ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Saturday, August 17, 2013

ကိုရှုမောင် လူကောင်းပကတိပြန်ဖြစ်သွားပြီ


ယာမှဝဲသို့ - မခင်ဝင်းမော်၊ မသီတာ၊ ကိုရှုမောင်၊ မအေးမြင့်သန်း၊
မအေပြီအောင်




 ကိုရှုမောင် (အသက် - ၃၀ -နှစ်)၊ မြင်းခြံမြို့၊ ယုံမင်းဆေးပေါ့လိပ်ပိုင်ရှင်သည် (18-2-11) နေ့တွင် ကာလကတ္တားမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွါသွားပြီးဖြစ်သည်။

ကိုရှုမောင်မှာ ပထမတွင် သွေးတိုးအခံရှိခဲ့ရာမှ တဆင့်တက်ပြီး ကျောက်ကပ်ရောဂါဖြစ်လာသဖြင့် နာတာရှည်လူနာတစ်ဦးဘ၀သို့ လုံးလုံးလျားလျား ရောက်ရှိနေခဲ့သူဖြစ်သည်။ လူကောင်းပကတိဘ၀တွင် ကျန်းမာခြင်း၏ တန်ဖိုးဆိုသည်ကို လူကြီးမိဘများထံမှ ပြောသံကြားရဖူးသည့်ထက် ပို၍ အလေးမထားမိခဲ့။
ယခုလို မျှော်လင့်ချက်ကင်းမဲ့သလိုမျိုး ဝေဒနာတရပ်ကို ရေရှည်ခံစားလာရသော အခြေနေတွင်မူ ကိုရှုမောင်တစ်ယောက် မရှူနိုင်
မကယ်နိုင်ဆိုသလိုဖြစ်နေခဲ့ရသည်ဟု ဆိုပါသည်။ လူတိုင်းသေနေ့စေလျှင် သေရမည်မှာ အမှန်ပင်၊ သေမျိုးချည်းဖြစ်ကြသူချင်းမှန်း သိပါ၏။ သို့ ရာတွင် လောလောဆည် မသေမရှင် တန်းကြီးတင် အချိန်နှင့်အမျှ ခံစားနေရသော ဝေဒနာဆိုးကြီးနှင့် တိုးနေရသည်က ခက်ခဲလှဘိကြောင်း သူ့ခံစားရမှုကို ပြောပြသည်။
ကာလကတ္တားသို့ ၂၀၁၀၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ရောက်ရှိပြီး၊ အစ်မဖြစ်သူ မအေးမြင့်သန်းကိုယ်တိုင်မှ ထုတ်ယူလှူဒါန်းသည့် ကျောက်ကပ်ဖြင့်၁၅-၁-၂၀၁၁ နေ့တွင် ကာလကတ္တားမြို့ ကမ္ဘာ့အဆင့်မှီ အပိုလို ဂလန်းအီဂဲလ် (Apollo Glenea
gles Hospitals) ဆေးရုံကြီး၌ အောင်မြင်စွာ အစားထိုးကုသပေးနိုင်ခဲ့သည်။ ယခုအခါ ကိုရှုမောင်မှာ လူကောင်းပကတိနီးပါး ကျန်းမာလာပြီဖြစ်သဖြင့် ကိုရှုမောင်ဇနီး မသီတာ၊ အစ်မ မအေးမြင့်သန်း၊ မခင်ဝင်းမော်၊ ညီမ မအေပြီအောင်နှင့် မိသားစုဝင် အားလုံး အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။ 
 မွေးခြင်း (ဇာတိ)နှင့် သေခြင်း (မရဏ) မှတ်တိုင်ကြားတွင် မဖြစ်မနေ ကိုင်ဆောင်သွားလာရမည်မှာ ကျန်းမာရေးကောင်းခြင်း (အဗျာဓိ)ဆိုသော ခရီးသွားလက်မှတ် ဖြစ်ကြောင်း ကိုရှုမောင်တစ်ယောက် ကောင်းစွာ သဘောပေါက်သွားပါပြီဟုလည်း လျှောက်ထားသွားပါသေးသည်။

ဘ၀၏ ဦးတည်ချက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ဖြစ်သည်။ ကျန်းမာရေး မကောင်းသူ တစ်ယောက်အတွက်တော့ ဘ၀ကို မည်ကဲ့သို့ ပျော်ရွှင်စွာ နေထိုင်နှိုင်မှာလဲ။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဆိုတာ ကိုရှုမောင်ပြောသလို နေမကောင်းတဲ့အခါမှ ပိုပြီး သဘောမပေါက်ပဲ အားလုံးသူ ဘယ်အချိန်အခါမျိုးမဆို ကျန်းမာရေးလိုက်စားသင့်ကြောင်း မေတ္တာဖြင့် တင်ပြလိုက်ရပါသည်။



No comments: