ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Wednesday, June 26, 2013

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမြေမြတ်မဟာတွင် မြေအလှူ ရေစက်သွန်းချ အမျှပေးဝေရန် ဖိတ်ကြားခြင်း

အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခ ပရဟိတမြန်မာကျောင်း၊ ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီး၍ ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ စတုရန်းပေ ၃၂၄၀၀ ရှိသော မြေကြီးကို သာသန၀တ္တကမြေအဖြစ် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ စေတနာရှင် ဒါယကာ၊ ဒါယိကာမအပေါင်းတို့၏ လှူဒါန်းငွေများဖြင့် ၀ယ်ယူပြီးဖြစ်ပါသည်။ ၇-၁၂-၂၀၁၂ ရက် (သောကြာနေ့) တွင် သာသနာ့ဝတ္တကမြေကြီးပေါ်၌ မြေသန့်မင်္ဂလာအခမ်းအနားနှင့် မြေအလှူ ရေစက်ချပွဲ အခမ်းအနားကို ပြုလုပ်ပြီးစီး၍ အဆိုပါအခမ်းအနားတွင် ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ မထေရ်မြတ်က ရေစက်ချ အနုမောဒနာတရား ဟောကြားချီးမြှောက်တော် မူခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ မြေမြတ်မဟာတွင်ပြုလုပ်သော အဆိုပါ ရေစက်ချ မင်္ဂလာအခမ်းအနားသို့ အကြောင်း အမျိုးမျိုးကြောင်း မလာရောက်နိုင်သော စေတနာရှင်တို့၏ လှူဒါန်းမှု အစုစုတို့ကို ဆရာတော် ဒေါက်တာ နန္ဒောဘာသ ကိုယ်တိုင် ရေစက်သွန်းချအမျှအတန်း ပေးဝေမည် ဖြစ်ပါသဖြင့် စေတနာရှင် သာသနာ့မြေအလှူဒါယကာ ဒါယိကာမများ ကိုယ်တိုင်ကိုယ်ကျ ၀မ်းမြောက်ဝမ်းသာ ရေစက်ချ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်- ၃၀-၆-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် -  မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ
နေရာ -  ရခိုင်ပြည်နယ်ဓမ္မာရုံ၊ အာဇာနည်လမ်း၊ ရွှေတိဂုံ အရှေ့ဘက်မုခ်အနီး၊ ဗဟန်း။
ဆက်သွယ်ရန်-  ၁)  ဒေါ်သန်းသန်း (သီရိသုဓမ္မသိင်္ဂီ)၊ ဖုန်း- ၀၉၅၄၁၇၅၃၅
                   ၂)  ဒေါ်သီတာ၊ မဇ္ဈိမဂုဏ် ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးအဖွဲ့၊
                       ဖုန်း- ၀၁-၂၉၆၄၄၆၊  ၀၁-၃၉၄၈၈၉၊ ၀၉၅၀၁၃၅၂၂


No comments: