ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Sunday, May 26, 2013

လူ့အသက်များစွာကို ပြန်လည်ကယ်ဆယ်ဦးမည့် ဒေါက်တာ ကျော်ငြိမ်း အိမ်ပြန်



အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ၊ မေဒီကာ အထူးဆေးရုံကြီးတွင် ကျောက်ကပ် အစားထိုးကုသခံယူနေခဲ့ရသည့် ဒေါက်တာကျော်ငြိမ်သည် ၁၁ - ၅ - ၁၂ နေ့က အမိမြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ထွက်ခွါသွားပြီးဖြစ်သည်။ မကွေးတိုင်း၊ ဂန့် ဂေါမြို့နယ်၊ စည်ပင်သာယာရပ်ကွက်နေ ဒေါက်တာကျော်ငြိမ်းမှာ ဆရာဝန်ကြီးတစ်ဦးဖြစ်၍ သူ့ဆေးပညာဖြင့် လူ့ အသက်ပေါင်းများစွာကို ကုသကယ်ဆယ်ပေးနေခဲ့သူဖြစ်သည်။ သို့ ရာတွင် တချိန်တည်းမှာပင် ဒေါက်တာကျော်ငြိမ်းမှာ မွေးရာပါကျောက်ကပ် အားနည်းသူ လူနာတစ်ဦးလည်း ဖြစ်နေခဲ့ပေသည်။ ကျောက်ကပ်ဝေဒနာကို ကာလတာရှည်ခံစားခဲ့ရသည်။ သို့ဖြင့် ၂၀-၁-၁၂ နေ့တွင် အိန္ဒိယသို့ ရောက်ရှိလာပြီး၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းတွင် တည်းခိုနေထိုင်ကာ ကာလကတ္တားမြို့ရှိ အဓိ့ကရဆေးရုံကြီးဖြစ်သည့် မေဒီကာ အထူးဆေးရုံသို့ (Medica Super Specialty Hospital) တက်ရောက်ကုသခံယူခဲ့ပေသည်။ 5-3-12 နေ့ တွင် မယ်ဒီကာဆေးရုံကြီးမှ ဆရာဝန်ကြီးများက ဒေါက်တာကျော်ငြိမ်းအား အောင်မြင်စွာ ကျောက်ကပ်အစားထိုး ကုသနိုင်ခဲ့သည်။ ယခုအခါ ဒေါက်တာကျော်ငြိမ်းသည် လူကောင်းပကတိနီးပါးကျန်းမာ ပျော်ရွှင်စွာဖြင့် ၁၁-၅-၁၂ နေ့ အိမ်ပြန်နိုင်ခဲ့ပြီဖြစ်၍ ဒေါက်တာ တစ်ဦးအနေဖြင့် လူ့ အသက်ပေါင်းများစွာကို ဆက်လက်ကယ်ဆယ်ဦးမည်ဖြစ်ပါသည်။

No comments: