ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Thursday, May 23, 2013

Daw Myint Myint Tin returned home

 

ကျွန်မ၏ မိခင်ကြီး ဒေါ်မြင့်မြင့်တင်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လ ၁၅ ရက်နေ့မှစပြီး ကျောက်ကပ်တု သွေးသန့်စင်စက်ဖြင့် သွေးသန့်စင်ခဲ့ရပါသည်။ အစပိုင်း၌ ကျွန်မတို့မိသားစုဝင်အားလုံးက အမေ၏ သွေးသန့်စင်ပေးနေရသည့် ကုသမှုမှာ ယာယီအခိုက်အတန့်လေးသာဖြစ် နှိုင်မည်ဟု မျက်စိစုံမှိတ်
ယုံကြည်နေခဲ့ကြပါသည်။ မြန်မာနှိုင်ငံရှိ ကျောက်ကပ် အထူးကုဆရာ ၀န်ကြီးများက ကျောက်ကပ်အစားထိုးကုသမှုခံယူသင့်သည်ဟု ပြောသော်လည်းလျှစ်လျှူရှုခဲ့မိ
ပါသည်။ အသက်(၅၀)ကျော်ပြီ်ဖြစ်သောအမေ့ကို အိန္ဒိယနိုင်ငံ၌သာသွားရောက်၍ ကျောက်
ကပ်အစားထိုး ကုသမှုခံယူသင့်ကြောင်း ကုန်ကျစရိတ် သိန်း (၂၀၀)၀န်းကျင်ခန့် ကုန်ကျမည်
ဖြစ်သည့် အကြောင်းရှင်းလင်းပြောပြခဲ့ပါသည်။
ပမာဏများလှသော ကုန်ကျစရိုတ်ကြောင်း မိသားစုအားလုံးဤကိစ္စကို တွေဝေနေ
မိကြခြင်းဖြစ်သည်။ သို့သော် ကျောက်ကပ်ဆေးနေရသည့် ကာလတစ်လျှောက်တွင် အမေ
သည် ရေကို ၅၀၀ မီလီ လီတာ သာသောက်သုံးခွင်ရခဲ့ပါသည်။ တစ်ပတ်လျှင်(၂) ကြိမ် ကျောက်ကပ်ဆေးရခြင်း၊ ဇာတိမြေ အောင်လံမြို့မှ ခွဲခွာကာ ကျေက်ကပ်သန့်စက်ရှိရာ
ရန်ကုန်မြို့သို့ မိသားစုနှင့်ဝေးစွာ နေထိုင်ရခြင်းအပြင် အစားအသောက်ပျက်ခြင်း အမြဲပင်
လေးလံထိုင်းမှိုင်းနေရခြင်း၊ သောက်သုံးမိသည့်ရေပမာဏ များသွားသည့်အခါ မောပန်းခြင်း
စသည့်၊ ဝေဒနာများကို တစ်လှည့်စီ ခံစားရ၍ သနားစရာကောင်းလှသော အမေ့အတွက်
ကျွန်မတို့ မိသားစုဝင်အားလုံးက အမေ့အား အိန္ဒိယနိုင်ငံကိုလ်းကတ္တားမြို့ရှိ Apollo Gleneagles Hospital ဆေးရုံကြီး၌ ကျောက်ကပ်အစားထိုး လှဲလယ်ကုသမှူခံယူရန် ကြိုးစား
ခဲ့ကြပါတော့သည်။
အမေ့အား သမီးဖြစ်သူ မခင်စွမ်းလဲ့ က ကျောက်ကပ်တစ်လုံးပေးလှူရန်ဆုံးဖြတ်ခဲ့
ပါသည်။ မြန်မာနိုင်ငံရှိကျောက်ကပ်အထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်သော ပါမောက္ခ
ဒေါက်တာဒေါ်မေမြ၀င်း၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကာ အိန္ဒိယနိုင်ငံ
ကိုလ်းကတ္တားမြို့ ဗောဓိသုခပရဟိတမြန်မာကျောင်းသို့ ၂၆-၀၇-၂၀၁၀ နေ့ရောက်ရှိခဲ့ပါသည်။
ဆရာတော်ဒေါက်တာဦးနန္ဒောဘာသ သီတင်းသုံးတော်မူသော ဗောဓိသုခပရဟိတမြန်မာ
ကျောင်းတိုက်၌တည်းခိုကာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသရန် အစီစဉ်ကို အထမြောက်
အောင်မြင်ရန် ကြိုးပမ်းခဲ့ကြပါတော့သည်။ ထိုကာလအတွင်း ဆရာတော်နှင့် ကျောင်းတိုက်
အတွင်းရှိ ရဟန်းသံဃာတို့၏ ကူညီစောင့်ရှောက်မှုကြောင်းသာ Apollo Gleneagles Hospitalနှင့် ဆက်သွယ်ကုသနှိုင်ခဲ့ရခြင်းဖြစ်ပါသည်။
၀၈-၀၉-၂၀၁၀ နေ့မှာApollo Gleneagles Hospital ၌အမေ့အား ကျောက်ကပ်
အစားထိုးခွဲစိတ်ကုသမှုကို ကျောက်ကပ်ခွဲစိတ်ဆရာဝန်ကြီးများက အောင်မြင်စွာ ဆောင်ရွက်
နိုင်ခဲ့ကြပါသည်။ ကျောက်ကပ်ရောဂါ ဝေဒနာမှ လွတ်မြောက်ခွင့်ရသွားသော အမေ့အတွက်
အလွန်ပင် ပီတိဖြစ်ခဲ့ရပါတော့သည်။ ကိုလ်းကတ္တားဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်
တွင်နေထိုင်ခဲ့သည့် နှစ်လတာကာလအတွင်း အစစအရာရာ အဆင်ပြေအောင် ကူညီမှုများစွာ
ဆောင်ရွက်ပေးခဲ့ကြသော ဆရာတော် ဒေါက်တာဦးနန္ဒာဘာသ နှင့်ကျောင်းတိုက်ရှိရဟန်း
သံဃာတော်များ အိန္ဒိယApollo Gleneagles hospital မှကျေက်ကပ်အထူးကု ဆရာဝန်ကြီး
များ၏ ကျေးဇူးတရားတို့ကို ကျွန်မတို့မိသားစုမှ အစဉ်ထာဝရအောက်မေ့သတိရလျှက်ပင်ရှိပါ
သည်။ထို့အတူကျွန်မတို့မိသားစုကဲ့သို့ပင်ဤကိုလ်းကတ္တားဗောဓိသုခပရဟိတကျောင်း၌တည်း
ခိုကာ Apollo Gleneagles Hospital၌ဆရာဝန်ကြီးများ၏ဆေးကုသမှုကို ခံယူကြရသော
အခြားဝေဒနာသည်များနှင့် ကျောက်ကပ်ဝေဒနာရှင်များ မိသားစုတို့ကလည်း အစဉ်ထာဝရ
အောက်မေ့သတိရလျှက် ကျေးဇူးတင်နေကြပါတော့သည်။

မ ခင်စွမ်းလဲ့ နှင့်မိသားစု
အောင်လံမြို့

No comments: