲပေးမယ်ပေါ့။ နောက်လခွဲပေးမယ် ရှေ့လဆိုယင်ခွဲပေးမယ်ဆိုပြီးစောင့်ခိုင်းပါတယ်။
ဒါနဲ့တပည့်တော်တို့လဲ
ခွဲရနိုး ခွဲရနိုးနဲ့ စောင့်လိုက်တာ တော်တော်ကြာသွားပါတယ်။ ဘယ်လောက်ကြာသွားသလဲဆိုယင်
၉ လလောက်ထိကြာသွားပါတယ်။ ဒါပေမယ့် သူတို့မှာလိုင်စင်ပြန်ရပုံမပေါ်ဘူး။ ဒီတော့ သူတို့က
တပည့်တော်ကို ဘာပြောသလဲဆိုတော့ ကျောက်ကပ်လှူမယ့်ပုဂ္ဂိုလ်မှာ ဘာပိုးရှိတယ်၊ ဘာရောဂါရှိတယ်ဆိုပြီး
အကြောင်းပြပြီးတော့ ပြန်ခိုင်းတယ်။ ဒါပေမယ့် တပည့်တော်မ အဖေက မပြန်သေးဘူးဆိုပြီး တင်းခံနေတယ်ပေါ့။
အဲဒါနဲ့ ဆေးကောင်စီကိုဝင်ခိုင်းတယ်။ ဆေးကောင်စ်ီဝင်ရင်မုချ ပယ်ချခံရမယ်ဆိုတာ သူတို့သိထားပါတယ်။
ဘာကြောင့်လဲဆိုတော့တပည့်တော်တို့မှာ ဒိုနာနဲ့ပတ်သက်လို့ ဘာအထောက်အထား စာရွက်စာတမ်းမှပါမလာဘူး။
သူတိုကလဲ အဲဒါကိုသိတယ်။ သူတို့က ဆေးကောင်စီမှာ တင်ပြရမယ့် အထောက်အထားတွေကို အဖြစ်သဘောလောက်ပဲ
စာရွက်တစ်ရွက်နှစ်ရွက် ရေးပေးလိုက်တယ်။ ဒါနဲ့တပည့်တော်တို့လဲ
ဆေးကောင်စီဝင်လိုက်ပါတယ်။
မေး။ ဆေးကောင်စီဝင်လိုက်တော့ ဆေးကောင်စီကဘာတွေမေးသေးလဲ?
ဖြေ။
သူတို့ကမေးတာပေါ့၊ လူနာနဲ့ ကျောက်ကပ်လှူမယ့်ပုဂ္ဂိုလ် ဘာတော်စပ်သလဲစသဖြင့် အထောက်အထားတွေပြခိုင်းတာပေါ့။
တပည့်တော်တို့မှာလည်း အထောက်အထားက ပြည့်ပြည့်စုံစုံပါမလားဘူးလေ။ အင်မရီးဆေးရုံကဆရာဝန်တွေက အကြမ်းရေးပေးလိုက်တဲ့ စာရွက်လောက်ပဲပြနိုင်တယ်ပေါ့။
ဒါနဲ့ ဆေးကောင်စီမှာ ပယ်ချခံရပါတယ်။
မေး။ ကျောက်ကပ်လှူမယ့် ဒိုနာက ဆွေမျိုးထဲကလား?
ဖြေ။
ဆွေမျိုးထဲကတော့ မဟုတ်ဘူးဘုရား၊ တပည့်တော်တို့ ပစ္စည်းလေးပါး ထောက်ပံ့ထားတဲ့ ဦးဇင်းလေးပါ။
မေး။ ဦးဇင်းလေးပယ်ချခံရတော့…?
ဖြေ။
ဦးဇင်းလေးပယ်ချခံလိုက်ရတော့ ဦးဇင်းလေးလဲသူ့မှာကျောင်းဖွင့်တော့ ရန်ကုန်ပြန်ကြွသွားပါတယ်။
ဦးဇင်းလေးကပြောသွားပါတယ် ဆေးကောင်စီမှာနောက်တစ်ကြိမ်ဝင်လို့ရမယ်ဆိုယင် ပြန်လာခဲ့မယ်ပေါ့။
မေး။ တကာမတို့အဖေက ဒီကိုလာခဲ့တုန်းက ဒီဗောဓိသုခကျောင်း အဆက်အသွယ်နဲ့
လာခဲ့တာမဟုတ်ဘူးလို့ပြောတယ်။ ဒီဗောဓိသုကျောင်းနဲ့ဘယ်လိုအဆင်အသွယ်ရပြီး ဒီကျောင်းကိုဘယ်လိုရောက်လာခဲ့တာလဲ?
ဖြေ။
မှန်ပါ။ တပည့်တော်တို့အဖေက ဒီဗောဓိသုခကျောင်းနဲ့အဆက်အသွယ်လုပ်ပြီးလာခဲ့တာတော့ မဟုတ်ပါဘူးဘုရား။
တပည့်တော်တို့က ဒီအင်မရီဆေးရုံကိုတခါတည်းအဆက်အသွယ်လုပ်ပြီးလာခဲ့တာပါ။ ဒေါက်တာခင်မောင်ဌေးက ဒီအင်မရီကိုသွားလိုက်ပါဆိုပြီးညွန်လိုက်တော့
တပည့်တော်တို့လည်း တစ်ခြားကို မစုံစမ်းဘဲ ဒီအင်မရီကိုပဲရောက်သွားခဲ့တာပါ။ ဒီဗောဓိသုခကျောင်းနဲ့အဆက်အသွယ်ရတာက
တပည့်တော်တို့ ကျောက်ကပ်သွားဆေးတဲ့နေရာမှာ ဗွီးရှင်းကေးယားမှာပေါ့ ဒီလူနာတွေလဲလာဆေးကြတယ်လေ။
ကိုယ့်ဗမာလူနာအချင်းချင်းတွေ့ပြီး စကားတွေပြောဖြစ်သွားတယ်။ ပြီးတော့ ဒီကလုနာတွေကိုလိုက်ပို့တဲ့
ဦးဇင်းတွေ ကိုယ်ယင်တွေနဲလဲတွေ့ပြီး နှုတ်ဆက်သတင်းမေးယင်း အဆက်အသွယ်တွေရသွားတာပါဘုရား။
ဒါပေမယ့် ဒီဗောဓိသုခကျောင်းကို တပည့်တော်တို့ချက်ချင်းမလာနိုင်သေးဘူး။ အဖေကလဲ နှလုံးခွဲထားရတယ်။
ပြီတော့ နေတာကလဲအဝေးကြီး။ ကျောင်းကိုလာမယ်ဆိုယင်တောင် သုံးနာရီလောက်ကားစီးရတယ်လို့ပြောတယ်။
ပြီးတော့ တပည့်တော်နဲ့ တပည့်တော်ရဲ့ညီမလေးရယ် မိန်းကလေးတွေဖြစ်နေတော့ အဲဒီလောက်အဝေးကို
သွားဖို့ကမလွယ်ဘူးပေါ့။ ကံကောင်းချင်တော့ ဒီကဘုန်းဘုန်းကြီးနဲ့ တပည့်တော်ညီမနဲ့ တိုင်ပင်မှာတွေ့ဖြစ်သွားတယ်။
ဒါနဲ့တပည့်တော်ညီမလေးက ဘုန်းဘုန်းကြီးကျောင်းကိုသွားပြီး ကျောင်းမှာလာတည်းဖို့အကြောင်းကိုလာလျောက်တယ်ပေါ့။
ဒါပေမယ့်အဲဒီနေ့က ဘုန်းဘုန်းကြီးက ဗုဒ္ဓဂယာကြွသွားတယ်လို့ပြောတယ်။ အဲဒီတုန်းက ကျောင်းမှာတည်းပြီး
ကျောက်ကပ်ခွဲမယ့်လူနာက ခြောက်ယောက်ရှိနေပါတယ်။ ဒီတော့ ညီမလေးစဉ်းစားတာက ကျောင်းလာပြီး
ဒီကျောင်းကလူနာတွေခွဲတဲ့အပိုလိုဆေးရုံမှာခွဲမယ်ဆိုယင် စီနီယာအတိုင်းသွားနေမယ်ဆိုယင်
တော်တော်ကြာဦးမယ်ပေါ့။ ပိုက်ဆံကလဲတော်တော်ကုန်နေပြီ။ စောင့်နေရတာလဲတော်တော်ကြာပြီ
အင်မရီကဆရာဝန်တွေလည်း သူတို့ခွဲပေးမယ်ပြောထားတယ်ဆိုတော့ ဒီဘက်ကိုချက်ချင်းမလာလိုက်ဘူးပေါ့။
အဲဒါနဲ့ ဆေးကောင်စီမှာ အပယ်ချခံရတဲ့အခါကျတော့ အင်မရီဆေးရုံကဆရာဝန်တွေက အတင်းပြန်ခိုင်းပါတယ်။
သူတို့က လေယာဉ်လက်မှတ်ဝယ်ပေးမယ်ပြောတယ်။ ဒါပေမယ့် တပည့်တော်ညီးမလေးက ကိုယ့်ဟာကိုယ်ဝယ်မယ်ပြောလိုက်ပြီး
ဒီကဘုန်းဘုန်းကြီးကို အဆက်အသွယ်လုပ်ကြည့်ပါတယ်။ ဘုန်းဘုန်းကြီးက ကျောင်းကိုလာခဲ့ပါဆိုပြီး
တကာ ဦးချောင်ကိုလာကြိုခိုင်းလိုက်ပါတယ်။ ကျောင်းကိုရောက်တော့ ဘုန်းဘုန်းကြီးကိုယ်တိုင်
လိုက်ပြီးလိုအပ်တာတွေအားလုံးကို ကူညီပေးပါတယ်ဘုရား။
မေး။ ဒီတော့ တကာကြီးကို ခွဲတာကအပိုလိုဆေးရုံမှာမဟုတ်ဘူးပေါ့?
ဖြေ။
မဟုတ်ဘူးဘုရား။ အပိုလိုမှာက လူနာတွေကတအားများနေတော့ နေရာမရှိဘူးဖြစ်နေပါတယ်။ တပည့်တော်မတို့မှာ
ပိုက်ဆံကအရမ်းကုန်နေပြီ၊ ကြာလဲကြာနေပြီးဆိုတော့ ဒါနဲ့အမြန်ခွဲရအောင်ဆိုပြီး မေဒီကယ်လ်ဆေးရုံမှာပဲခွဲလိုက်တာဖြစ်ပါတယ်။
ဘုန်းဘုန်းကြီးကလဲ အဖေကို အမြန်ဆုံးခွဲရဖို့အရေး နေ့မအားညမအားလိုက်လုပ်ပေးပါတယ်။ လိုအပ်တာအားလုံးကူညီးပေးပါတယ်။
ငွေရေးကြေးရေးကအစပေါ့ဘုရား။
မေး။ မေဒီကယ်လ်မှာ ခွဲဖို့ဖြစ်တော့ ကျောက်ကပ်အလှူရှင်ပုဂ္ဂိုလ်ကဘယ်သူလဲ?
ဖြေ။
ကျောက်ကပ်အလှူရှင်က တပည့်တော်ရဲ့ညီးမလေး စန္ဒာနွယ်ပါ။ သူကပဲလှူလိုက်ပါတယ်။
မေး။ မစန္ဒာနွယ်က တကာကြီးရဲ့သမီးအလတ်ပေါ့။ သူကကျောက်ကပ်လှူဖို့ဆုံးဖြတ်ပြီး ဆေးကောင်စီဝင်တဲ့အခါကျတော့ အယင်တစ်ခေါက်ကလိုအခက်အခဲတွေဘာမှမဖြစ်ဘူးလား?
ဖြေ။
တပည့်တော်ရဲ့ညီးမကလှူမယ်ဆိုတော့ ဆေးကောင်စီကဘာမှအထူးအထွေတော့ မပြောတော့ဘူး။ အဖေရဲ့သမီးအရင်းလဲဖြစ်နေတယ်၊
ပြီးတော့အသက်ကလဲ လေးဆယ်ကျော်ဆိုတော့ဘာမှမပြောဘူး။ ဦးဇင်းလေးတုန်းကတော့ အသက်ငယ်သေးတာလဲပါတယ်။
ပြီးတော့ အဖေ့မှာဆီးချိုရှိတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ကျောက်ကပ်အထုတ်ခံရယင် အသက်ကြီးလာတဲ့အခါ
အဖေ့လိုပဲ ဆီးချိုဖြစ်နိုင်တယ်ပေါ့ဘုရား။ ဦးဇင်းလေးတုန်းကမရပေမယ့် ညီမကျတော့ ဘာမှမပြောတော့ဘူး။
မေး။ ဒီတော့ အခုဒီဘက်မေဒီမကယ်မှာဘယ်နှစ်လလောက်ကြာပြီလဲ?
ဖြေ။
လေးလတောင်မပြည့်သေးဘူးဘုရား။
မေး။ ဒီတော့ အားလုံးအဆင်ပြေသွားပြီလို့ ပြောနိုင်ပြီးလား?
ဖြေ။
အားလုံးအဆင်ပြေသွားပါပြီးဘုရား။ ကျောင်းက ဦးဇင်းတွေ၊ ကိုယ်ယင်တွေ တတ်နိုင်သမျှကူညီးပေးကြပါတယ်ဘုရား။
မိသားစုလိုပါဘဲ။ တပည့်တော်တို့က ကျေးဇူးတင်လို့မဆုံးဘူးဘုးရား။ တပည့်တော်တို့ ဒီဘက်မေဒီကယ်လ်
ဆေးရုံရောက်ပြီး အဖေကျောက်ကပ်ခွဲတဲ့အခါ အဖေ့ အခြေအနေကိုကြည့်ပြီး အတော်လဲစိုးရိမ်ကြပါတယ်။
အဖေ့ကိုယ်ခံအားတွေက လုံးဝကျသွားပြီးတော့ သတိမလည်တစ်ချက်၊ လည်တစ်ချက်ဖြစ်သွားတယ်။ ပြီးတော့
အဖေက လေဖြတ်ခံထားရတော့ အတော့်ကိုစိုးရိမ်မိကြပါတယ်။ တပည့်တော်မတို့လည်း ဘုန်းဘုန်းကြီးကိုခဏခဏမေးနေရတာ
အားနားတာပေါ့ဘုးရား။ ဒါပေမယ့် ဘုန်းဘုန်းကြီး လူနာရဲ့အခြေအနေကိုမေးပါတယ်။ ပြီးတော့
ဘုန်းဘုန်းကြီးက အတွေ့အကြုံရှိထားတော့ လူနာတွေရဲ့ဖြစ်တတ်တဲ့သဘာဝကိုသိပါတယ်။
မေး။ အင်မရီဆေးရုံကဆရာဝန်တွေက ဘာကြောင့်မခွဲပေးတာလို့ထင်လဲ?
ဖြေ။
အင်မရီဆေးရုံက တကယ်တော့ ကျောက်ကပ်ခွဲတဲ့ဆေးရုံမဟုတ်ဘူးဘုရား။ ပြီးတော့ ကျောက်ကပ်ခွဲဖို့နေရာလဲမရှိဘူး။
သူတို့ မခွဲပေးနိုင်ယင်လဲ မခွဲပေးနိုင်ဘူးလို့ မပြောဘူး။ ဟိုလိုတစ်မျိုးပြော၊ သည်လိုတစ်မျိုးပြောပြီးတော့
အချိန်ဆွဲထားတယ်။ နောက်ဆုံးသူတို့မတတ်နိုင်တဲ့အခါကျတော့မှ အတင်းပြန်ခိုင်းတယ်။ အဖေကလဲ
ဇွဲကောင်းကောင်းနဲ့ ငါကျောက်ကပ်မခွဲရယင် ကျောက်ကပ်မလဲရယင် မပြန်ဘူးဆိုပြီး တင်းခံနေလိုက်လို့ပေါ့။
ပြီးတော့ နိုင်ငံခြားသားတွေဆိုတာ ပြောတဲ့အတိုင်း ဂတိတည်ပြီးလုပ်ပေးတတ်ကြတယ်လို့ ယုံကြည်ပြီးသူတို့ပြောတဲ့အတိုင်း
စောင့်ယင်း ဒီလိုကြာသွားရတာဖြစ်ပါတယ်။ စရောက်တုန်းကလဲ
အဖေရယ် တပည့်တော်ညီမရယ် တပည်တော်ရယ် ပြီးတော့ ဦးဇင်းလေးရယ်ပေါ့။ ဦးဇင်းလေးက ပြန်သွားတော့ ယောက်ျားဆိုလို့ဘယ်သူမှမရှိဆိုတော့
အေးအေးဆေးဆေးတိုင်ပင် ဆွေးနွေးဖို့လူလည်းမရှိဘူးဖြစ်သွားတယ်ပေါ့။ ပြီးတော့
ရန်ကုန်ကိုအဆက်အသွယ်လုပ်ရတာလဲ သိပ်မလွယ်ဘူး။ အဲဒီတုန်းက အွန်လိုင်းကသက်သာသာပြောလို့ရတဲ့
ဗိုက်ဘာတွေလဲမပေါ်သေးဘူး။ မောင်လေးတစ်ယောက်ရှိတာကလဲ
သူက၀န်ထမ်းဆိုတော့ ချက်ချင်းကို ခွင့်ယူလို့မရဘူး။ နောက်မှ အမေရယ် အဲဒီ တပည့်တော်မမောင်လေးရယ်
ရောက်လာခဲ့တာပါ။ တပည့်တော်ညီမက ရန်ကုန်ပြန်သွားလိုက် ဒီကိုပြန်လာလိုက် လုပ်ရတာ သုံးခေါက်တောင်ရှိပါတယ်ဘုရား။
တပည့်တော်မကတော့ နှစ်ခေါက်ပေါ့ ။ အမေနဲ့ မောင်လေးကတစ်ခေါက်ပဲ။ အမေက သူ့လေယာဉ်လက်မှတ်
သက်တမ်းကုန်းသွားလို့ ဟိုတစ်နေ့ကပဲပြန်သွားပါတယ်။ ညီမလေးက သူကျောက်ကပ်လှူပြီးတာနဲ့
ပြန်သွားပါတယ်။
မေး။ ဒီတော့ ဒီဘက် မေဒီကယ်လ်ဆေးရုံရောက်တော့ အခက်အခဲတွေကြုံရသေးလား?
ဖြေ။
မေဒီကယ်လ်ဆေးရုံရောက်တဲ့အခါ အခက်အခဲကတော့ ဘာမှမရှိခဲ့ဘူး။
အားလုံးအဆင်ပြေပါတယ်။
မေး။ ဒီတော့ တကာကြီးက ကျောက်ကပ်လဲလို့လဲအဆင်ပြေသွားပြီး။ ဆေးရုံကလဲ
ဆင်းလာနိုင်ခဲ့ပြီဆိုတော့ မနက်ဖြန်ဆိုယင် ရန်ကုန်ပြန်မှာပေါ့ ?
ဖြေ။
မှန်ပါဘုရား ?
မေး။ အဲဒီတော့ မနက်ဖြန်က စက်တာဘာ ၁၉ ရက်။ တကာကြီးတို့ပြန်ကြမယ်။ ဒီမှာ
အားလုံးကြာသွားတာက တစ်နှစ်နဲ့ဘယ်နှစ်လလောက်ကြာလဲ။
ဖြေ။
(လူနာတကာကြီး ဦးလှသိန်းကိုယင်တိုင်ဖြေသည်)
အားလုံးက တစ်နှစ်နဲ့တစ်လကြာပါတယ်။ ဒီဗောဓိသုခကျောင်းကိုရောက်တာက သုံးလတောင်မပြည့်သေးဘူး။
ဘုန်းဘုန်ကြီးရဲ့ကျေးဇူးကြောင့်အားလုံးအဆင်ပြေသွားပါပြီ။ တပည့်တော်ရဲ့အသက်ဟာ ဘုန်းဘုန်းကြီးပေးထားတဲ့အသက်ပဲဘုရား။
မေး။ တကာကြီးအနေနဲ့ နောက်ထပ်ဘာတွေ ပြောချင်သေးလဲ။ နောက်လူနာတွေလဲ သိရအောင်ပေါ့?
ဖြေ။
ဘုန်းဘုန်းကြီးကိုတော့ ကျေးဇူးတင်လို့မဆုံးဘူးဘုရား။ နောက်လူနာတွေ ကျောက်ကပ်လဲချင်တယ်ဆိုယင်
ဒီဗောဓိသုခကျောင်းကိုအဆက်အသွယ်လုပ်ပြီး ကျောက်ကပ်လဲကြဖို့ပြောချင်ပါတယ်။ အပြင်မှာတည်းရခိုရတာထက်စာယင်
ဒီကျောင်းမှာ အားလုံးအဆင်ပြေပါတယ်။ လူနာတွေအတွက်လဲ လိုအပ်တာဟူသမျှကို အစမှအဆုံး အဆင်ပြေအောင်လုပ်ပေးတယ်။
ကျောင်းက ဦးဇင်းတွေ၊ ကိုယ်ယင်တွေကိုလဲ ကျေးဇူးတင်လို့မဆုံးဘူးလို့ပြောချင်ပါတယ်ဘုရား။
မေးတဲ့ပုဂ္ဂိုလ်။ ။ မေးသမျှကို
စိတ်ရှည်လက်ရှည်ဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တကာကြီး။
မှတ်ချက်။
တကာ ဦးလှသိန်း၊ သူ့ကိုယ်စားဖြေဆိုပေးသူ သမီးကြီး မဥမ္မာနွယ်၊ သားဒေါက်တာ စည်သူနွယ်တို့
သုံးယောက်သည် ၁၉၊ ၁၀၊ ၂၀၁၂၊ နေ့ မနက်ကိုးနာရီလေယာဉ်ဖြင့် အိန္ဒိုယနိင်ငံ ကာလကတ္တားမြို့မှ
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ပြန်သွားကြသည်။
မေးမြန်းသူ
- ဦးအာလောက
ဗောဓိသုခပရဟိတကျောင်း၊
ကာလကတ္တားမြို့၊ အိန္ဒိယ
Email
# arlawka95@gmail.com
ဖုန်း
- +၉၁-၈၆၉၇၇၅၀၀၂၉
No comments:
Post a Comment