ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Wednesday, August 14, 2013

ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ဟိန္ဒူဘုန်းကြီးတစ်ပါးအား ဖမ်းဆီးထား

ဇူလိုင်လ (၇) ရက်နေ့ ဗုဒ္ဓဂယာမှာ လက်လုပ်ဗုံး ၁၀ လုံး ပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အဖွဲ့က (National Investigation Agency) (NIA) အရူ-ပ် ဗြဟ္မစာရီ အမည်ရှိ ဟိန္ဒူဘုန်းကြီးတစ်ပါးကို မနေ့က (ဗုဒ္ဓဟူးနေ့) ဖမ်းဆီးလိုက်သည်။
NIA အဖွဲ့က ဗုံးပေါက်ကွဲပြီးနောက် ထွက်ပြေးနေသော အရူ-ပ် ဗြဟ္မစာရီကို ယမန်နေ့က ဖမ်းဆီးထားကြောင်း ဗုဒ္ဓဂယာရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။ အနောက်ဘင်္ဂလားပြည်နယ်မှ ထွက်ခွါလာပြီး ယခု ဗုဒ္ဓဂယာမှာ နေထိုင်နေသူ ယင်းဘုန်းကြီးကို ယခုအခါ ဂယာမြို့ရှိ ရမ်ပူ ရဲစခန်းမှာ ထိန်းသိန်းထားကြောင်း၊ ယခုအခါ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း၊ သို့ရာတွင် ဗုံးဖောက်မှုနှင့် ပတ်သတ်၍ ယခုထိ ရှင်းလင်းပြတ်သားစွာ မသိရသေးကြောင်း Hindustan Times သတင်းစာက ဆိုသည်။ အရူ-ပ် ဗြဟ္မစာရီသည် ဗုဒ္ဓဂယာ မဟာဗောဓိ ဂေါပကအဖွဲ့ (Mahabodhi Temple Management Committee) အား၎င်း၊ ဗုဒ္ဓဂယာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများအားလုံးအား၎င်း အင်တာနက်စာမျက်နှာပေါ်မှာ အမြဲတမ်း တိုက်ခိုက်ရေးသားသူ ဖြစ်ကြောင်းလည်း သိရသည်။
မဟာဗောဓိစေတီတော် လုံခြုံရေးအတွက် တစ်လလျှင် ရူပီးငွေ သိန်း ၅၀ အကုန်အကျခံ၍ ဗဟိုရ်အစိုးရမှ ၂၆၁ ဦးသော (CISF) (Central Industrial Security Force) လုံခြုံရေးအရာရှိများ ချထားလျက် ရှိကြောင်း သိရသည်။


No comments: