ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Thursday, September 26, 2013

ဒေါ်သန်းသန်း အိမ်ပြန်ပြီ


ဒေါ်သန်းသန်းနှင့် သမီး မရီရီမော်


ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ ရာဇသူရလမ်းနေ ဒေါ်သန်းသန်း ကျောက်ကပ်ရောဂါ ခံစားနေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ ကျောက်ကပ်ပျက်စီးရခြင်းအကြောင်းကတော့ သွေးတိုးရောဂါကြောင့်ဖြစ်သည်။ ၂၃-၆-၂၀၁၃ နေ့ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းသို့ ရောက်ရှိသည်။ ၁၀-၈-၂၀၁၃ နေ့ ကိုးလ်ကတ္တားမြို့ အပိုလို ဂလန်းအီဂဲလ် ဆေးရုံကြီး (Apollo Gleneagles Hospital) မှာ အောင်မြင်စွာ ကျောက်ကပ် အစားထိုးကုသသည်။ ကျောက်ကပ်အလှူရှင်ကတော့ တူလေး ကိုကျော်သက်ဆွေ ဖြစ်သည်။
ယနေ့ (၂၇-၉-၂၀၁၃) ကျန်းမာပျော်ရွှင်စွာဖြင့် အိမ်ပြန်နိုင်ခဲ့လေပြီ။
အားလုံးသတ္တ၀ါဝေနေယျ ချမ်းသာသုခ ရနိုင်ကြပါစေ။

No comments: