ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Thursday, October 17, 2013

ခင်နန္ဒာ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏ ပထမဦးဆုံးဘုရားဖူးအဖွဲ့ ဘေးကင်းလုံခြုံစွာဖြင့် အိမ်ပြန်

ဘုရားဖူးခရီးသည် (၃၂) ဦးဖြင့် ခင်နန္ဒာ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် 
အောက်တိုဘာလ (၄)
    ဘုရားဖူးခရီးသည်များ ဗောဓိသုခဆရာတော်အား ကန္တော့နေစဉ်
ရက်နေ့ အိန္ဒိယနိုင်ငံသို့ ဘုရားဖူးရောက်ရှိလာသည်။  လွန်ခဲ့သော ဂျူလိုင်လ (၇) ရက်နေ့ ဗုဒ္ဓဂယာမှာ လက်လုပ်ဗုံးများ ပေါက်ကွဲပြီးနောက် ယခုနှစ် ဘုရားဖူးရာသီအတွင်း အဆိုပါ ခရီးသွားလုပ်ငန်း၏ ပထမဦးဆုံး လာရောက်သော အဖွဲ့ ဖြစ်သည်။  ယင်းဗုံးပေါက်မှုကြောင့် ယခုနှစ် ဘုရားဖူး ရာသီအတွင်း ဘုရားဖူးခရီးသည်များ နည်းပါးသွားလိမ့်မည်ဟု ခန့်မှန်း ပြောဆိုမှုများ ရှိနေခဲ့သော်လည်း ယခုအခါ ဗုဒ္ဓဂယာနှင့် တခြား ဗုဒ္ဓဘာသာများ အထွတ်အမြတ်ထားရာ နေရာတော်များ၌  မြန်မာအပါအ၀င် ထိုင်း၊ ကမ္ဗောဒီးယား စသော ဗုဒ္ဓဘာသာနိုင်ငံများမှ ဘုရားဖူးခရီးသည်များဖြင့် စည်ကား သိုက်မြိုက်လျက် ရှိကြောင်း သိရသည်။
ခင်နန္ဒာ အပြည်ပြည်ဆိုင်ရာ ဘုရားဖူးလုပ်ငန်းသည် လွန်ခဲ့သောနှစ်က လူပေါင်း တထောင်ကျော် ဘုရားဖူးပို့ဆောင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဘုရားဖူးခရီးသည် ၁၆၀၀ ကျော်ခန့် ပို့ပေးနိုင်လိမ့်မည်ဟု ယင်းဘုရားဖူးလုပ်ငန်း၏ Managing Director မခင်နန္ဒာက ဆိုသည်။ 

ယခုအခါ ခင်နန္ဒာအပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏ လူပေါင်း (၃၂) ဦးပါဝင်သော အဆိုပါ ပထမဦးဆုံးအဖွဲ့သည် သံဝေဇနိယ (၄) ဌာန၊ အ၀ိဇိဟိတ (၄) ဌာနတို့ကို ဘေးကင်း လုံခြုံစွာ ဘုရားဖူးပြီးပြီဖြစ်၍ (၁၇-၁၀-၁၃) နေ့ ကိုးလ်ကတ္တားမြို့ ဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်၌ တစ်ညတာ တည်းခိုကာ ယနေ့ (၁၈-၁၀-၂၀၁၃) အိန္ဒိယ လေကြောင်းလိုင်း AI 277 ဖြင့် ကိုးလ်ကတ္တားမှ ရန်ကုန်သို့ တိုက်ရိုက် ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။

No comments: