ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Friday, May 24, 2013

U Chit Htwe Realive

ဦးချစ်ထွေးသည် အသက် ၄၀-နှစ်အရွယ် ပအို့အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် မိသားစုနှင့်အတူ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သပြေတန် ပအို့ရွာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။ သူ့ကျောက်ကပ် ဖြစ်နေကြောင်း သတိထားမိသည်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က ဖြစ်သည်။ သူ့၏ရောဂါခံ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါကို တစ်နှစ်လောက် ဆေးကုသရင်း အင်္ဂလိပ်ဆေးများကို အလွန်အကျွံသောက်မိရာက ကျောက်ကပ်ပျက်စီးသွားခြင်းဖြစ်သည်ဟု သူကမှတ်ချက်ပြုပြောဆိုပေသည်။
လူ့ခန္ဓာကိုယ်သည် စက်ပစ္စည်းကြီးတစ်ခုနှင့်တူသည်ဟု တင်စားပြောဆိုကြသည်။ စက်စ္စည်းတစ်ခုတွင် အစိပ်အပိုင်းငယ်တစ်ခု ချွတ်ယွင်းသွားပါက ထိုစက်တစ်ခုလုံးသည် ကောင်းစွာ အလုပ်လုပ်နိုင်တော့မည်မဟုတ်ပေ။ ထိုအစိပ်အပိုင်းငယ်ကို ပြုပြင်ဖို့စစ်ကြိုးစားကြရတော့သည်။ နောက်ပြီး ထိုအစိပ်အပိုင်းငယ်ကို ပြုပြင်ဖို့ကြိုးစားရင်း နောက်အစိပ်အပိုင်းများကိုလည်း မပျက်စီးမထိခိုက်အောင် ထိန်းထားတတ်ဖို့ အရေးကြီးလာသည်။ သို့မှသာ မီးခိုးကြွက်လျှောက်ဆိုသလိုမျိုး တစ်ခုကို ပြုပြင်နေရင်း နောက်တစ်ခု ပျက်စီးမသွားအောင် ထိန်းထားနိုင်မှာ ဖြစ်သည်။ ထိုကဲ့သို့ အဘက်ဘက်မှ သတိထားရင်း ပျက်နေသော အစိပ်အပိုင်းကို ပြုပြင်နိုင်ပါမှ ထိုစက်ကြီးကောင်းစွာလည်ပတ်နိုင်မှာပင်ဖြစ်သည်။
လူ့ခန္ဓာကိုယ်ကိုယ်လည်း ထိုစက်ပစ္စည်းတစ်ခုကဲ့သို့ အစိပ်အပိုင်းပေါင်းများစွာဖြင့် တည်ဆောက်ထားပေသည်။ ထိုကဲ့သို့ ကိုယ်ခန္ဓာအတွင်း၌ အစိပ်အပိုင်းတစ်ခု အားနည်းလာပြီဆိုလျှင် အမြန်ဆုံးကုသဖို့ကြိုးစားကြရမှာ ဖြစ်ပါသည်။ တချိန်တည်းမှာပဲ ထို အစိပ်အပိုင်းကို ကုသရင်း နောက်အစိပ်အပိုင်းအများအား မထိခိုက်ရအောင်လည်း ထိမ်းသိမ်းထားရမှာ ဖြစ်ပါသည်။
ယခုအခါမှာ နိုင်ငံတကာ၌ ဆေးပညာသိပ္ပံတိုးတက်လာသည်နှင့်အမျှ Diagnosis ခေါ် ရောဂါရှာဖွေရေးပညာသည်လည်း ကမ္ဘာ့လူသားများအတွက် အားကိုးလောက်ဖွယ်အဆင့်ထိ တိုးတက်လာပြီး ဖြစ်သည်။ ထိုကြောင့် အစိပ်အပိုင်းတစ်ခုအားနည်းသွားလျှင် ထိုအစိပ်အပိုင်းကို ကုသရင်း နောက်အစိပ်ပိုင်းများကိုလည်း အားနည်းမလားအောင် Diagnosis ပြုလုပ်ပြီး ကျွမ်းကျင်သော ဆရာဝန်များနှင့်တိုင်ပင်ကာ ထိမ်းသိမ်းပေးကြရမှာ ဖြစ်ပါသည်။
အသက် ၄၀-အရွယ်သာ ရှိသေးသော ဦးချစ်ထွေးမှာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနေရင်းပင် သွေးပေါင် ၂၀၀ အထိတက်သွားကာ နောက်ဆုံး ကျောက်ကပ် ပျက်စီးသွားခြင်း အဆင့်ထိ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ နောက်ဆုံးမှာတော့ ကျောက်ကပ်အစားထိုး ကုသနေသော အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ အပိုလို ဂလင်း အီးဂလ် ဆေးရုံကြီး၌ ကုသမူခံယူရန် ပြင်ဆင်ရတော့သည်။
ထို အပိုလို ဆေးရုံရှိ ကျွမ်းကျင်သော ဆရာဝန်ကြီးများက ဦးချစ်ထွေးအား ၂၇၊၁၁၊၂၀၁၁ နေ့က အအောင်မြင်စွာ ခွဲစိတ်ကုသယင်း ကျောက်ကပ်ကို အစားထိုးလိုက်ပြီး ဖြစ်ပါသည်။ ကျောက်ကပ် အလှူရှင်ကတော့ သူ့၏သား စိုင်းပွန်းခမ်း ပင်ဖြစ်သည်။
ယခုအခါမှာ ဦးချစ်ထွေးနှင့် မိသားစုသည် ကျန်းမာစွာဖြင့် (၁၀၊ ၁၁၊ ၂၀၁၁) နေ့က ဆေးရုံကဆင်းပြီး၊ အမိမြန်မာပြည်သို့ ပျော်ရွှင်စွာ ပြန်သွားကြပြီး ဖြစ်သည်။
အသက် ၄၀-လောက်အရွယ်မှာ ကျောက်ကပ် ဆုံးရှူံးသွားသော ဦးချစ်ထွေးကို ကြည့်ခြင်းအားဖြင့် ကျောက်ကပ်ပျက်စီးခြင်းသည် အသက်အကြီး၊ အငယ် မည်သည့်အရွယ်မဆို ဂရုတစိုက်မရှိပါက စောစီးစွာပင် ကျောက်ကပ် ဆုံးရှူံးနိုင်ကြောင့် သတိထားသင့်ပေသည်။

No comments: