ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Friday, August 9, 2013

ဗုဒ္ဓဂယာ၌ ဘုရားဖူးများအတွက် လုံးဝ ဘေးကင်း လုံခြုံလျက်ရှိ

မဟာဗောဓိစေတီတော်ကြီး အုပ်ချုပ်ရေးဂေါပကအဖွဲ့ (Bodhgaya Temple Management Committee (BTMC)) အတွင်းရေးမှူးဖြစ်သူ N Dorje က ဗုဒ္ဓဂယာစေတီတော်သို့ နိုင်ငံခြားဘုရားဖူးများ၊ တိုးရစ်များ ယခုအခါ စတင်လာရောက်စပြုနေပြီဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။ လွန်ခဲ့တဲ့လက ဗုံးပေါက်ကွဲမှုကြောင့် ကမ္ဘာတလွှား အကြောက်တရား တိုးပွါးသွားတာကို နည်းနိုင်သမျှနည်းအောင်နှင့် လုံခြုံရေးတတ်နိုင်သမျှချပေးထားကြောင်း ၄င်းက Hindustan Times သတင်းဌာနသို့ ဆက်လက်ပြောကြားခဲ့သည်။ ဗုဒ္ဓဂယာရှိ နိုင်ငံတကာမှ ဘုန်းကြီးကျောင်း အားလုံးသို့လည်း မိမိတို့နိုင်ငံအသီသီးရှိ တကာ၊ တကာမများအနေဖြင့် ကြောက်လန့်မှု ရှိစရာမလိုအပ်ကြောင်း၊ ဗုဒ္ဓဂယာမှာ ငြိမ်းချမ်းသာယာနေကြောင်း သတင်းကောင်း မျှဝေပေးဖို့ ၄င်းက မေတ္တာရပ်ခံထားသည်။
ဗုံးပေါက်ပြီးနောက် မကြာသေးမှီက ဗုဒ္ဓဂယာသို့ အလည်အပတ်ရောက်ရှိခဲ့သော ဂုဏ်သရေရှိလူကြီးမင်းတို့၏ အသေးစိပ် အချက်အလက်များကိုလည်း BMTC ၏ ၀က်ဆိုက်မှာ တင်ပေးထားကြောင်း၊ ဗုဒ္ဓဂယာဟာ ပုံမှန် အေးချမ်းသာယာနေပြီး ပုံမှန်အတိုင်း ဘုရားဖူးလာရောက်ကြဖို့ သူက တိုက်တွန်းသွားပါသည်။
N Dorje က ဆက်လက်ပြီး ရဟန်းသံဃာတော်များ၊ လားမားများ၊ ဗုဒ္ဓဘာသာဝင်သူတော်စင်များ အားလုံး လုံခြုံရေး စည်းကမ်းချက်များကို လိုက်နာဖို့၊ စေတီတော်အတွင်းသို့ ပန်း၊ ဆီမီး၊ နံ့သာတိုင်မှအပ တခြား မိုဘိုင်းဖုန်းများ၊ လက်ကိုင်အိတ်ကြီးများကိုလည်း လုံခြုံရေးလိုအပ်ချက်ကြောင်း မယူသွားဖို့လည်း တောင်းပန်ပြောကြားသွားသည်။

မှီငြမ်း
သြဂုတ်လ (၇) ရက်နေ့ထုတ် Hindustan Times သတင်းစာမှ

No comments: