ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Wednesday, June 26, 2013

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမြေမြတ်မဟာတွင် မြေအလှူ ရေစက်သွန်းချ အမျှပေးဝေရန် ဖိတ်ကြားခြင်း

အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခ ပရဟိတမြန်မာကျောင်း၊ ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီး၍ ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ စတုရန်းပေ ၃၂၄၀၀ ရှိသော မြေကြီးကို သာသန၀တ္တကမြေအဖြစ် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ စေတနာရှင် ဒါယကာ၊ ဒါယိကာမအပေါင်းတို့၏ လှူဒါန်းငွေများဖြင့် ၀ယ်ယူပြီးဖြစ်ပါသည်။ ၇-၁၂-၂၀၁၂ ရက် (သောကြာနေ့) တွင် သာသနာ့ဝတ္တကမြေကြီးပေါ်၌ မြေသန့်မင်္ဂလာအခမ်းအနားနှင့် မြေအလှူ ရေစက်ချပွဲ အခမ်းအနားကို ပြုလုပ်ပြီးစီး၍ အဆိုပါအခမ်းအနားတွင် ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ မထေရ်မြတ်က ရေစက်ချ အနုမောဒနာတရား ဟောကြားချီးမြှောက်တော် မူခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ မြေမြတ်မဟာတွင်ပြုလုပ်သော အဆိုပါ ရေစက်ချ မင်္ဂလာအခမ်းအနားသို့ အကြောင်း အမျိုးမျိုးကြောင်း မလာရောက်နိုင်သော စေတနာရှင်တို့၏ လှူဒါန်းမှု အစုစုတို့ကို ဆရာတော် ဒေါက်တာ နန္ဒောဘာသ ကိုယ်တိုင် ရေစက်သွန်းချအမျှအတန်း ပေးဝေမည် ဖြစ်ပါသဖြင့် စေတနာရှင် သာသနာ့မြေအလှူဒါယကာ ဒါယိကာမများ ကိုယ်တိုင်ကိုယ်ကျ ၀မ်းမြောက်ဝမ်းသာ ရေစက်ချ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်- ၃၀-၆-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် -  မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ
နေရာ -  ရခိုင်ပြည်နယ်ဓမ္မာရုံ၊ အာဇာနည်လမ်း၊ ရွှေတိဂုံ အရှေ့ဘက်မုခ်အနီး၊ ဗဟန်း။
ဆက်သွယ်ရန်-  ၁)  ဒေါ်သန်းသန်း (သီရိသုဓမ္မသိင်္ဂီ)၊ ဖုန်း- ၀၉၅၄၁၇၅၃၅
                   ၂)  ဒေါ်သီတာ၊ မဇ္ဈိမဂုဏ် ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးအဖွဲ့၊
                       ဖုန်း- ၀၁-၂၉၆၄၄၆၊  ၀၁-၃၉၄၈၈၉၊ ၀၉၅၀၁၃၅၂၂


Wednesday, June 12, 2013

ဟိန္ဒူအမျိုးသားနှင့် ဂျူးအမျိုးသမီးတို့ မိသားစုမှ အမေရိကန် ဒေါ်လာ (၁၇၀၀၀) တိတိ လှူဒါန်း

အမှတ် (၁၄)၊ နတ်ကြီးကုန်းရပ်ကွက်၊ မိုးကောင်းမြို့နယ်၊ ကချင်ပြည်နယ်နေ ကိုဂျာနူး+မဥမ္မာမောင် (ဂျာနူးဆေးဆိုင် မိသားစု) မှ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးဆောက်လုပ်လျက်ရှိသော ဂယာမြို့ရှိ မဟာဗောဓိပရဟိတကျောင်းတိုက်ကြီး၏ ပထမဦးဆုံးသော ဗောဓိရုက္ခမူလ (၅) ထပ်ကျောင်းဆောင်ကြီးဆောက်လုပ်ရာတွင် ၁၅ x ၁၉ ပေ အကျယ် အခန်း (၁) ခန်းအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၇၀၀၀) တိတိကို လှူဒါန်း ပါဝင်သောကြောင့် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုအပ်ပါသည်။ ကိုဂျာနူးသည် ဟိန္ဒူဘာသာဝင်ဖြစ်ပြီး မဥမ္မာမောင်မှာမူ ဂျူးဘာသာဝင်ဖြစ်သည်။ သူတို့ ဇနီးမောင်နှံသည် ယခုအခါ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဤမဟာဗောဓိပရဟိတကျောင်းမြေ၀ယ်ယူတုန်းကလည်း အမေရိကန်ဒေါ်လာ (၁၀၀၀၀) တိတိ လှူဒါန်း ပါဝင်ထားသူများဖြစ်သောကြောင်းလည်း နတ်ရောလူပါ သာဓုခေါ်ဆိုကြမှာ ဧကန်မုချဖြစ်ပါသည်။

မေတ္တာဖြင့်-
ဆရာတော် ဒေါက်တာ နန္ဒောဘာသ

ဒေါက်တာ ဒေါ်မီမီလှိုင်နှင့် ဒေါက်တာ ဒေါ်နီနီလှိုင်တို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခြင်း

ဖခင်-ဦးစိုးလှိုင်၊ မိခင်-ဒေါ်ကြည်ကြည်လှိုင် နှင့် အစ်ကိုကြီး ဦးဌေးလှိုင်တို့အား ရည်စူး၍ အေးရိပ်သာ ကွန်ဒို၊ ဗဟန်းမြို့နယ်၊
ရန်ကုန်မြို့နေ ဒေါက်တာ ဒေါ်မီမီလှိုင်နှင့် ဒေါက်တာ ဒေါ်နီနီလှိုင် တို့မှ အိန္ဒိယနိုင်ငံ၊ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးဆောက်လုပ်လျက်ရှိသော ဂယာမြို့ရှိ မဟာဗောဓိပရဟိတကျောင်းတိုက်ကြီး၏ ပထမဦးဆုံးသော ဗောဓိရုက္ခမူလအမည်ရှိ (၅) ထပ်ကျောင်းဆောင်တော်ကြီးဆောက်လုပ်ရာတွင် ၁၅ x ၁၉ ပေ အကျယ် အခန်း (၂) ခန်းအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၁၄၀၀၀) တိတိကို လှူဒါန်း ပါဝင်သောကြောင့် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုအပ်ပါသည်။ 

မေတ္တာဖြင့် -
ဆရာတော် ဒေါက်တာနန္ဒောဘာသ

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခြင်း

ကွယ်လွန်သူ ဖခင်-ဦးသိန်းမောင်၊ မိခင် ဒေါ်အေးရှင်တို့အား ရည်စူး၍ တိုက် (၂၉၀)၊ အခန်း (၁၂)၊ ရန်အောင်လမ်းသွယ် (၃)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့နေ ဦးစောမင်းခိုင်+ဒေါ်မြင့်မြင့်သိန်း မိသားစုတို့မှ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်း ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးဆောက်လုပ်လျက်ရှိသော ဂယာမြို့ရှိ မဟာဗောဓိပရဟိတကျောင်းတိုက်ကြီး၏ ပထမဦးဆုံးသော ဗောဓိရုက္ခမူလအမည်ရှိ (၅)ထပ်ကျောင်းဆောင်တော်ကြီးဆောက်လုပ်ရာတွင် ၁၅ x ၁၉ ပေ အကျယ် အခန်း (၁) ခန်းအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၇၀၀၀) တိတိကို လှူဒါန်း ပါဝင်သောကြောင့် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုအပ်ပါသည်။
 မေတ္တာဖြင့် -
 ဆရာတော် ဒေါက်တာနန္ဒောဘာသ

သာသနာတော်၌ကျောင်းများဖြစ်ပေါ်လာခြင်းအကြောင်းတရားတော် (၄)

(၇-၁၂-၂၀၁၂) နေ့ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂယာ၊ မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက် သာသနာ့မြေအလှူရေစက်ချပွဲတော်နှင့် မြေသန့်မင်္ဂလာပွဲတော်၌ ကမ္ဘာကျော်ဓမ္မကထိက သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဥာဏိဿရ မထေရ်မြတ် ချီးမြောက်ဟောကြားတော်မူသည်။

Tuesday, June 11, 2013

သာသနာတော်၌ကျောင်းမှားဖြစ်ပေါ်လာခြင်းအကြောင်းတရားတော် (၃)

(၇-၁၂-၂၀၁၂) နေ့ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂယာ၊ မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက­­­် သာသနာ့မြေအလှူရေစက်ချပွဲတော်နှင­­­့် မြေသန့်မင်္ဂလာပွဲတော်၌ ကမ္ဘာကျော်ဓမ္မကထိက သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဥာဏိဿရ မထေရ်မြတ် ချီးမြောက်ဟောကြားတော်မူအပ်သော
သာသနာတော်၌ကျောင်းများဖြစ်ပေါ်လာခြင်းအကြောင်း တရားတော် (၃)

Sunday, June 9, 2013

သာသနာတော်၌ ကျောင်းများဖြစ်ပေါ်လာခြင်းအကြောင်း တရားတော်-(2)

ဗုဒ္ဓဂယာမဟာဗောဓိပရဟိတကျောင်း စတင်ဆောက်လုပ်


အိန္ဒိယနိုင်ငံ၊ မဇ္ဈိမဒေသ၊ ဗုဒ္ဓဂယာ၌ မဟာဗောဓိပရဟိတကျောင်းကို( ၆၊ ၆၊ ၂၀၁၃)နေ့ နံနက်(၉.၃၀)အချိန်တွင် ပန္နက်ရိုက် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ကာ မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးပညာရှင် အင်ဂျင်နီယာ ဦးသိန်းထူးအေး ဦးစီးလျက် ပထမဆုံးသော ဗောဓိရုက္ခမူလအမည်ရှိ (၅)ထပ်ကျောင်းဆောင်တော်ကြီးကို စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။
ထိုဗောဓိရုက္ခမူလအမည်ရှိ(၅)ထပ်ကျောင်းဆောင်တော်ကြီး၏ ပန္နက်ရိုက်၊ အုတ်မြစ်ချမင်္ဂလာအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ မဇ္ဈိမဒေသ သာသနာပြု၊

Monday, June 3, 2013

Cyclone Giri hit Kyauk Phyu, Arakan

မုန်တိုင်းပြီးစ ကျောက်ဖြူမြို့ အခြေအနေ 
မုန်တိုင်းပြီးခါစ ကျောက်ဖြူမြို့ အပျက်အစီး တော်တော်များများ ရှိကြောင်း လက်ရှိ ဖုန်းသတင်းများအရ သိရှိရသည်။ မုန်တိုင်း မိုင်နှုန်းရာကျော် ဖြင့်တိုက်ခတ်ခဲ့သောကြောင့် သစ်ပင်များ ပြိုလဲပျက်စီးခြင်း ၊ေ

Sunday, June 2, 2013

6th Intensive English Course

ဓမ္မမိတ်ဆွေအပေါင်းတို့-
ဗုဒ္ဓဂယာ၊ မဟာဗောဓိပရဟိတကျောင်းတိုက်အတွင်း၌ ၀ါတွင်းကာလ (၆) ကြိမ်မြောက် အင်္ဂလိပ်စာအထူးသင်တန်းကို ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးလျက် (၂) လ တိုင်တိုင်ပို့ချသင်ကြားပြသပေးမည်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ ဗုဒ္ဓဘာသာတရားတော်ကို နှစ်ပေါင်း(၂၀)ခန့်လေ့လာပြီး ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့လာသူ ဗုဒ္ဓ၏ဇာတ်နိပါတ်တော်များအားလုံးနီးပါးပါဝင်သည့်(Jataka Teles of the Buddha) စာအုပ်ကို အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး ၂၅ နှစ်တိုင်တိုင်ရေးသားထုတ်ဝေခဲ့သူ အမေရိကန်နိုင်ငံသား ဆရာကြီး ဘဲနက်ကန်နှင့် ၀ိသာခါ က၀ဆကီးတို့ ဇနီးမောင်နှံတို့အပြင်၊ ကျောင်းသားများအကြိုက်ဆုံး ဆရာ Steve (အမေရိကန်လေယာဉ်ကုမ္ပဏီ Ground Engineer) တို့က သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို စိတ်ဝင်စားသူ စာသင်သားရဟန်းသံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ လူပုဂ္ဂိုလ်များအားလုံး မည်သူမဆို အခမဲ့တက်ရောက်သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သင်တန်းစတင်မည့်နေ့ရက်-၂၄-၇-၂၀၁၃
သင်တန်းစတင်မည့်အချိန် နံနက် ၈ နာရီမှ ၁၀ ထိ၊ နေ့လည် ၂ နာရီမှ ၄ နာရီထိ။

မေတ္တာဖြင့်-
ဆရာတော် ဒေါက်တာနန္ဒောဘာသ

6th Intensive English Course

ဓမ္မမိတ်ဆွေအပေါင်းတို့-
ဗုဒ္ဓဂယာ၊ မဟာဗောဓိပရဟိတကျောင်းတိုက်အတွင်း၌ ၀ါတွင်းကာလ (၆) ကြိမ်မြောက် အင်္ဂလိပ်စာအထူးသင်တန်းကို ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးလျက် (၂) လ တိုင်တိုင်ပို့ချသင်ကြားပြသပေးမည်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ ဗုဒ္ဓဘာသာတရားတော်ကို နှစ်ပေါင်း(၂၀)ခန့်လေ့လာပြီး ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့လာသူ ဗုဒ္ဓ၏ဇာတ်နိပါတ်တော်များအားလုံးနီးပါးပါဝင်သည့်(Jataka Teles of the Buddha) စာအုပ်ကို အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး ၂၅ နှစ်တိုင်တိုင်ရေးသားထုတ်ဝေခဲ့သူ အမေရိကန်နိုင်ငံသား ဆရာကြီး ဘဲနက်ကန်နှင့် ၀ိသာခါ က၀ဆကီးတို့ ဇနီးမောင်နှံတို့အပြင်၊ ကျောင်းသားများအကြိုက်ဆုံး ဆရာ Steve (အမေရိကန်လေယာဉ်ကုမ္ပဏီ Ground Engineer) တို့က သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို စိတ်ဝင်စားသူ စာသင်သားရဟန်းသံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ လူပုဂ္ဂိုလ်များအားလုံး မည်သူမဆို အခမဲ့တက်ရောက်သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သင်တန်းစတင်မည့်နေ့ရက်-၂၄-၇-၂၀၁၃
သင်တန်းစတင်မည့်အချိန် နံနက် ၈ နာရီမှ ၁၀ ထိ၊ နေ့လည် ၂ နာရီမှ ၄ နာရီထိ။

မေတ္တာဖြင့်-
ဆရာတော် ဒေါက်တာနန္ဒောဘာသ

Fifth Intensive English Course Notice

Dear Dhamma Friends,

We are very happy to announce that Bodhisukha Parahita Temple, Russa Road Young Buddhist Student Literacy Mission will be holding the 5th Intensive English Course in association with Buddhist Relief Mission from 15th March to 15th April 2012 at its premises of Bodhisukha School in Kolkata.
Like earlier Intensive English Courses, this year also very qualified teachers will be imparting special practical English. As usual, Ken and Visakha Kawasaki, who have been teaching English for more than 30 years to non-English-speaking students, will head the faculty. The Kawasakis are well-known now in the Buddhist world due to the release of their three-volume set, Jataka Tales of the Buddha: An Anthology, published by Buddhist Publication Society, Kandy, Sri Lanka, one of the best-selling books in the fifty-year history of the Society. This success proves that the Jatakas are still relevant to modern life. We appreciate their skillful retelling of 217 of these priceless stories. The very popular Steve Littlepage will also be returning this year to teach for the third time. A new teacher, Dr. Vanderpooten, will be coming from Colombo to present a special workshop. Ven. Dr. Nando Batha will again be offering in-depth grammar classes to the students.
This Intensive English Course will include training in all four language skills as well as public speaking, character building, and general knowledge.
From the very beginning, our Mission has striven to help monk-students by assisting then in gaining admission to various universities in India, by giving stipends to those with financial need, and by offering English training. Many monks and nuns have benefitted from the Intensive English Courses conducted at Bodhisukha since 2006.
All members of the Sangha from Indian universities, from Myanmar, and from Bangladesh are cordially invited to participate in this year’s course and to enrich their English skills.

With Metta,
Ven. Dr. Nando Batha

Usage of Only

Only အသုံးအနှုန်းအကြောင်း သိကောင်းစရာ
Only သည် ကြိယာဝိသေသန (Adverb) ပုဒ်ဖြစ်သည်။ ကြိယာဝိသေသနဆိုသည်မှာ ကြိယာကို အထူးပြုသော ပုဒ်ဟု ဆိုလိုသည်။ သို့သော် ကြိယာဝိသေသနပုဒ်သည် ကြိယာတစ်ခုတည်းကိုသာ အထူးပြုသည်မဟုတ်ပါ။ ကြိယာဝိသေသနပုဒ်သည် ကြိယာကို အထူးပြုသလို နာမ၀ိသေသန (adjective) ပုဒ်၊ ၀ိဘတ် (preposition) ပုဒ်နှင့် ကြိယာဝိသေသနပုဒ် အချင်းချင်းတို့ကိုလည်း အထူးပြုပါသည်။ ၄င်းပြင် ကြိယာဝိသေသနပုဒ်သည် ၄င်း နေရာယူသည့်အပေါ်မှာ မူတည် ကတ္တားပုဒ် ရှေးမှာ ထားလျှင် ကတ္တားပုဒ်၊ ကြိယာရှေးမှာ ထားလျှင် ကြိယာပုဒ်၊ ကံပုဒ်ရှေးမှာ ထားလျှင် ကံပုဒ်တို့ကို အသီးသီး အထူးပြုပါသည်။ ၄င်းကို အောက်ပါ only ဖြင့် တည်ဆောက်ထားသော ၀ါကျများကို လေ့လာသိရှိနိုင်ပါသည်။
၁) Only I love her. (ကျွန်ုပ် တစ်ယောက်တည်းသာ သူမကို ချစ်တယ်)။
{တခြားဘယ်သူမှ မချစ်ဘူးဟု ဆိုလိုသည်}
၂) I only love her. (ကျွန်ုပ် သူမကို ချစ်ရုံသာ ချစ်တယ်)။
{လက်ထပ်လိုတာ ဒါမှမဟုတ် တခြားဘာမှ လုပ်လိုတာ မဟုတ်ဘူးဟု ဆိုလိုသည်}
၃) I love only her. (ကျွန်ုပ် သူမတစ်ယောက်တည်းကိုသာ ချစ်တယ်)။
{တခြား ဘယ်သူ့ကိုမှ မချစ်ဘူးဟု ဆိုလိုသည်}
(ကြိယာဝိသေသနပုဒ် အသုံးအနှုန်း အပြည့်အစုံကို နောက်တင်သော post မှာ မျှော်ပါရန်)။
မေတ္တာဖြင့်
ဒေါက်တာ နန္ဒောဘာသ

Form of Registration for Fourth Intensive English Course

Form of Registration for 4th Inten Eng Course

Fourth Intensive English Course Notice

Dear Dhamma Friends,
It is our pleasure to inform you that Bodhisukha Parahita Temple, Russa Road Young Buddhist Student Literacy Mission, is going to organize the fourth "English Proficiency Training Course" for one month at its Mission from 15th March to 15th April 2011. Anybody interested is cordially invited to participate in the Course. Well experienced Faculties, Ken & Visakha Kawasaki, the directors of Buddhist Relief Mission of USA, will give individualized attention to each student. Ven. Dr. Nando Batha, myself, will look after the new students, who are having less skill in English writing and reading. It is also our pleasure to mention that during the course, we will use some of the Jatakas for the texts of the course.
 With Metta,
Ven. Dr. Nando Batha
Note:

Because of limited accommodation, students are requested to fill up the Registration Form and send to the following e-mail address as quickly as possible:
To get Registration Form kindly visit my blog

Verb Transitive and Verb Intransitive

သိသလိုနှင့် မသိကြသော ကံရှိ ကံမဲ့ ကြိယာနှင့် ကတ္တားဝါကျ၊ ကံဝါကျများအကြောင်း
Verb Transitive and Verb Intransitive

ဘယ်ဘာသာစကား၊ စာပေပဲဖြစ်ဖြစ် စကားလုံးတွေ၊ စကားစုတွေ၊ ၀ါကျတွေနှင့် တည်ဆောက်ထားရတာချည်းဖြစ်ပါတယ်။ အဲဒီလို တည်ဆောက်ရာမှာ အဓိပ္ပါယ် အပြည့်အ၀ရှိတဲ့ စကားဝါကျတွေ ဖြစ်လာဖို့အတွက် ပါဝင်ရတဲ့ အစိတ်အပိုင်းတွေက ယေဘုယျအားဖြင့် ရှစ်မျိုးရှိပါတယ်။ အဲဒါကိုပဲ ၀ါစင်္ဂရှစ်ပါး (Eight Parts of Speech) လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်းဟာ အသက်ရှင်ရေးအတွက် အရေးပါသလိုပဲ၊ ၀ါစင်္ဂ တစ်ခုချင်းစီတိုင်းဟာ ၀ါကျထဲမှာ သူ့နေရာနှင့်သူ အရေးပါကြပါတယ်။ အဲဒါတွေ အားလုံးလောက်ကိုပဲ အစဉ်သဖြင့်၊ ကျယ်ကျယ်ပြန့်ပြန့်၊ တတ်နိုင်သလောက် လေ့လာဆည်းပူး မှတ်သားနေဖို့ အထူးလိုအပ်ပါတယ်။ သဒ္ဒါဆိုတာ ဒါတွေပဲ ဖြစ်လေတော့၊ ဒါတွေကို ခြေခြေမြစ်မြစ်သိမှ သဒ္ဒါသိမယ်၊ သဒ္ဒါသိမှ စာသိမယ်၊ စာတတ်မယ်ပေါ့၊

English Training Course

Microsoft Word - Bodhisukha Parahita Temple is Going to Organize