ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Friday, December 13, 2013

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခြင်း

အဘဒေါက်တာမင်းသိင်္ခအား အမှူးထားလျက် ဆရာဇင်ယော်နီ ဦးဆောင်ကျင်းပသော
၁၇=၁၁=၂၀၁၃၊ ၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်၊ ဆဌမအကြိမ်မြောက် ဆေးပေါင်းခတဲ့ ပွဲတော်ကြီးတွင် ပထမအကြိမ် အလှူတော်ကြီးအဖြစ် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ၊ မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်၏ ပထမဦးဆုံးသော ဗောဓိရုက္ခမူလအမည်ရှိ (၅) ထပ်ကျောင်းဆောင်တော်ကြီး ဆောက်လုပ်ရာတွင် (၇) ရက် သားသမီးအပေါင်းမှ စုပေါင်းလှူဒါန်းငွေ ကျပ် တစ်ဆယ့်ခုနစ်သိန်း၊ တစ်သောင်း သုံးထောင် ရှစ်ရာငါးဆယ်ကျပ်တိတိကို ရွှေမဟာဘုရားဖူးအဖွဲ့မှတစ်ဆင့် ဆက်ကပ်လှူဒါန်းသောကြောင်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုအပ်ပါသည်။
(၇) ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်=
ဆရာတော်