ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Saturday, August 17, 2013

ထမင်းစားရာစပ်ကြား ရေသောက်ခြင်းကို ရှောင်ရှားပါ

အစားအစာ စားသောက်စဉ်အတွင်း ရေသောက်ခြင်းသည် သင်၏ အစာကြေညက်မှုစွမ်းအားကို အဟန့်အတားများစွာဖြစ်စေပြီး အင်ဆူလင်ထိန်းညှိပေးမှုကိုလည်း မညီမမျှဖြစ်အောင် များစွာဖြစ်ပွားစေကြောင်း အနုဇီဝပိုးမွှားဗေဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရှိုနာလ် ဆဗ်ဟာဝါလ်က သတိပေးပြောဆိုလိုက်သည်။
          မကြာခဏပြောဆိုကြသည်မှာ ရေအလုံအလောက်သောက်ထားလျှင် ရေဆာသလား မဆာဘူးလားဆိုသည်ကို စစ်ဆေးကြည့်ဖို့ဖြစ်ပါသည်။ အကယ်၍ ရေဆာခြင်းမပြေသေးလျှင် ရေသောက်ခြင်းသည် မှန်ကန်နည်းလမ်းကျပါသည်။ သို့ရာတွင် သင်၏အစားအစာ ထမင်းပွဲများနှင့်အတူ ရေခွက်များချထားခြင်းမှာ သင်၏ရေဆာခြင်းကို သက်သာအောင်လုပ်ဖို့ အသင့်အတော်ဆုံးအချိန်မဟုတ်ပါ။


          အနုဇီဝပိုးမွှားဗေဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရှိုနာလ် ဆဗ်ဟာဝါလ်က ထမင်းစားစဉ်အတွင်း ရေမသောက်သင့်သည့်အကြောင်းကို သူကရှင်းပြထားသည်။” အိန္ဒိယလူမျိုးအများစုသည် ထမင်းစားရာတွင် ထမင်းနှင့်အတူ ရေသောက်ကြသည်။ ထိုကဲ့သို့ ရေသောက်ခြင်း၏ ယေဘုယျ အယူအဆတစ်ခုမှာ အစားအစာများ ဗိုက်ထဲသို့ လွယ်ကူချောမောစွာ ဆင်းသွားနိုင်အောင်ဖြစ်သည်။ ဤအလေ့အကျင့်မှာ မည်မျှမှားယွယွင်းနေသည်ဆိုသည်ကို လူများမသိရှိကြပေ။ ထိုပြင့် ယင်းသို့ရေသောက်ခြင်းမှာ အစာကိုချေဖျက်ရန် (အစာကြေရန်) ဘယ်လောက်ခက်ခဲသွားစေသည်ဆိုသည်ကိုနားမလည်ကြပေ။ ယင်းမှာ အစာမကြေသောရောဂါရှိသူများအတွက် နောက်ထပ်ရောဂါဆိုးများကိုဖြစ်ပွားစေရန် ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။ အစာစားသောအခါ ကျွန်ုပ်တို့ဝမ်းဗိုက်သည် သူလုပ်ဆောင်နေကျအလုပ်ကိုကောင်းကောင်းသိပါသည်။ အစာစားသောအခါ ကျွန်ုပ်တို့ဝမ်းဗိုက်မှာ အစာများကိုကျေညက်စေရန် အစာချက် အရည်များကိုစတင်ထုတ်လွှတ်ပေးပါသည်။ ထမင်းစားသည်နှင့်တပြိုင်နက် ရေကိုစတင်သောက်လိုက်ပါက ယင်းသို့ရေသောက်လိုက်ခြင်းမှာ အစာကျေညက်ရန် အစာချက်အရည်များထုတ်လွှတ်မှုကိုလျော့နဲသွားစေပြီး အစာများ ကြေညက်ရန် နှောင့်နှေးကြန့်ကြာသွားစေပါသည်။”
          ထမင်းစားသောက်စဉ်အတွင်း ရေအနဲငယ်သောက်ခြင်းသည် စိုးရိမ်စရာ တစ်စုံတစ်ရာမဟုတ်သော်လည်း ရေတစ်ခွက် နှစ်ခွက်သောက်ခြင်းမှာ အစာကြေညက်မှုကိုအနှောက်အယှက်ဖြစ်စေသည်ဟု သုတေသနပြုချက်ကပြဆိုထားသည်။ အာဟာရများကို စုတ်ယူနိုင်ရန်အထောက်အကူအဖြစ်ဖြင့် အစာမစားခင်မှာသော်လည်းကောင်း သို့မဟုတ် အစာစားပြီးနှစ်နာရီကြာပြီးမှသော်လည်းကောင်း ရေသောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု သုတေသီများကဆိုကြသည်။
          ထမင်းစားသောက်စဉ်အတွင်း ရေသောက်လိုက်သောအခါ ဗိုက်ထဲရှိ အူနံရံများက ၄င်းရေများကိုစုပ်ယူသွားကြောင်း ဆဗ်ဟာဝါလ်က အသေးစိပ်ပြောဆိုထားသည်။” သင်၏အစာကိုကြေညက်စေရန်အတွက် အရေကိုစုတ်ယူခြင်းမှာ အဆီအနှစ်ဖြစ်သွားသည်အထိ စုပ်ယူသွားသည်။ သို့ရာတွင် ရေနှင့်ရောသွားသည့်အတွက်ကြောင့် အစာ၏အဆီအနှစ်များမှာ သင်၏ဗိုက်ထဲရှိအစာ၏ပမာဏထက် ပို၍ထူပျစ်သွားစေပါသည်။ ထို့ကြောင့် သင်၏အစာကို ကြေညက်စေသော အစာချက်အရည်ကြည်များ နဲပါးသွားလေတော့သည်။ ယင်း၏ရလဒ်မှာ ၀မ်းဗိုက်နံရံများကစုပ်ယူသွားသောကြောင့် မကြေညက်သောအစာများက သင်၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကြပါသည်။ ဤကဲ့သို့စိမ့်ဝင်သွားခြင်းကြောင့် အချဉ်ရည်များကိုဖြစ်ပွားစေပြီး အစာမကြေခြင်းကြောင့် ရက်ခေါင်းပူခြင်းကိုလည်းဖြစ်ပွားစေပါသည်”။ ထမင်းစားသောက်စဉ်အတွင်းရေသောက်ခြင်းသည် သင်၏ အင်ဆူလင် ထိန်းညှိပေးမှုအတွင်း သကြားဓာတ်ကို မြင့်မားသွားစေပြီး ၄င်းသည်အဆီအဆိမ့်တွင်ပါဝင်သော သက်ရောက်မှုအားထက်ပို၍ မြင့်မားမှုရှိကြောင်း ဆဗ်ဟာဝါလ်က သတိပေးထားပါသည်။ “သင်၏သွေးထဲတွင် အင်ဆူလင်(သကြားဓာတ်)များလေလေ သင်၏ခန္ဓာကိုယ်တွင် အဆီဓာတ်သိုလှောင်မှုပိုများလေလေဖြစ်ပါသည်။”
          ထမင်းစားရာတွင် ရေသောက်ခြင်းကို ရှောင်ရှားရမည့်အပြင် အချို့မလုပ်သင့်သည့်အရာများကိုလည်း ဆဗ်ဟာဝါလ်က အကြံပြုထားပါသေးသည်။ သင်၏အစားအစာတွင်ဆားမများအောင်ပြုလုပ်ပါ။ ဆားများခြင်းသည် ရေဆာမှုကိုပိုမိုဖြစ်ပွားစေပြီး ရေများများသောက်ချင်စိတ်ကိုရုတ်တရက်ဖြစ်ပွားစေပါသည်။ ထို့ပြင် ထမင်းကိုအလျင်အမြန်စားသောက်ပါက အလျင်အမြန်မျိုချမှုကို ပြုလုပ်ရပါသည်။ ထိုအခါ အစာသည်ဗိုက်ထဲသို့ ချောမောလွယ်ကူစွာဝင်သွားနိုင်အောင် ရေသောက်ဖို့လိုသည်ဟု သင်ထင်မိမည်ဖြစ်ပါသည်။ အစာစားရာတွင် ရေသောက်မည့်အစား အစာကိုထပ်ခါတလဲလဲ ကြေညက်သွားသည်အထိ ၀ါးစားဖို့လိုပါသည်။ အစာကိုကြေညက်အောင်ဝါးသောအခါ အစာကိုကြေညက်စေသည့် (အင်ဇိုင်းဓာတ်) အရည်ကြည်တော်တော်များများကို ထုတ်ပေးပြီး ထိုအရည်ကြည်များသည် ကျွန်ုပ်တို့ဝမ်းဗိုက်၏လုပ်ဆောင်ချက်များကို ပိုမိုချောမောလွယ်ကူအောင်ပြုလုပ်ပေးပါသည်။   
ကိုးကား = Timese of India မှSay no to water between Meals ကိုပြန်ဆိုပါသည်။  
မေတ္တာဖြင့်
ဆရာတော်                                   


No comments: