ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Wednesday, June 12, 2013

ဟိန္ဒူအမျိုးသားနှင့် ဂျူးအမျိုးသမီးတို့ မိသားစုမှ အမေရိကန် ဒေါ်လာ (၁၇၀၀၀) တိတိ လှူဒါန်း

အမှတ် (၁၄)၊ နတ်ကြီးကုန်းရပ်ကွက်၊ မိုးကောင်းမြို့နယ်၊ ကချင်ပြည်နယ်နေ ကိုဂျာနူး+မဥမ္မာမောင် (ဂျာနူးဆေးဆိုင် မိသားစု) မှ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးဆောက်လုပ်လျက်ရှိသော ဂယာမြို့ရှိ မဟာဗောဓိပရဟိတကျောင်းတိုက်ကြီး၏ ပထမဦးဆုံးသော ဗောဓိရုက္ခမူလ (၅) ထပ်ကျောင်းဆောင်ကြီးဆောက်လုပ်ရာတွင် ၁၅ x ၁၉ ပေ အကျယ် အခန်း (၁) ခန်းအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၇၀၀၀) တိတိကို လှူဒါန်း ပါဝင်သောကြောင့် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုအပ်ပါသည်။ ကိုဂျာနူးသည် ဟိန္ဒူဘာသာဝင်ဖြစ်ပြီး မဥမ္မာမောင်မှာမူ ဂျူးဘာသာဝင်ဖြစ်သည်။ သူတို့ ဇနီးမောင်နှံသည် ယခုအခါ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဤမဟာဗောဓိပရဟိတကျောင်းမြေ၀ယ်ယူတုန်းကလည်း အမေရိကန်ဒေါ်လာ (၁၀၀၀၀) တိတိ လှူဒါန်း ပါဝင်ထားသူများဖြစ်သောကြောင်းလည်း နတ်ရောလူပါ သာဓုခေါ်ဆိုကြမှာ ဧကန်မုချဖြစ်ပါသည်။

မေတ္တာဖြင့်-
ဆရာတော် ဒေါက်တာ နန္ဒောဘာသ

No comments: