ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Sunday, February 12, 2012

ဗုဒ္ဓဂယာ၌ သာသနာ့မြေ လှူဒါန်းနိုင်ပြီ



ဗုဒ္ဓဂါယာ မြေမြတ်မဟာ၌ သာသနာ့ရောင်ဝါ ထွန်းလင်းစေဖို့ သာသနာ့မြေလှူကြစို့
ဤဗုဒ္ဓဂယာဒေသသည် ဘုရားအဆူဆူ ပွင့်ထွန်းတော်မူရာ မြေမြတ်မဟာ ဖြစ်သည်။ နောင်လာမည့် အရိမေတ္တေယျ ဘုရားရှင်သည်လည်း ဤမြေမြတ်မဟာ၌ပင် ပွင့်ထွန်းတော်မူမည်သာဖြစ်သည်။ ထို့ကြောင့် ဤမြေမြတ်မဟာ၌ မြေလှူဒါန်းခြင်းသည် ခုရော နောင်ပါ သာသနာပြုခြင်းပင် ဖြစ်ပါသည်။
ကာလကတ္တားမြို့  ၊ ဗောဓိသုခ ပရဟိတကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးပြီး ဗုဒ္ဓဂါယာမြေမြတ်မဟာ၌ ၃၂၄၀၀ စတုရန်းပေ ကျယ်ဝန်းသော မြေကြီးကို သာသနာ့မြေအဖြစ် ၀ယ်ယူနေပါသည်။ စေတနာရှင်များအနေဖြင့် သာသနာ့မြေ ဒါယကာ/ဒါယိကာမအဖြစ် ကုသိုလ်တော် ပါဝင်ယူနိုင်ကြပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ကုသိုလ်ပါဝင်ရန် နှုန်းထား
၃ စတုရန်းပေ တကွက်လျှင် မြန်မာငွေ ၃၀၀၀၀ ကျပ်တိတိ၊ (အမေရိကန်ဒေါ်လာ ၄၀)၊ (စင်ကာပူဒေါ်လာ ၅၀)၊ အိန္ဒိယရူပီးငွေ ၂၀၀၀ တိတိ။