ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Sunday, September 15, 2013

ကျေးဇူးရှင်အား ကျေးဇူးတုံ့ပြန်ခြင်း

 ပထမဆုံး အနေနဲ့ ကျွန်မ အကြောင်းကို စတင်မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်မ အမည် ကတော့ သိင်္ဂီထွန်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ
ဓါတ်ပုံ- ၀ဲမှ ယာသို့ (ရှေ့တန်း) = မသိင်္ဂီထွန်း (ကျောက်ကပ်အလှူရှင်)၊ ဒေါ်ဝင်းဝင်းမြင့်
( ကျောက်ကပ်ဝေဒနာရှင်)၊

နောက်တန်း = မဖြိုးသူခင် (ဒေါ်ဝင်းဝင်းမြင့်ရဲ့ ဒုတိယ သမီး)
ကျွန်မ အသက် ၂၇ နှစ် ပြည့်ခဲ့ပါတယ်။ ကျွန်မရဲ့ မိဘများကတော့ ဦးမျိုးသန်းထွန်းနှင့် ဒေါ်ဝင်းဝင်းမြင့် ဖြစ်ပါတယ်။ ကျွန်မမှာ မွေးချင်း ညီမလေးတစ်ယောက်ရှိပါတယ်။ သူ့နာမည် ကတော့ ဖြိုးသူခင် ဖြစ်ပါတယ်။ ဖေဖေ ကတော့ လွန်ခဲ့သော ၁၆ နှစ်ကတည်းက ကွယ်လွန်ခဲ့ပါတယ်။ ကျွန်မရဲ့ ပညာအရည်အချင်းကတော့ B.A (Economics) ဖြစ်ပါတယ်။ ကျွန်မ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကတော့ Mandalay Cement Industries Co.,Ltd ရဲ့ Finance Dept မှ Accountant ဖြစ်ပါတယ်။


          ဒုတိယအနေနဲ့ ပြောချင်တာကတော့ ကျွန်မ ကျောက်ကပ်လှူဒါန်း ဖြစ်ခဲ့ပုံအကျဉ်းလေးဘဲ ဖြစ်ပါတယ်။ ကျွန်မကျောက်ကပ်လှူဒါန်းပေးခဲ့သူကတော့ အခြားမဟုတ်ပါဘူး ကျွန်မရဲ့ ကျေးဇူးရှင်မေမေ ဒေါ်ဝင်းဝင်းမြင့်ကို လှူဒါန်းခဲ့တာ ဘဲဖြစ်ပါတယ်။ မေမေမှာ နာတာရှည် ကျောက်ကပ်ရောင်ရောဂါဖြစ်ပွားနေ ကြောင်းကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး သိရှိခဲ့ရပါတယ်။ ထိုအချိန်ကတည်းက ကျောက်ကပ်အစားထိုးဖို့ကို ဆရာမကြီး ပါမောက္ခ ဒေါ်မေမြ၀င်းနှင့်တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်မတို့ ညီအမနှစ်ယောက်လုံး မေမေနဲ့ သွေးအမျိုးစား တူညီကြတာမို့ ညီအမနှစ်ယောက်လုံး ကျောက်ကပ်လှူဒါန်းဖို့ ဆန္ဒပြင်းပြခဲ့ကြပါတယ်။ ဆရာမကြီး ဒေါ်မေမြ၀င်းရဲ့ ဆုံးဖြတ်ချက်အရ (ကျွန်မကပိုပြီး fit ဖြစ်တာရယ်ကြောင့် ) ကျွန်မကို ကျောက်ကပ်အလှူရှင်အဖြစ် ရွေးချယ်ပေးခဲ့ပါတယ်။
          တတိယအနေနဲ့ ကတော့ ဆေးရုံရွေးချယ်ဖြစ်ခဲ့ပုံလေးပါဘဲ။ ကျောက်ကပ် အစားထိုးဖို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာတော့ ကျွန်မတို့ရဲ့ ကျန်းမာရေး ကုသမှုခရီးစဉ်ကို အကူအညီပေးနိုင်တဲ့ သီတာအေးမြ ၀န်ဆောင်မှုကုမ္ပဏီ ကိုဆက်သွယ်ခဲ့ပါတယ်။ ကုမ္ပဏီ မှရှင်းပြချက်များကြောင့်Medica Superspecialty Hospital ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။
         ကျွန်မတို့ ၂၀၁၂ ဖေဖော်ဝါရီ ၁၇ ရက် နေ့တွင် အိန္ဒိယနိုင်ငံ ကလကတ္တား မြို့ ဗောဓိသုခ ပရဟိတကျောင်း ကိုရောက်ရှိခဲ့ပါတယ်။  ဘုန်းဘုန်း ဒေါက်တာ နန္ဒောဘာသ ရဲ့အရိပ်ကြောင့်အေးချမ်းနေတဲ့ ဗောဓိသုခဟာ မမေ့နိုင်တဲ့ နေရာလေးဘဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ရက် မှ စတင်ပြီး ဆေးရုံသွား ဆေးစစ်ဖို့အတွက် ဦးဇင်း ဦးသီဟမှ လိုက်ပါပို့ဆောင်စီစဉ်ပေးပါပြီ။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာတော့ မေမေ neckline ဖောက်ပြီး ကျောက်ကပ်ဆေးပါတယ်။( မေမေက ရန်ကုန်မှာ ကျောက်ကပ်မဆေးသွား ခဲ့ပါဘူး။) မတ်လ ၆ရက်နေ့မှာ ဆေးရုံဘုတ်ထိုင်ပါတယ်။ဧပြီလ ၁၀ နေ့မှာ ဆေးကောင်စီ သွားခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့မှာတော့ ဆေးရုံတတ်ခွင့်ရပြီး ၁၈ရက်နေ့မှာ ကျောက်ကပ် အစားထိုးခွဲစိတ်မှုကြီးကို ပြုလုပ်ခဲ့ပါတယ်။ အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ တာကတော့ ဘုန်းဘုန်း ဒေါက်တာနန္ဒောဘာသရဲ့ စီစဉ်ပေးမှုများနဲ့ နေ့တိုင်း အပင်ပန်းခံ မညည်းညူဘဲ ကူညီပေးကြတဲ့ ဦးဇင်း ဦးသီဟနဲ့ ကိုရင်လေး က၀ိတို့ရဲ့ ကျေးဇူးတွေ ကြောင့်ဘဲဖြစ်ပါတယ်။ ဒီစာကိုရေးနေရင်းနဲ့ဘဲ ကျွန်မတို့ မိသားစုက ကျေးဇူးတရားများကို အစဉ်အမြဲသတိရလျှက် ရှိပါကြောင်း………။

သိင်္ဂီထွန်း
ttun16@gmail.com


No comments: