ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Thursday, July 25, 2013

ဗုဒ္ဓဂယာမဟာဗောဓိ၌ ဘုရားဖူးဧည့်သည်များဖြင့် ပုံမှန်စည်ကားလျက်ရှိ

 အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိ၌ ဘုရားဖူးဧည့်သည်များဖြင့် ပုံမှန်စည်ကားလျက်ရှိကြောင်းသိရသည်။ ၀ါဆိုလည်ပြည့် (၂၂-၇-၂၀၁၃ )နေ့က ညနေ ၆နာရီတွင် ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာရဟန်းတော်အပါး ၁၀၀ကျော်နှင့် လူပုဂ္ဂိုလ် ၁၀၀ခန့်တို့သည် ဆီးမီးတိုင်များ ကိုင်ဆောင်လျက် ဘုရားဂုဏ်တော်၊
မဟာဗောဓိ၌ ၀ါဆိုလပြည့်နေ့ တွေ့ရစဉ်
တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကို သံပြိုင်ညီညာရွက်ဆိုကာ မဟာဗောဓိစေတော်မြတ်အား လာရောက်ဖူးမျှော်ကြည်သည်ကိုတွေ့ရကြောင့် ဗုဒ္ဓဂယာ မဟာဗောဓိပရဟိတကျောင်း ဆရာတော် ဒေါက်တာ ဦးနန္တောဘာသမှ မိန့်ကြားသည်။ အလားတူ မြန်မာရဟန်းတော်များ၊ တစ်ခြားနိုင်မှ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များကလည်း ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်မြတ်အားလာရောက် ဖူးမျှော်ကြကြောင်း ၄င်းဆရာတော်မှ မိန့်ကြားပါသည်။ “မိုးတွင်းကာလ ဘုရားဖူးဧည့်သည်နည်းတဲ့ အချိန်ဆိုပေမယ့်လည်း ဘုရားဖူးတွေကတော့ သူ့အတိုင်းအတာနဲ့သူ

Friday, July 19, 2013

အထူးဂုဏ်ပြု ကျေးဇူးတင်ရှိခြင်း

အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခ ပရဟိတမြန်မာကျောင်း ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီး၍ မဇ္ဈိမဒေသ၊ ဗုဒ္ဓဂယာမြေမြတ်မဟာ၌ (၃၂၄၀၀) စတုရန်းပေ ကျယ်ဝန်းသော မြေကြီးကို သာသနာ့ ၀တ္တကမြေအဖြစ် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ အလှူရှင် ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အပြီးသတ် ၀ယ်ယူနိုင်ခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် မြေသန့်မင်္ဂလာအခမ်းအနားနှင့် သာသနာ့မြေအလှူ ရေစက်ချမင်္ဂလာ အခမ်းအနားတို့ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။
အဆိုပါ မြေသန့်မင်္ဂလာ အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ပရဒေသီသံဃအဖွဲ့ ဥက္ကဌ၊ ဗုဒ္ဓဂယာမြန်မာကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥာဏိန္ဒ မထေရ်မြတ်ဦးစီး၍ သံဃာတော် အရှင်မြတ် ၂၅ ပါးမှ ချီးမြှောက်ပြုလုပ်ပေးတော်မူပြီး အိန္ဒိယနိုင်ငံတွင်ပြုလုပ်သော ပထမအကြိမ် သာသနာ့မြေအလှူ ရေစက်ချ အနုမောဒနာ တရားတော်ကို သီတဂူ ဗုဒ္ဓတက္ကသိုလ် အဓိပတိချုပ်၊ ကမ္ဘာ့ကျော်ဓမ္မကထိက၊ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ မထေရ်မြတ်မှ ချီးမြှောက် ဟောကြားတော်မူခဲ့ပါသည်။
(၁၁) လအတွင်းတွင် သာသနာ့မြေ ၀ယ်ယူပြီးစီးအောင် ကူညီပေးကြသော မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံ များမှ အလှူရှင် ဒါယကာ၊ ဒါယိကာမအပေါင်းတို့နှင့် ၀ိုင်းဝန်းကူညီပေးကြသော  အလှူခံဌာနများ၊ မြေသန့်မင်္ဂလာ ချီးမြှောက်ပြုလုပ်ပေးကြသော သံဃာတော် အရှင်မြတ်များ၊ ပထမအကြိမ် ရေစက်ချအနုမောဒနာတရား ချီးမြှင့်ပေးတော်မူသော သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ မထေရ်မြတ်ကြီးနှင့် ၀ိုင်းဝန်းကူညီပေးကြသော ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား အထူးကျေးဇူး တင်ရှိပါသည်။  
၂၉-၆-၂၀၁၃ နေ့ ဒုတိယအကြိမ် သာသနာ့မြေအလှူ ရေစက်ချ အခမ်းအနားပွဲတော်ကို ပဲခူးမြို့၊ စိန်ရတုခန်းမ (ရွှေဘုန်းပွင့် စေတီတော်ဝင်းအတွင်း) တွင် ဆရာတော် ဒေါက်တာနန္ဒေဘာသ ကိုယ်တိုင် ကြွရောက်၍ ရေစက်ချပေးရာ အဆိုပါပွဲတော်ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးကြသော ဖောင်တော်ဦး ရွှေဘုန်းပွင့်ကျောင်း ဆရာတော် ဦးမဏ္ဍလ၊ ရွှေဘုန်းပွင့်စေတီတော် ဂေါပကအဖွဲ့ဝင်များ၊  ဦးတိုးနှင့် ဇနီး ဒေါ်ကြည်ကြည်သန်းတို့အားလည်းကောင်း၊ ၃၀-၆-၂၀၁၃ နေ့တွင် တတိယအကြိမ် ရေစက်ချ အခမ်းအနားပွဲတော်ကို ရန်ကုန်မြို့၊ အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ပြုလုပ်ရာ ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးကြသော သီရိသုဓမ္မသိင်္ဂီ ဒေါ်သန်းသန်း (ပြည်လုံးချမ်းသာဆေးတိုက်)၊  ဒေါ်သီတာ ဦးဆောင်သော မဇ္ဈိမဂုဏ် ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေး အဖွဲ့နှင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူအပေါင်းအားလည်းကောင်း၊ ၇-၇-၂၀၁၃ နေ့တွင်ပြုလုပ်သော စတုတ္ထအကြိမ် ရေစက်ချ အခမ်းအနားပွဲတော်ကို ပြင်ဦးလွင်မြို့၊ ပါရမီဓမ္မာရုံ၌ ပြုလုပ်ရာတွင်  စီစဉ်ဆောင်ရွက်ပေးကြသော ဆရာမ ဒေါ်အုန်းလှိုင်၊ ဆရာမဒေါ်စိုးစိုးခိုင် (စာပန်းအိမ်) မိသားစု၊ ဦးမြင့်နိုင်နှင့် ဇနီးဒေါ်ခင်ညိုညို မိသားစု၊ ဓမ္မာရုံဂေါပကအဖွဲ့ဝင်များ၊ ကိုညီညီလွင်နှင့် ဇနီး မသီရိစိုး (ပိတောက်ဝါလျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး)၊ ၀ိုင်းဝန်းကူညီပေးကြသော ဒါယကာ၊ ဒါယိကာမ အားလုံးတို့အား အထူးဂုဏ်ပြု ကျေးဇူးတင်လျှက်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
မေတ္တာဖြင့် -
ဆရာတော် ဒေါက်တာနန္ဒောဘာသ