ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Friday, May 24, 2013

ဦးမောင်ချုံ (ခ) ဦးစိုးဝင်း ကျောက်ကပ်အစားထိုးကုသပြီ အိမ်ပြန်ပြီ

ဦးမောင်ချုံ (ခ) ဦးစိုးဝင်းသည် ကျောက်ကပ်ရောဂါ ခံစားနေရသည်မှာ ကြာလှပြီဖြစ်သည်။ ကျောက်ကပ်ရောဂါ ဖြစ်ရခြင်း အဓိက အကြောင်းရင်းက ဆီးချို သွေးချို ရောဂါခံကြောင့် ဖြစ်သည်ဟု သိရသည်။ လူက ဆီးချို သွေးချိုကို မထိမ်းချုပ်နိုင်လျှင် ဆီးချို သွေးချိုက လူကို ထိမ်းချုပ်သွားစမြဲဖြစ်သည်။
ဦးမောင်ချုံ၊ ဦးမျိုးရွှေ၊ ဒေါ်ခင်လေးနွယ်၊ ဒေါ်သီသီမော် တို့သည် ကျောက်ကပ် အစားထိုးကုသရန် ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းသို့ ၁၂-၉-၁၁ နေ့ အိန္ဒိယလေကြောင်းဖြင့် ရောက်ရှိလာကြသည်။ ကျောင်းတိုက်ရှိ ဦးဇင်းများကလည်း လေဆိပ်မှ
သွားကြိုကြပြီး နောက်နေ့ နံနက် ကာလကတ္တားမြို့ အပိုလို ဂလန်းအီးဂဲလ် ဆေးရုံမှာ သွားရောက်ပြသပေးကြသည်။ လိုအပ်သည့် ဆေးစစ်ဆေးချက်များ၊ စာရွက်စာတမ်းများ အားလုံး ပြီးစီးပြီးနောက် ၃-၁၁-၁၁ နေ့တွင် ကျောက်ကပ်အစားထိုး ကုသရာ အားလုံး အဆင်ပြေစွာဖြင့် ၁၅ ရက်ခန့် နောက်ပိုင်း ဆေးရုံမှ ဆင်းခွင့် ရခဲ့သည်။ ကံဆိုးသည်မှာ ဆေးရုံမှဆင်းပြီး သိပ်မကြာခင်မှာပဲ ဆီးပိုးဝင်ကာ ပြန်ဆေးရုံတက်ရပြန်ပါသည်။ ဤသို့ဖြင့် ဆေးရုံကို ခွဲစိတ်ကုသပြီးနောက် ၃ ကြိမ်တိုင်တိုင် တက်ရောက် ကုသခဲ့ရသည်။ ယင်းသို့ ဆေးရုံသို့ အကြိမ်ကြိမ် တက်ရောက် ကုသရခဲ့သော်လည်း ဤနေ့ (၂၀-၂-၂၀၁၂) တွင်မူ အာလုံးကောင်းမွန်စွာဖြင့် ပျော်ပျော်ရွှင်ရွှင် အမိမြန်မာနိုင်ငံ မိမိ၏ အိမ်သို့ အိန္ဒိယလေကြောင်းလိုင်းဖြင့် ပြန်သွားနိုင်ပြီ ဖြစ်ပါသည်။

No comments: