ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Thursday, September 19, 2013

မေသူုမောင်ဘုရားဖူးအဖွဲ့ အိန္ဒိယနိုင်ငံသို့ရောက်ရှိ

မြန်မာနိုင်ငံမှ ဒေါ်မေသူမောင် ဦးဆောင်သော မေသူမောင် ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း သည်
၁၃-၉-၁၃ နေ့ မေသူမောင် ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့အား
ကိုလ်းကတ္တားမြို၊ 
အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်
ဘုရားဖူးဧည့်သည် (၃၂) ဦးဖြင့် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့  ၁၃-၉-၂၀၁၃ နေ့စတင်ရောက်ရှိ လာကြောင်းသိရသည်။ လွန်ခဲ့သော ဇူလိုင်လ (၇) ရက်နေ့က ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီ နောက် မြန်မာနိုင်ငံမှ ယခုနှစ်ဘုရားဖူး ရာသီ အစတွင် အစောဆုံးရောက်ရှိလာသော အဖွဲ့ဖြစ်သည်။ သတင်းများအရ ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်အတွင်း ဗုံးပေါက်ကွဲ မှုများဖြစ်ပွားခြင်းကြောင်း နိုင်ငံတကာမှ ဘုရားဖူးများ အရောက်နည်းပါးသွား နိုင်ကြောင်း ခန်းမှန်းပြောဆိုမှုများရှိခဲ့သည်။ ဗုဒ္ဓဂယာဘုရားဖူးများ နည်းပါးသွားနိုင်ကြောင်း ခန့်မှန်းမှုများရှိခဲ့သော်လည်း ယခုအခါ ထိုင်း၊ သီရိလင်္ကာ၊
ကမ္ဗောဒီးယားစသောနိုင်ငံများမှ ဘုရားဖူးများ စတင် လာရောက်နေကြပြီဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံမှ ယခုနှစ်အစောဆုံးရောက်ရှိလာသော မေသူမောင် ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့မှာ လွန်ခဲ့သော (၄) နှစ်က စတင်ပြီး သာသနာရေးဝန်ကြီး ဌာနမှ ၂ နှစ်တိုင်တိုင် တာဝန်ပေးအပ်ခြင်း ခံရသော အဖွဲ့ဖြစ်သည်။  မေသူမောင် ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့မှာ လွန်ခဲ့သောနှစ် ဘုရားဖူးရာသီအတွင်း ဘုရားဖူးဧည့်သည်ပေါင်း ၄၈၀ ဦးအား ၀န်ဆောင်မှုပေးနိုင်ခဲ့သည်ဟုဆိုသည်။ ယခုနှစ် ဘုရားဖူးရာသီတွင် (၁၇) ကြိမ် ဘုရားဖူးပို့ဆောင်ပြီး ဘုရားဖူးခရီးသည် ၇၀၀ ခန့်တို့အား ၀န်ဆောင်မှု ပေးနိုင်လိမ့်မည်ဟု ဒါရိုက်တာ ဒေါ်မေသူမောင်မှ ဆိုသည်။   မြန်မာနိုင်ငံမှ တစ်ခြားဘုရားအဖွဲ့များလည်း နောက်သီတင်းပတ်အတွင်းတွင် စတင်ကာ ရောက်ရှိလာ ကြမည်ဖြစ်ကြောင်း၊ မိမိတို့တည်းခိုမည့် ကျောင်းတိုက်များသို့ သတင်းများပို့ထားကြပြီ ဖြစ်ကြောင့်လည်း သိရသည်။

No comments: