ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Thursday, July 25, 2013

ဗုဒ္ဓဂယာမဟာဗောဓိ၌ ဘုရားဖူးဧည့်သည်များဖြင့် ပုံမှန်စည်ကားလျက်ရှိ

 အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိ၌ ဘုရားဖူးဧည့်သည်များဖြင့် ပုံမှန်စည်ကားလျက်ရှိကြောင်းသိရသည်။ ၀ါဆိုလည်ပြည့် (၂၂-၇-၂၀၁၃ )နေ့က ညနေ ၆နာရီတွင် ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာရဟန်းတော်အပါး ၁၀၀ကျော်နှင့် လူပုဂ္ဂိုလ် ၁၀၀ခန့်တို့သည် ဆီးမီးတိုင်များ ကိုင်ဆောင်လျက် ဘုရားဂုဏ်တော်၊
မဟာဗောဓိ၌ ၀ါဆိုလပြည့်နေ့ တွေ့ရစဉ်
တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကို သံပြိုင်ညီညာရွက်ဆိုကာ မဟာဗောဓိစေတော်မြတ်အား လာရောက်ဖူးမျှော်ကြည်သည်ကိုတွေ့ရကြောင့် ဗုဒ္ဓဂယာ မဟာဗောဓိပရဟိတကျောင်း ဆရာတော် ဒေါက်တာ ဦးနန္တောဘာသမှ မိန့်ကြားသည်။ အလားတူ မြန်မာရဟန်းတော်များ၊ တစ်ခြားနိုင်မှ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များကလည်း ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်မြတ်အားလာရောက် ဖူးမျှော်ကြကြောင်း ၄င်းဆရာတော်မှ မိန့်ကြားပါသည်။ “မိုးတွင်းကာလ ဘုရားဖူးဧည့်သည်နည်းတဲ့ အချိန်ဆိုပေမယ့်လည်း ဘုရားဖူးတွေကတော့ သူ့အတိုင်းအတာနဲ့သူ
လာရောက်ဖူးမျှော်ကြတာတွေ့ရပါတယ်။ လူတွေကတော့ ဗုဒ္ဓဂယာမှာ ဗုံးပေါက်ပြီးတဲ့နောက်ပိုင်း
မဟာဗောဓိ၌ လုံခြုံရေးအဖွဲ့ဝင်များ
ဘုရားဖူးတဲ့လူတွေ ရောက်မှာမဟုတ်ဘူးလို့ ပြောနေကြပေမယ့် ဘုန်းဘုန်းကတော့  ဘုရားဖူးတဲ့လူတွေ ပုံမှန်စည်စည်ကားကား ရှိနေတာ တွေ့ရပါတယ် “ဟု ယင်း ဗုဒ္ဓဂယာမဟာဗောဓိကျောင်းဆရာတော် ဒေါက်တာနန္တောဘာသမှ သူ၏မျက်မြင်ကို ပြောပြသည်။
၇-၇-၂၀၁၃ နေ့က ဗုဒ္ဓဂယာ၌့ဗုံးများပေါက်ကွဲမှုဖြစ်ပြီးနောက်တွင် ယင်းမဟာဗောဓိစေတော်တစ်ဝိုက်တွင် လုံခြုံရေးများ  ယခင်ကထက်တိုးမြှင့်ချထားသည်ဟုသိရသည်။  ဇူလိုင်လ (၇) ရက်နေ့က ဗုဒ္ဓဂယာ၌ ဗုံးပေါကွဲမှုဖြစ်ခဲ့သော်လည်း ကြီးမားသည့် ပျက်စီးမှုများမဖြစ်ခဲ့ကြောင်း၊ ထို့အပြင် ဗုံးဖေါက်ခွဲသူကို ယနေ့တိုင် ဖမ်းဆီးရခြင်းမရှိသေးဟုသိရသည်။ နောက်ဆုံးသတင်းအရ ယင်းဗုံးဖေါက်သူမှာ အာသံပြည်နယ်မှ ဖြစ်နိုင်ဖွယ်ရှိကြောင်းပြောဆိုကြသည်။  ဒေသခံပုဂ္ဂိုလ်များကမူ ယင်းဗုံးပေါက်ကွဲမှုမှာ နိုင်ငံရေး ပယောဂတစ်ခုသာဖြစ်ကြောင်း ပြောဆိုကြသည်။ အိန္ဒိယအစိုးရအနေဖြင့်လည်း လာမည့်နှစ်တွင် ဘုရားဖူးဧည့်သည်များ အရောက်နည်းပါးသွားမည်ကို စိုးရိမ်ကြောင်း၊ ထို့အပြင့် ဘုရားဖူးဧည့်သည်များ အစစအရာရာ လုံခြုံမှုရှိစေရန် လုံခြုံရေးကို အထူးတင်းကျပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောဆိုသည်။  ယခု လောလောဆယ်တွင် ဘုရားဖူးဧည့်သည်များအား
 မိမိတို့၏ မိုဘိုင်းဖုန်းများနှင့် လက်ကိုင်အိတ်များကို စေတီတော် အတွင်းသို့ ယူဆောင်ခွင့် မပြုကြောင်းလည်းသိရပါသည်။ ဗုဒ္ဓဂယာသို့ အများဆုံး လာရောက်သည့် ဘုရားဖူးဧည်များမှာ သီရီလင်္ကာ၊ထိုင်း၊ မြန်မာ၊ ဗီယက်နာမ်၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ကိုးရီးယားနှင် တရုတ်နိုင်ငံတို့မှဖြစ်ကြသည်ဟုသိရသည်။

No comments: