ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Monday, January 30, 2012

ဗောဓိသုခ ပရဟိတကျောင်း ဆရာတော် ဒေါက်တာ ဦးနန္ဒောဘာသ မြန်မာနိုင်ငံမှ ပြန်လည်ရောက်ရှိ



ဗောဓိသုခ ပရဟိတကျောင်း ဆရာတော် ဒေါက်တာ ဦးနန္ဒောဘာသ မြန်မာနိုင်ငံမှ ပြန်လည်ရောက်ရှိ
ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းတော်မူရာ ဗုဒ္ဓဂါယာမြေမြတ်မဟာ၌ ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကား လာစေရေး ဦးတည်ချက်ဖြင့် သာသနိကအဆောက်အဦးများ ဆောက်လုပ်ရန် စီစဉ်လျှက်ရှိနေသော အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ သည် ၂၂-၁၂-၂၀၁၁ နေ့မှစ၍၊ ၂၉-၁-၂၀၁၂ နေ့အထိ မြန်မာနိုင်ငံသို့ အလှူခံကြွရောက်နေရာမှ ယခုအခါ ပြန်လည်ရောက်ရှိပြီ ဖြစ်ပါသည်။ ဆရာတော်သည် ပထမအနေဖြင့် မြတ်စွာဘုရား သဗ္ဗညုတရွှေဉာဏ်တော် ရရှိတော်မူခဲ့သော ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ ၃၂၄၀၀ စတုရန်းပေ ရှိသော မြေကွက်ကို သာသနာ့မြေအဖြစ် ၀ယ်ယူနေပါသည်။ ဒုတိယအနေဖြင့် ၄င်းသာသနာ့မြေပေါ်၌ သာသနိကအဆောက်အဦးများ ဆောက်လုပ်ပြီး ဗုဒ္ဓအဆုံးအမအတိုင်း သာသနာပြုသွားမည် ဖြစ်ပါသည်။ ဆရာတော်သည် မြန်မာနိုင်ငံ၌ တကာ၊ တကာမများ၏ လှူဒါန်းမူကို လက်ခံရန် ၄၀ ရက်ကြာနေထိုင်ခဲ့ပါသည်။ ယခုအခါ ထိုသာသနာ့မြေ၀ယ်ယူရန်အတွက် အလှူငွေ ၂၅ ရာခိုင်နှုန်း ရရှိထားပြီ ဖြစ်ကြောင်းသိရပါသည်။
ဆရာတော်သည် ဘုရားအဆူဆူတို့ ပွင့်ထွန်းတော်မူရာ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသော ဗုဒ္ဓဂယာမြေမြတ်မဟာ၌ စေတနာ သဒ္ဓါတရားထက်သန်သူတိုင်း ၃ စတုရန်းပေ တစ်ကွက်လျှင် မြန်မာငွေ ၃၀၀၀၀ ကျပ်၊ သို့မဟုတ် အိန္ဒိယ ရူပီးငွေ ၂၀၀၀၊ သို့မဟုတ် အမေရိကန်ဒေါ်လာ ၄၀ ဖြင့် အောင်မြေတစ်ကွက်စီလှူဒါန်းနိုင်အောင် စီစဉ်ထားပါသည်။ ထိုအစီအစဉ်အရ သဒ္ဓါကြည်လင်ပါရမီရှင်များ မိမိတို့၏ စေတနာသဒ္ဓါတရားအလျှောက် နည်းများမဟူ လှူဒါန်းနိုင်ကြောင့် သိရပါသည်။ ယင်းသို့ လှူဒါန်းနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံအနှံ့အပြားနှင့် စင်ကာပူနိုင်ငံတို့တွင် ဆက်သွယ်လှူဒါန်းရန် ဌာနများ ဖွင့်လှစ်ထားကြောင်း သိရပါသည်။