ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Sunday, June 2, 2013

6th Intensive English Course

ဓမ္မမိတ်ဆွေအပေါင်းတို့-
ဗုဒ္ဓဂယာ၊ မဟာဗောဓိပရဟိတကျောင်းတိုက်အတွင်း၌ ၀ါတွင်းကာလ (၆) ကြိမ်မြောက် အင်္ဂလိပ်စာအထူးသင်တန်းကို ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးလျက် (၂) လ တိုင်တိုင်ပို့ချသင်ကြားပြသပေးမည်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ ဗုဒ္ဓဘာသာတရားတော်ကို နှစ်ပေါင်း(၂၀)ခန့်လေ့လာပြီး ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့လာသူ ဗုဒ္ဓ၏ဇာတ်နိပါတ်တော်များအားလုံးနီးပါးပါဝင်သည့်(Jataka Teles of the Buddha) စာအုပ်ကို အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး ၂၅ နှစ်တိုင်တိုင်ရေးသားထုတ်ဝေခဲ့သူ အမေရိကန်နိုင်ငံသား ဆရာကြီး ဘဲနက်ကန်နှင့် ၀ိသာခါ က၀ဆကီးတို့ ဇနီးမောင်နှံတို့အပြင်၊ ကျောင်းသားများအကြိုက်ဆုံး ဆရာ Steve (အမေရိကန်လေယာဉ်ကုမ္ပဏီ Ground Engineer) တို့က သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို စိတ်ဝင်စားသူ စာသင်သားရဟန်းသံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ လူပုဂ္ဂိုလ်များအားလုံး မည်သူမဆို အခမဲ့တက်ရောက်သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သင်တန်းစတင်မည့်နေ့ရက်-၂၄-၇-၂၀၁၃
သင်တန်းစတင်မည့်အချိန် နံနက် ၈ နာရီမှ ၁၀ ထိ၊ နေ့လည် ၂ နာရီမှ ၄ နာရီထိ။

မေတ္တာဖြင့်-
ဆရာတော် ဒေါက်တာနန္ဒောဘာသ

No comments: